11.02.2008

အဖွဲ့ချုပ်လူငယ်များ၏နှုတ်ထွက်မှုအပေါ်RFA၏ သတင်းဆောင်းပါးနှင့်Saffrontoward၏အမြင်




ဒီသတင်းဆောင်းပါးဟာRFAရဲ့သတင်းဆောင်းပါးဖြစ်ပါတယ်။လက်ရှိဒီမို

ကရေစီရေးလှုပ်ရှားနေသူများအတွက်အလွန်အရေးကြီးတဲ့သတင်း

ဆောင်းပါးလို့Saffrontowardကမြင်ပါတယ်။ဒီလိုတန်ဘိုးရှိတဲ့သတင်း

ဆောင်းပါးမျိုးကိုဖေါ်ပြတဲ့အတွက်RFAကိုအလွန်ပဲကျေးဇူးတင်ရသလို

Saffrontoward ရဲ့အမြင်ကိုလဲပါဝင်ဆွေးနွေးလိုပါတယ်။

ဒါပေမယ့်ဖေါင့်မတူတဲ့အတွက်RFAရဲ့သတင်းဆောင်းပါးကိုဓါတ်ပုံဖိုင်အနေ

နဲ့ပဲဖေါ်ပြနိုင်ပါတယ်။ရှင်းလင်းသဲကွဲစွာဖတ်နိုင်ဖို့ဓါတ်ပုံပေါ်ကလစ်လိုက်ပါ။

Saffrontoward Group ရဲ့အမြင်

ကျွန်တော်တို့အနေနဲ့ဒီအခြေအနေတွေအပေါ်ဒီမိုကရေစီကျင့်သုံးမှုအား

နည်းခြင်းလို့ပဲသုံးသပ်ပါတယ်။ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်မမေ့သင့်တဲ့

အချက်တခုကကျွန်တော်တို့ဟာဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက်ရှေ

ဆောင်လမ်းပြဖြစ်သင့်တယ်ဆိုတာပါပဲ။ဒီလိုဦးဆောင်နေသူတွေကိုယ်တိုင်

ကအမြင်မတူတိုင်းကွဲကြပြဲကြတဲ့လမ်းစဉ်ကိုပဲကျင့်သုံးနေကြမယ်ဆိုနောင်

အနာဂါတ်မှာဘယ်လိုဖြစ်လာမလဲဆိုတာအလေးအနက်စဉ်းစားသင့်ပါတယ်။

နောင်အနာဂါတ်မှာကျွန်တော်တို့ဟာကွဲပြားတဲ့တိုင်းရင်းသားလူမျိုးစုတွေ

အတူတကွပါဝင်တဲ့ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီးထူထောင်ကြ

တော့မယ်။ဒီလိုသာအမြင်မတူကွဲပြားတိုင်းနှုတ်ထွက်ခြင်း၊သီးခြားအဖွဲ့ထူ

ထာင်ခြင်းနဲ့ကိုယ်ယုံကြည်ရာကိုကိုယ့်လမ်းစဉ်နဲ့လျှောက်လှမ်းခြင်းစတဲ့

အမှုအကျင့်တွေကိုဆက်ပျိုးထောင်နေမယ်ဆိုယင်တော့၁၉၄၈အလွန်

ကတောက်လောင်ခဲ့တဲ့ပြည်တွင်းစစ်မီးမျိုးတွေဟာတန်းနေတာပါပဲ။

ဒီလိုအဖြစ်တွေကြောင့်ပဲစစ်တပ်ဟာအင်အားကြီးထွားလာရတယ်။ဒီမို

ကရေစီခေါင်းဆောင်တွေဟာစစ်ခေါင်းဆောင်တွေကိုအားကိုးလာရ

တယ်။အဲဒီနောက်ဘယ်လိုဆက်ဖြစ်လာရတယ်ဆိုတာပြောပြစရာ

မလိုတော့ပါဘူး။

ကျွန်တော့်အနေနဲ့အဲဒီလိုဖြစ်တိုင်းReader digest ထဲက The best Advise

I'd ever hardဆိုတဲ့ကော်လံလေးကိုပြေးသတိရမိပါတယ်။ဆရာ

ဖေမြင့်ကလဲမဖြစ်နိုင်ဘူးဆိုတာသေချာပြီလားဆိုတဲ့အမည်နဲ့ဘာသာ

ပြန်ဘူးပါတယ်။ကျွန်တော်တို့အနေနဲ့ဒီမိုကရေစီလမ်းကြောင်းဆီချီတက်

တဲ့နေရာမှာအမြင်မတူရင်နှုတ်ထွက်နောက်တဖွဲ့ထောင်၊ဒါမှမဟုတ်လက်

နက်နဲ့ဖြေရှင်းကြမယ်ဆိုရင်တော့…ဒီသံသရာကြီးဟာလည်လို့မဆုံး

တော့မယ့်အပြင်ခေတ်အဆက်ဆက်စစ်အာဏာရှင်တွေကိုဆက်မွေ

ထုတ်တော့မလိုဖြစ်တော့မယ်။

အဲဒီတော့NLDလူငယ်များနဲ့ဒီမိုကရေစီလှုပ်ရှားသူအားလုံးကိုမေးချင်ပါတယ်။

တကယ်ပဲမဖြစ်နိုင်ဘူးဆိုတာသေချာပါပြီလား။တကယ်ပဲဒီမိုကရေစီနည်းလမ်း

ကျကျပါတီတွင်းမှာဖြေရှင်းဖို့နည်းလမ်းမရှိတော့ဘူးလား။

ဒါလေးတောင်မှမလွယ်ဘူးဆိုယင်တော့မတူကြွဲပားတဲ့လူမျိုးစုတွေစုစည်းနေ

ထိုင်ကြမယ့်ပြည်ထောင်စုနိုင်ငံတော်ကြီးဟာရွှေပြည်တော်မျှော်တိုင်းဝေးရ

ပါတော့မယ်လို့တင်ပြလိုက်ရပါတယ်။

D-Wave(Saffrontoward Group)

No comments:

Post a Comment