1.29.2009

သတင်းပဒေသာ


၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဟု နအဖ စစ်ဗျူဟာမှူးပြော

E-mail Print
ယခုလ ဆန်းပိုင်း၌ ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ကြီးမှူး၍ဌာနပေါင်းစုံ ၀န်ထမ်းများအစည်းအဝေး ဆင့်ခေါ် ကျင်းပရာ “အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြား/ ရက်ပြောင်း နိုင်ဖွယ် ရှိကြောင်း" ထည့်သွင်း ပြောကြား သွားသည်ဟု ထိုအစည်းအဝေးတက်ရောက်သူ ၀န်ထမ်းတဦးကဆိုသည်။

ယခုလ ၂ ရက်နေ့ကသျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီးတင်မောင်ရွှေမှ ကွန်ဟိန်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေး၊ မြေတိုင်း၊ ရဲ၊ မီးသတ်၊ ကျန်းမာရေး၊ ပညာရေး၊ မိခင်ကလေးများ အသင်းမှ အစ မော်တော်ယာဉ်လိုင်း ပါမကျန် ၀န်ထမ်းများစုံညီ အစည်းဝေးဆင့်ခေါ်ကျင်းပခဲ့ကြောင်း၊ ထိုအစည်းအဝေး၌ - “၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ချင်မှဖြစ်တော့မယ်၊ အစီ အစဉ်ပြောင်းရွှေ့ရင်ပြောင်းမယ်” ဟု ထည့်သွင်းပြောဆိုသွားခဲ့သည် ဟုဆိုသည်။

အသက် ၄၀ ကျော် ၀န်ထမ်းတဦးက - “၂၀၁၀ ရွေးကောက်ပွဲဖြစ်ချင်မှဖြစ်မယ်ဆိုတာက အကြောင်းရပ် ၄ ခု ရှိတယ်လို့ ပြောတယ်။ (၁) ပြည်တွင်းပြည်ပ အဖျက်အမှောင့်/သောင်းကျန်းသူတွေ စီမံကိန်းနဲ့ ၀င်ရောက် နှောင့်ယှက်မယ်လို့ သတင်း ရထားလို့၊ (၂) ရခိုင် ဘက်က ဂက်စ်ကြောင့်ဖြစ်တဲ့ ဘင်္ဂလားဒေ့ခ်ျ နဲ့ နယ်ခြား ပြဿနာ၊ (၃တိကျတဲ့လူဝင်ထွက်/ သန်းခေါင် စာရင်း မှတ်ပုံတင်မပြီးပြတ် နိုင်သေးတာရယ် (၄) မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက် မပြီးပြတ်သေးတဲ့ပြဿနာကြောင့် ဆိုဘဲ”- ဟု ပြန်လည်ပြောပြ၏။

ယခုလ ၂၀ ရက်နေ့တွင်လည်း ဗျူဟာမှူးကြီး ဒုဗိုလ်ကြီးတင်မောင်ရွှေက ကွန်ဟိန်းမြို့ တာကော်အုပ်စု ဟန်နားရွာ နှင့် ဖန်လန်းရွာ မှ ပြည်သူ့စစ်ခေါင်းဆောင်များကိုဆင့်ခေါ်၍ သျှမ်းသူပုန်ချေမှုန်းရန်အတွက် နအဖ စစ်ကြောင်း နှင့်အတူ ရှေ့တန်းတက်ဖို့ ပြည်သူ့ စစ်များအားစစ်ရေး လေ့ကျင့်ခိုင်းပြီး အော်တိုသေနတ်လည်း ထုတ်ပေးမည် ဟုဆို၏။

ကာလိကျေးရွာအုပ်စုမှ အသက် ၂၀ ကျော် မော်တော်ဆိုင်ကယ်ရောင်းဝယ်သူတဦးက - “ကျနော်တို့ကတော့ ရွေးကောက်ပွဲ ဖြစ်ဖြစ် မဖြစ်ဖြစ် စိတ်မ၀င်စားဘူး။ အဲဗျူဟာမှူးလည်း သိပ်မခေပါဘူး - သူရောက်လာကတဲ့က အိမ်အလုပ်ကိုကောင်း ကောင်း မလုပ်ရဘူး၊ ပြည်သူ့စစ်ဆို တကဲ့စစ်သားအတိုင်း စစ်ရေး အဆက်မပြတ် လေ့ကျင့် ခိုင်းတယ်။ နောက်ပြီး ရွှေတိဂုံ ပုံတူ စေတီပြုပြင်မွမ်းမံဖို့ ကျနော်တို့အုပ်စုကို ၀ါးလုံးအလုံးရေ ၁၀၀၀ ဆင့်ခေါ်ထားသေးတယ်” - ဟုဆို၏။

ဒေါ်စုကို ဝေဖန်ချက်ဖြင့် ဂျာနယ်ပွဲဦးထွက်

နိုင်ငံရေးဂျာနယ်အဖြစ် ကြွေးကြော် ထုတ်ဝေလိုက်သော ယနေ့ထုတ် Northern Star ဥတ္တရအလင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ချက်ကို ဖော်ပြကာ ပွဲဦးထွက်လိုက်သည်။ အငြိမ်းစားဗိုလ်မှူး အယ်ဒီတာချုပ် ဦးသီဟအောင် ဦးစီး...
တပ်မတော် စွမ်းရည်ကျ ခြစားမှုပိုလာဟု တိုင်းမှူးပြောကြား Print E-mail
ဇာနည်
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 19:08 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့တပ်မတော်သည် စွမ်းရည်ကျဆင်းလာပြီး၊ စည်းကမ်းပျက်ကာ ခြစားမှုများ ပိုလာနေကြောင်း ထိပ်တန်း စစ်ခေါင်းဆောင်တဦးက ၀န်ခံ ပြောဆိုထားချက်ကို တပ်တွင်း ထိပ်တန်း လျှို့ဝှက်မှတ်တမ်း တခုအရ သိရသည်။

အရာရှိများ ဆက်ဆံရေး ညံ့ဖျင်းကာ အရက် အလွန်အကျွံသောက် မူးယစ်ရမ်းကားခြင်း၊ ရိက္ခာလောက်အောင် ထုတ်မပေးခြင်း၊ မတန်တဆ ခိုင်းစေခြင်းနှင့် ငွေအလွဲသုံးစားပြုလုပ်မှု များပြားလာနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက အကြီးတန်း စစ်အရာရှိများ၏ အစည်းအဝေး တခုတွင် ပြောကြားသွားခဲ့သည်။

စစ်ဦးစီး၊ ရေး၊ ထောက် အစည်းအဝေးတွင် တပ်ပြေးများအကြောင်းနှင့် တိုက်ပွဲများတွင် အကျအဆုံး များပြားလာနေကာ စစ်သားစုဆောင်းရေး အခက်အခဲများ ရှိလာနေကြောင်း တိုင်းမှူးက မကြာသေးခင်က ပြောကြားသွားသည်ကို မဇ္ဈိမက အတည်ပြုနိုင်ခဲ့သည်။

ချင်းဒေသခံများ အိန္ဒိယသို့ အစုလိုက် အပြုံလိုက် ထွက်ပြေး
မိုးမခအထောက်တော် အမှတ် ဝဝ၆
ဇန်န၀ါရီ ၂၉၊ ၂၀၀၉

သိန်းနှင့်ချီသော ချင်းပြည်နယ်မှဒေသခံများသည် အိန္ဒိယသို့ ထွက်ပြေး ခိုလှုံနေရကြောင်း နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်သော Human Rights Watch (HRW)၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း အေအက်ဖ်ပီသတင်းဌာနက ဆိုသည်။ စားနပ်ရိက္ခာရှားပါးမှု၊ လုပ်အားပေး၊ အနိုင်ကျင့်နှိပ်စက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

အဆိုပါ အစီရင်ခံစာကို ပြီးခဲ့သည့် ၃ နှစ်အတွင်း လူပေါင်း ၁၄ဝ နှင့် တွေ့ဆုံမေးမြန်းမှုမှ ရရှိသည့်အချက်အလက်များဖြင့် ပြုစုထားခြင်းဖြစ်သည်ဟု ဆိုသည်။ ချင်းပြည်တွင် ဖြစ်ပေါ်နေသော အဆိုပါ မတရားမှုများမှာ မြန်မာ့တပ်မတော် နှင့် ချင်းသူပုန်အဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

အဆိုပါ မတရားပြုမှုများကို ရပ်ဆိုင်းရန် HRW အဖွဲ့ကြီးက တိုက်တွန်းထားသည်။ အိန္ဒိယနိုင်ငံကိုလည်း အဆိုပါ ထွက်ပြေးလာသူများကို အကာအကွယ်ပေးရန်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အား ထွက်ပြေးလာသူများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်ပြုရန် မေတ္တာရပ်ခံထားသည်။

Zarganar turns 48 in Myitkyinar Prison
မဵက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
From Zarganar Album
ဇာဂနာ ၄၈ နှစ် မြစ်ကြီးနားထောင်ထဲမှာ ပြည့်ခဲ့ပြီ

မိုးမခ အထောက်တော် ၀၀၃

ဇန်န၀ါရီ ၂၈၊ ၂၀၀၉

ယမန်နေ့ ၂၇ ရက်နေ့က ပြည်သူ့အချစ်တော် လူရွှင်တော် (ကို) ဇာဂနာ ၄၈ နှစ်ပြည့်ပါတယ်။ အဲဒီအချိန်မှာ မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၅၉ နှစ် ကျခံနေရပါတယ်။ သူရဲ့ အမှတ်တရ အဖြစ် ဓာတ်ပုံမှတ်တမ်းလေးတခုကို တင်ဆက်လိုက်ပါတယ်။

the victim get 5 weeks imprisonment
မဵက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
အကြမ်းဖက်ခံရသူ ထောင်ကျ
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၉၊ ၂၀၀၉လူ ၄ ဦး၏ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လက်ကျိုးသွားသော ဒေါ်ခင်သိန်း။
ပြီးခဲ့သည့် သောကြာနေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တရားရုံးက ဒေါ်ခင်သိန်းကို ထောင်ဒဏ် ၁ လ နှင့် ၇ ရက် ချမှတ်လိုက်သည်။ ၎င်းအား ၀ိုင်းဝန်း ရိုက်နှက်သူ ၄ ဦးအနက် ၃ ဦးကို အမှုမှ အပြီးအပြတ် လွတ်ပေးလိုက်သည်။ ရိုက်နှက်ရာတွင် ပါဝင်သူ မဘုတ်ဆုံ ဆိုသူကို ထောင်ဒဏ် ၁ လ ချမှတ်ခဲ့သည်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် နေထိုင်သော လယ်သူမကြီး ဒေါ်ခင်သိန်း၏ သမီး မစန်းစန်းသွင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ အဖွဲ့ဝင် တဦး ဖြစ်သည်။ ထို့ကြောင့် ဒေါ်ခင်သိန်းသည် လက်ကျိုးသည်အထိ ရိုက်နှက်ခံရသူ ဖြစ်သော်လည်း ထောင်ကျခဲ့ခြင်းဖြစ်ကြောင်း ယူဆနေကြသည်။ ရိုက်နှက်မှုကြောင့် မျက်မှန်နှင့် နားကပ်လည်း ပျက်စီးသွားသည်ဟု ဆိုသည်။

ဒေါ်စုနှင့် ဆွေးနွေးခွင့်ပေးရန် အန်အယ်ဒီက တောင်းဆို

ကုလကိုယ်စားလှယ်နှင့် မတွေ့ဆုံခင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့တို့ ဦးစွာတွေ့ဆုံခွင့်ပြုရန် စစ်အစိုးရထံသို့..
ရိုဟင်ဂျာများ ကုလနှင့် တွေ့ရမည်

ရိုဟင်ဂျာများ ကုလနှင့် တွေ့ရမည်

ထိုင်းနိုင်ငံသို့ နောက်ဆုံး ရောက်လာသည့် လှေစီး ရိုဟင်ဂျာများကို ကုလသမဂ္ဂ အရာရှိများနှင့် တွေ့ဆုံခွင့် ပြုမည်ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက် များနှင့် ယနေ့

ရှမ်းခေါင်းဆောင် ဦးရွှေအုံး ပါတီဖွဲ့မည်

“ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်” အမည်ဖြင့် နိုင်ငံရေး ပါတီတခု ဖွဲ့စည်း ထူထောင်ရန် အဆင်သင့် ဖြစ်နေပြီဟု ဝါရင့် တိုင်းရင်းသား နိုင်ငံရေး သမားကြီး ဦးရွှေအုံးက ယနေ့ ပြောကြား

ဝနှင့် စစ်အစိုးရ တင်းမာမှု တိုးလာနေ

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မြန်မာ စစ်အစိုးရ စစ်တပ်များ အကြား မပြေမလည် တင်းမာမှုများ တိုးလာနေကြောင်း သိရသည်။

ချင်းဒေသ လူ့အခွင့်အရေး ချိုးဖောက်ခံရဆဲ

ချင်းလူမျိုးများ အပေါ် လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုများကို ရပ်တန်းကရပ်ရန် တောင်းဆိုထားသည့် အစီရင်ခံစာ တစောင်ကို အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက်

အေရှားဝေါလ်ဆိပ်ကမ်းတွင်
ဘိန်းဖြူ (၃၈) ကီလို ဖမ်းမိ

NEJ/ ၂၉ ဇန်န၀ါရီ ၂၀၀၉
ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်ပိုင် အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာပြီးဖြစ်သည့် နိုင်ငံခြား ကုန်သေတ္တာတင် သင်္ဘောတစ်စီးပေါ်၌ ဘိန်းဖြူ (၃၈) ကီလို ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း မူးယစ်အထူးတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။ ၎င်းက “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းတာ၊ သင်္ဘောက..အပြည့်အစုံသို့
တနေ့တည်း ဂျာနယ်အသစ်
(၄) စောင်ထွက်
NEJ/ ၂၉ ဇန်န၀ါရီ ၂၀၀၉
ဇန်နဝါရီ (၂၉) တနေ့တည်း ဂျာနယ်အသစ် (၄) စောင်ထွက် ပေါ်လာပြီး အချို့ဂျာနယ်များ ထူးခြားမှုရှိကြောင်း ဂျာနယ် လောကသားများက ပြောပြကြသည်။ အဆိုပါ ဂျာနယ်များ မှာ Northern Star, Popular News, ....အပြည့်အစုံသ

- ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဟု နအဖ စစ်ဗျူဟာမှူးပြော click
- ရှမ်းခေါင်းဆောင် ဦးရွှေအုံး ပါတီဖွဲ့မည် click
- တပ်မတော် စွမ်းရည်ကျ၊ ခြစားမှုပိုလာဟု တိုင်းမှူးပြောကြား click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခွင့်ပေးရန် အန်အယ်ဒီက တောင်းဆို click
- ချင်းဒေသခံများ အိန္ဒိယသို့ အစုလိုက်အပြုံလိုက် ထွက်ပြေး click
- နှစ်(၆၀)ပြည့် ကရင့်အမျိုးသားတော်လှန်ရေးအထိမ်အမှတ် သ၀ဏ်လွှာများ click
- အေရှားဝေါလ်ဆိပ်ကမ်းတွင် ဘိန်းဖြူ ၃၈ ကီလို ဖမ်းမိ click
- တနေ့တည်း ဂျာနယ်အသစ် (၄) စောင်ထွက် click
- ဖွံ့ဖြိုးရေးလုပ်ငန်းပြပြီး နအဖက ရခိုင်ပြည်နယ်စည်ရုံး click
- ရိုဟင်ဂျာများ ကုလနှင့် တွေ့ရမည် click
- ၀နှင့် စစ်အစိုးရ တင်းမာမှု တိုးလာနေ click
- ချင်းဒေသ လူ့အခွင့်အရေး ချိုးဖောက်ခံရဆဲ click
- ကျပ်ငွေတန်ဖိုးတက်တာ ကောင်းလား၊ ဆိုးလား (သူ့အတွေး သူ့အမြင်) click
- မေနှင်းဆီ မြန်မာအက တပုဒ် ၅၀၀ (ဆောင်းပါး) click
- HIV/AIDS ဝေဒနာသည်များကို ရန်ကုန်မြို့မှ နှင်ထုတ် click
- အမေရိကန်စီးပွားရေး ဦးမော့ရေးအစီအစဉ် အောက်လွှတ်တော် အတည်ပြု click
- ကမ္ဘာ့စီးပွားရေးတိုးတက်မှု ယခုနှစ်လုံးဝနီးပါးရပ်ဆိုင်းနိုင် click
- စားနပ်ရိက္ခာပြတ်လပ်မှု မြန်မာပြည်ကြုံမည် click
- ဂမ်ဘာရီဖြေရှင်းရန် ရွေးကောက်ပွဲထက် ပိုအရေးအကြီးသည်များရှိဟု အဖွဲ့ချုပ်ပြော click
- မယ်လစခန်းရှိ ဒုက္ခသည်ပိုင်ပစ္စည်းများကို ထိုင်းစစ်တပ် သိမ်းယူ click
- ရန်ကုန်မှာ ထူးထူးခြားခြား မြူနှင်းများကျ၊ လှေ၊ ယာဉ်အသွားအလာရပ် click
- ရိုဟင်ဂျာအရေး ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံးနှင့် ဆက်သွယ်မေးမြန်းချက် click
- လှေစီးဒုက္ခသည်များအရေး မပြေလည်သေး click
- ဘိုကလေးမြို့မဈေး အမိုးအကာနဲ့ လုံလုံခြုံခြုံ ပြန်ဆောက်ပေးစေလို click
- ချင်းအမျိုးသားတပ်ဦးကို လူ့အခွင့်အရေးအဖွဲ့က ပြင်းပြင်းထန်ထန် ဝေဖန် click
- ငါ့ဆံပင်တွေ ပြန်ရှည်လာခဲ့ပြီ မာရီလင် (ကဗျာ) click
- ဇာဂနာ - ပါစင်နယ်အင်တာဗျူး click
- ဇာဂနာ ၄၈ နှစ် မြစ်ကြီးနားထောင်ထဲမှာ ပြည့်ခဲ့ပြီ၊ အကြမ်းဖက်ခံရသူ ထောင်ကျ click

No comments:

Post a Comment