1.06.2009

စည်ပင်သာယာ ဈေးခွန်များ အဆပေါင်းများစွာ ကောက်ခံရန် အမိန့်ထုတ် ပြည်သူများ အခက်ကြုံ

၂၀၀၉ ဇန္န၀ါရီ ၅


ရှမ်းပြည်နယ် တာချီလိတ်မြို့ တွင် မြို့ နယ်စည်ပင်သာယာရေး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးကျော်သူ က

လက်မှတ်ရေးထိုး၍ ဈေးဆိုင်ခန်းများ အခွန်တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်လိုက် သဖြင့်

ဈေးသူ ဈေးသားများ အခက်ကြုံ နေရကြောင်း သိရှိရသည်။

၂၀၀၈ ခုဒီဇင်ဘာ(၃၀)စာအမှတ် ၃၅၇၁/၂ /၁၀၁ ဖြင့် ဗိုလ်မှူးကျော်သူ လက်မှတ်ရေးထိုး၍ ၂၀၀၉ ဇန္န၀ါရီလ

၁ ရက်နေ့မှစ၍ တာချီလိတ်မြို့  ပေါ်ရှိ ဈေးများအားလုံးကို တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။

(၁)ဒီပါကျော်ဈေး (ဆိုင်ခန်းများ)တစ်ခန်းလျှင် တစ်လ=၈၀၀၀၀ ကျပ် နှုန်း

(၂)ဇဗ္ဗူကျော်ဈေး (ဆိုင်ခန်းများ)တစ်ခန်းလျှင် တစ်လ=၈၀၀၀၀ ကျပ် နှုန်း

(၃)အင်ကြင်းဈေး (ဆိုင်ခန်းများ)တစ်ခန်းလျှင် တစ်လ=၈၀၀၀၀ ကျပ် နှုန်း

(၄)သဇင်ဈေး (ဆိုင်ခန်းများ)တစ်ခန်းလျှင် တစ်လ=၅၀၀၀၀ ကျပ် နှုန်း

(၅)ဗေဒါဈေး (ဆိုင်ခန်းများ)တစ်ခန်းလျှင် တစ်လ=၃၀၀၀၀ ကျပ် နှုန်း ထားများဖြင့် ကောက်ခံ သွားမည် ဖြစ်သည်။

တာချီလိတ်မြို့  ဒီပါကျော်ဈေး မှ ဆိုင်ခန်းပိုင်ရှင် တဦးက “၂၀၀၈ ခုဒီဇင်ဘာ(၃၀)စာအမှတ် ၃၅၇၁/၂ /၁၀၁ဖြင့် ဗိုလ်မှူးကျော်သူ လက်မှတ်ရေးထိုးပြီး စာထုတ်လိုက်တာပါ။ ၂၀၀၉ ဇန္န၀ါရီလ(၁)ရက်နေ့က စပြီး သတ်မှတ်မယ်လို့ ရေးထားပါတယ်။ အယင်နှစ်တွေတုန်းက ကျနော်တို့ဆီမှာ ဈေးဆိုင်ခန်း တစ်ခန်းကို တစ်လကျပ်ငွေ ၃၀၀၀ ထောင်ပဲ ပေးရပါတယ်။ ခုလို အဆမတန်ကောက်ခံမယ်ဆိုတော့၊ ကိုယ်ပိုင်ဆိုင်ခန်း မရှိတဲ့သူတွေ ငှားပြီး မရောင်းနိုင်တော့သလို၊ ဆိုင်ခန်းပိုင်ရှင်တွေလည်း ဆိုင်းတွေကို ပိတ်ကုန်ပါတယ်၊ သိန်း ရာထောင်ချီ ချမ်းသာတဲ့ ဆိုင်ပိုင်ရှင်ကြီးတွေ လောက်ပဲ ဖွင့်တော့တယ်၊ လူတွေတော်တော် မကျေမနပ်ဖြစ်နေကြပါတယ်။ လကုန်ရင် တကယ်ကောက်ခံမလား စောင့်ကြည့်နေ ကြပါတယ်၊ ခုဆိုင်တွေကို ပိတ်ထား ကြပါတယ်” ဟုပြောသည်။

တာချီလိတ်မြို့ တွင် ဈေးဆိုင်ခန်း တစ်ခန်း၏ ငှါးရမ်းခမှာ ဘတ်ငါးရာမှ ဘတ် တစ်ထောင့်ငါးရာ အတွင်း ရှိသည်။နယ်စပ်မြို့  ဖြစ်သဖြင့် အရာင်းအ၀ယ်ကို အဓိကထားသော နေရာဖြစ်သဖြင့် အသစ်ရောက်ရှိ လာသော စည်ပင်အရာရှိက တက်နေသော ခေတ်ပေါ် ကုန်ဈေးနှုန်းနှင့်အညီ ယခုကဲ့သို့ ဈေးဆိုင်ခန်း အခွန် အကောက် များကို တိုးမြှင့် သတ်မှတ်ခြင်းဖြစ်ကြောင်းပြောဆိုသဖြင့် မြို့ သူမြို့ သားများမှာ စိတ်သောက ရောက်နေ ကြကြောင်း ဆိုင်ခန်း ပိုင်ရှင်များက ပြောသည်

ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment