1.06.2009

ဗိုလ်ချုပ်ဈေးက သိန်းတစ်ထောင် ဘယ်ချောင်မှာ ရောက်နေသလဲ

၂၀၀၅ ခုနှစ်ဆန်းပိုင်းလောက်က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး (စကော့ဈေး) ဈေးသာယာရေးအဖွဲ့က ကျိုက်ထီးရိုးဘုရားမှာ ဇရပ်တဆောင် ဆောက်လုပ်လှူဒါန်းဖို့ ကောက်ခံခဲ့တဲ့ အလှူငွေ (ကျပ်ငွေ) သိန်းတစ် ထောင်ကျော်ဟာ ယခုအခါ ဘယ်သူ့လက်ဝယ်မှာ ရောက်ရှိထိန်းသိမ်းထားမှန်း မသိရကြောင်း အများပြည်သူ သိရှိနိုင်စေရန် သတင်းပေးပို့လိုက်ရပါတယ်။

အဆိုပါအဖြစ်အပျက် ဖြစ်ပွားခဲ့ပုံမှာ ဝေစုမတဲ့ကြတဲ့ ဈေးသာယာရေးလူကြီးများအဖွဲ့ကြောင့် ပြဿနာ ပေါင်းစုံတက်ပြီး ဈေးသာယာရေးအဖွဲ့ ဖျက်သိမ်းခံရကာ သာယာရေးအဖွဲ့ပိုင်ဆိုင်တဲ့ ငွေတွေကိုပါ ထိန်းသိမ်း ခြင်းခံခဲ့ရပါတယ်။ ဦးစံငြိမ်းခေါင်းဆောင်တဲ့ ဈေးသာယာရေးအဖွဲ့က အဖွဲ့ဝန်ထမ်း တင်တင်ရီ အပါအ၀င် (၅) ဦးတို့ဟာ ဈေးသာယာရေးအဖွဲ့ပိုင် လျှပ်စစ်မီးဖိုး ကောက်ခံရာမှာ ရိုးသားမှုမရှိဘူး၊ ငွေစာရင်းများကွာဟမှုရှိ တယ်လို့ဆိုကာ တင်တင်ရီအပါ (၅) ဦး တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။ အဲဒီအတွက် တင်တင်ရီအပါ (၅) ဦးဟာ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ ရမာန်ကြီး ၂ ပတ် ဖမ်းထီးချုပ်နှောင်ခံခဲ့ရပြီး စွဲဆိုထားတဲ့အမှုကို တရား ရုံးမှာ ၁ နှစ်ကျော် ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ တရားရုံးမှ စစ်ဆေးစရာများကို စစ်ဆေးပြီးစီးတဲ့အခါ တင်တင်ရီ အပါ (၅) ဦးကို ပြစ်မှုကျူးလွန်ကြောင်း မတွေ့ရဟုဆိုပြီး အမှုမှ တရားသေလွှတ်ခဲ့ပါတယ်။

သို့ပါသော်လည်း ဈေးသာယာရေးအဖွဲ့ကို ဈေးများဋ္ဌာနက လာရောက်ဖျက်သိမ်းလိုက်ပြီမို့ ကောက်ခံရရှိထား တဲ့ အလှူငွေ ကျပ် သိန်း (၁,၀၀၀) ကျော်နဲ့ ကျန်ငွေတွေ သိမ်းဆည်းထားသူကို သက်ဆိုင်ရာ တာဝန်ရှိသူများ မှ စုံစမ်းဖော်ထုတ်ပြီး အရေးယူဆောင်ရွက်ပေးဖို့နဲ့ အများပြည်သူသိရှိနိုင်စေဖို့ သတင်းပေးပို့အပ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဈေးသူ/ဈေးသားများ

No comments:

Post a Comment