2.09.2009

သတင်းပဒေသာ

မဵက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
 (Photo: Weltenwanderer)
အိန္ဒိယမှ ရွှေတိဂုံ
ဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၈၊ ၂၀၀၉
အျပည့္အစုံသိုႛ ...



နှစ်သစ်ကူး နှုတ်ခွန်းဆက်

စီးပွားပျက်ကပ်ထဲမှာ မိုးမခကို ထားရစ်ခဲ့

မောင်ရစ်

ဖေဖော်ဝါရီ ၈၊ ၂၀၀၉

ဇန်န၀ါရီ စကားကို ပရိသတ်ကြီးဆီ ဦးတည်ပြီး ရေးလိုက်ပါတယ်။ နှစ်သစ်ကူးမှာ ဆုမွန်ကောင်း မတောင်းပေးရသေးဘူး။ ပြည်တွင်းရေးတွေ ပြည်ပရေးရာတွေ ဘာအရေး ညာအရေးတွေ မစားရ ၀ခမှန်း ရှေ့ကနေ ကုန်းအော်နေတော့ ကိုယ့်ဝိုင်းတော်သားအရေးတွေ၊ ကိုယ့်မီးဖိုချောင်အရေးတွေ လှည့်မကြည့်မိဘူး။

အျပည့္အစုံသိုႛ ...

အကျင့်လေး တခု

မိုးချိုသင်း

ဖေဖော်ဝါရီ ၈၊ ၂၀၀၉

လူတွေများ စကားပြောရင် ပုံစံအမျိုးမျိုး။

တချို့က ဖြေးဖြေးမှန်မှန် အသေအချာ စဉ်းစားပြီးတော့ ပြောတတ်တယ်။ တချို့ကတော့ အားတက်သရော မြန်မြန်ဆန်ဆန်။ တချို့ကတော့ တလျှောက်လုံး ငြိမ်နေပြီးမှ ပြောလိုက်တဲ့တလုံးကျတော့လဲ ပိဿာလေးနဲ့ နံဘေးပစ်သလို ပြောပြန်ရော။

အဲဒီလိုပြောတဲ့အခါမှာလဲ ကိုယ်စွဲနေတဲ့စကားလုံးကို စကားပြောနေရင်း ထပ်ခါထပ်ခါ သုံးတတ်တာ သတိထားမိတယ်။ အခုတလော ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲမှာရော၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေထဲမှာရော အဲဒါမျိုးလေးတွေကို ကိုယ် သတိထားမိနေတယ်။ အဲဒါကလဲ အထူးတလည် လုပ်ယူတာမဟုတ်ဘဲ ကိုယ့်ဖာသာကိုယ် သတိမထားလိုက်မိခင် ဖြစ်သွားတတ်တာမျိုး။

အျပည့္အစုံသိုႛ ...

- သြစတေးလျတောမီးကြောင့် လူ ၁၀၀ နီးပါး သေဆုံး click
- သြစတြေးလျတောမီးကြောင့် လူများစွာသေ click
- ရွှေတိဂုံထက် ၁ ပေသာနိမ့်တဲ့ ပုံစံတူ ကမ္ဘာ့ဝိပဿနာစေတီတော်ကြီး ထီးတော်တင်ပွဲ click
- အိန္ဒိယမှ ရွှေတိဂုံ (ဓာတ်ပုံသတင်း) click
- မွေးလူနာတိုင်းကို ခွဲစိတ်နေသည့် မြင်းခြံမှ အထူးကုကြောင့် အခက်တွေ့နေကြ click
- အာဏာပိုင်တွေ အဓမ္မခိုင်းစေမှုအတွင်း လူတဦး မြေပိသေဆုံး click
- ထောင်တွင်း ၀ိနည်းထိန်းသိမ်းသည့် သံဃာတော်ကို ရိုက်နှက်ကန်ကျောက် click
- လက်ကျန်ကျောင်းသားခေါင်းဆောင်များအား နယ်ထောင်များသို့ ပြောင်းရွှေ့ click
- ညောင်ဦးထောင်၌ နိုင်ငံရေးအကျဉ်းသားအား အခွင့်အရေးချိုးဖောက် နှိပ်စက်နေ click
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယဒု-သမ္မတနဲ့ တနာရီကျော် တွေ့ဆုံ click
- အိန္ဒိယဒု-သမ္မတ နအဖခေါင်းဆောင်နှင့် တွေ့ဆုံ click
- ညွန့်ပေါင်းအစိုးရကို ဘာကြောင့်အခုမှ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဖွဲ့စည်းဖို့လုပ်ရသလဲ click
- အမျိုးသမီးဇာတ်ဆောင်ဆုတွေမပါတဲ့ မြန်မာအကယ်ဒမီပေးပွဲ click
- အီရန်နဲ့ ပြောဆိုဖို့ အမေရိကန် ကမ်းလှမ်း click
- ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီ မြန်မာဒုက္ခသည်တွေဆီ ထပ်မံသွားရောက် တွေ့ဆုံ click
- ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း (အသံလွှင့်ဆောင်းပါး) click
- မျိုးချစ်စစ်သည်မှသည် NLD ခေါင်းဆောင်ဘဝသိုႛ ... အပိုင်း (၁) (အသံလွှင့်ဆောင်းပါး) click
- ဗြိတိသျှဘဏ်တွေကို စစ်ဆေးတော့မယ် click
- ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၄)- ‘၁၉၃၆ ဒုတိယ တက္ကသိုလ်သပိတ်’ (အသံလွှင့်ဆောင်းပါး) click
- နှစ်သစ်ကူး နှုတ်ခွန်းဆက် - စီးပွားပျက်ကပ်ထဲမှာ မိုးမခကို ထားရစ်ခဲ့ (ဆောင်းပါး) click
- အကျင့်လေး တခု (အက်ဆေး) click
- တိုကျိုတွင် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး ဆန္ဒပြ click
- စပိန်နိုင်ငံ၌ မြန်မာ့အရေးအစည်းအဝေးများ ဆက်တိုက်ကျင်းပ click
- ဈေးကောက်တိုး၍ မန္တလေးဈေးသည်များ အခက်တွေ့ click
- မေယုတောင်တန်းတွင် လာရောက်ကျက်စားသည့် တောဆင်ရိုင်းအရေအတွက် အထူးတိုးပွားနေ click
စင်ပြိုင်အစိုးရ ဖြေရှင်းချက်
၂ ဖေဖော်ဝါရီ ၂၀၀၉


အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့တော်အနီး၊ မာလာဟိုက်တွင် ကျင်းပပြီးစီးခဲ့ သည့် စတုတ္ထအကြိမ်မြောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(MPU) ညီလာခံတွင် အကြိတ်အနယ် ဆွေးနွေးငြင်းခုံမှုများ ရှိခဲ့သည် မှန်သော်လည်း ကိုယ်စားလှယ်များအားလုံးက လူကြီးလူကောင်းဆန်စွာ ပြုမူဆက်ဆံ ပြောဆိုခဲ့ကြပါသည်။ စစ်အစိုးရ၏ ကုလသမဂ္ဂနေရာစိန်ခေါ်ရေး Credential Challenge ကိစ္စ လုပ်သင့်-မသင့်ကို မဲခွဲဆုံးဖြတ်ပြီးမှသာလျှင် အစီအစဉ်အရ ၀န်ကြီးချုပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ Credential Challenge ကိစ္စအတွက် မဲခွဲစဉ်သည့်အချိန်တွင် မည်သူသည် ၀န်ကြီးချုပ်ဖြစ်လာမည်ကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

ထို့နောက် လျှို့ဝှက်မဲဖြင့်အရွေးခံရသည့် ၀န်ကြီးချုပ်မှ ၀န်ကြီးအဖွဲ့စာရင်းကို လျာထားခဲ့ခြင်းသာ ဖြစ်ခြင်းကြောင့် Credential Challenge ကိစ္စအတွက် ၀န်ကြီး နေရာပေး၍ မဲဝယ်မဲဆွယ်မှု ဖြစ်စရာအကြောင်း လုံးဝမရှိပါ။ ၀န်ကြီးချုပ်မှ တင်သွင်းသည့် ၀န်ကြီးများအားလည်း လျှို့ဝှက်မဲဖြင့်သာ လုံးလုံးလျားလျား အများစုဆန္ဒမဲ Absolute majority ဖြင့် ညီလာခံမှ အတည်ပြုသည်ဖြစ်ခြင်းကြောင့် ဒီမိုကရေစီ ကျင့်စဉ်အတိုင်း အပြည့်အ၀ ရွက်ဆောင်ခြင်းဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီးသည့် ၀န်ကြီးအဖွဲ့သည် အလှည့်ကျသဘာပတိ ဒေါ်စန်းစန်း၏ ရှေ့မှောက်တွင်ပင် ကတိသစ္စာ ဆိုခဲ့ကြသည်လည်း ဖြစ်ပါသည်။

ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဒေါက်တာစိန်ဝင်းသည် (၂၂) မဲရရှိပြီး၊ Credential Challenge ကိစ္စ လုပ်လိုသည့်ဘက်မှ ၀န်ကြီးချုပ်လောင်း ဦးသိန်းဦးသည် (၁၀) မဲရရှိခဲ့ရာ၊ ကွာခြားသည်မှာ (၁၂) မဲဖြစ်၍ ၀န်ကြီးနေရာပေးပြီး မဲဝယ်သည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝ အခြေအမြစ်ကင်းမဲ့ပါသည်။

ဒေါက်တာတင့်ဆွေ
ပြန်ကြားရေးဝန်ကြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ


No comments:

Post a Comment