2.05.2009

လုပ်အားခ မရသဖြင့် ဘဲကျောင်းသား တစ်ဦးထွက်ပြေး လွတ်မြောက်လာ

Ko Ngay.JPG
2539K View Download

ဖေဖေါ်ဝါရီ ၎

အယုဒယမြို့ နှင့် အန်ထော်မြို့ အကြားတွင် ဥစားဘဲမွေးမြူရေးလုပ်ငန်းခွင်မှ မြန်မာအလုပ်သမား ကိုငယ် ယမန်နေ့က ထွက်ပြေးလာခဲ့သည်၊

သူနှင့်အတူဘဲကျောင်းနေသော ပအို့ဝ် လူငယ်၂ ဦး ကျန်နေခဲ့ သေးကြောင်း ပြောသည်။ ကိုငယ်က“ကျနော်တို့ ဘဲမွေးတာ ခြံနဲ့မဟုတ်ဘူး စပါးရိုက်ပြီးတဲ့ ရိုးပြတ်တောတွေမှာ လိုက်ပြီး နေရာရွေ့ ပြောင်း ကျောင်းရပါတယ်။ တစ်နေရာမှာ တစ်ပတ်၊ ဆယ်ရက် ဘဲတွေ စားစရာအစာ တွေရှိရင် ကျောင်းနေရတယ်။ စားစရာ ကုန်သွားရင် အခြားကွင်းဘက်ကိုပြောင်းရတယ်။ဘဲဥကောက်ဖို့ နေ့တိုင်းစောစော ၅ နာရီဆိုရင် အိပ်ယာက ထရပါတယ်။ ဘဲဥ ကောက်ရပါတယ်။ ဘဲကောင်ရေ ၂၅၀၀ ကျော်ပါတယ်။နေ့စဉ် ဘဲဥ ၈၀၀ ကျော်ထွက်ပါတယ်။

သူဌေးက တစ်ခါတစ်လေ ဘဲဥဆယ်ဥလောက် လျှော့နေရင်လည်းဆဲတယ်။ ပိုဥလာရင်လည်း ဘယ်က ပိုလာလဲလို့ ဆဲပါတယ်” ကျန်နေခဲ့သော မြန်မာအလုပ်သမား နှစ်ဦးတို့မှာ မောင်ငယ် အသက်၂၇ နှစ် မွန်ပြည်နယ် သထုံမြို့ နှင့် အောင်ဘန်းအသက် ၂၈ နှစ် ရှမ်းပြည်နယ် ကလော မှဖြစ်သည်။ သူတို့နှစ်ဦးမှာ ဘဲကျောင်း လုပ်ငန်းကို ၅လအကြာ လုပ်ကိုင်နေကြသော်လည်း လုပ်အားခ တစ်ပြားမှ မရရှိသေးချေ။ အလုပ်သမားများအား နံနက်စာ လုံးဝ ကျွေးမွေးခြင်း မရှိပဲ နေ့လည် ၁၁ နာရီမှသာ ကြွပ်ကြွပ်အိပ်နှင့် လာပို့သော ထမင်းထုတ်ကို မ၀ရေစာ စားကြရသည်၊ သောက်ရေကို မြောင်းထဲမှ ခပ်ယူ လာသောရေ ဖြစ်ပြီး နေ့စဉ် ဘဲဥကျော်နှင့် လယ်ထဲမှ ကောက်ယူသွားသော ငါးငယ်များဖြင့်သာကျွေးသည်။

ကိုငယ်က“ကျနော်တစ်လကျော်လုပ်ခဲ့တယ်၊ထမင်းလေးတစ်ထုတ်ကိုညမနက်စားရတယ်။ ဖုန်းလည်း မကိုင်ရဘူး။ တစ်နေရာ ရောက်ရင် တဲလေးထိုး ဖြစ်သလိုအိပ်။ ယာစိမ်းထုတ်(ပွတ်ချွမ်းဆေး) မှာရင်လည်း ဆဲတယ်။ အချို့ လယ်သမားတွေ ခွင့်မပြုတဲ့ လယ်တွေကို ဘဲတွေရောက်သွားရင် ကျနော်တို့ကိုပဲဆဲတာ ဗမာ ဘာညာ ရစရာကိုမရှိအောင်ဆဲတာ၊အဲဒီ သူဌေးအကြောင်း သိတဲ့ လူတွေက မင်းတို့ဗမာတွေကိုဒီလိုမတရားခိုင်း လို့ချမ်းသာသွားတာလို့ပြောတယ်။တစ်နှစ် နှစ်နှစ်လုပ်ပြီးလို့ရှိရင် ငွေရှင်းပေးမလိုနဲ့ ပုလိပ်ကို အဖမ်းခိုင်း လိုက်တယ်လို့ ပြောကြပါတယ်။ ကျနော့်သူငယ်ချင်း ပအို့ဝ်လူငယ်နှစ်ယောက် ဖုန်းလည်းမရှိ လမ်းစရိတ်လည်း မရှိ ဘယ်လိုမှ လွတ်မြောက်တော့မှာမဟုတ်တော့ဘူး ကျနော်တို့ ဘဲကျောင်းရတာက လယ်တောထဲမှာ မြို့ ရွာတွေနဲ့ အဝေကြီးပါ။ ရေလည်းမြောင်းထဲကရေကိုချိုးရတယ်။သောက်ရေသန့်ဆိုတာ မမြင်ဖူးခဲ့ဘူး”ဟု ပြော သည်။

ထွက်ပြေးလွတ်မြောက်လာသော အသက်၂၄ နှစ်အရွယ် ကိုငယ်မှာ ကရင်ပြည်နယ် ဇွဲကပင်တောင် အနီး ခနောင့်တို ရွာမှဖြစ်သည်။ ဘန်ကောက်တွင်အလုပ်လုပ်နေသော မိခင်ဖြစ်သူက လူပွဲစားတစ်ဦး ကို အခ ကြေးငွေ ၁၇၀၀ ဘတ်ပေး၍ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထွက်ပြေးလာသူထံတွင် ဘဲမွေးမြူရေးပိုင်ရှင် သူဌေး၏ လက်ကိုင်ဖုန်း နံပါတ် ပါလာသဖြင့် သက်ဆိုင်သူများ ကယ်တင်လိုပါက လမ်းညွှန်ပြောပြမည်ဖြစ်ကြောင်းပြော သည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment