3.07.2009

သတင်းပဒေသာ





NEJ / မတ်လ(၆) ရက်၊ ၂၀၀၉

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများကို မတ်လ (၇) ရက်နှင့် (၈) ရက်တို့တွင် ကျင်းပမည်ဖြစ်သည့်အတွက် ဥပ္ပါတသန္တိစေတီရှေ့ကွင်းပြင်ရှိ ပျော်ပွဲရွှင်ပွဲများကျင်းပသည့်နေရာမှ ချားရဟတ်ကြီး ပြုတ်ကျသည့်အတွက် လူ (၂၀) ကျော် သေဆုံးသွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။...အပြည့်အစုံသို့


"ကြံ့ဖွံ့ ပါတီထောင်တော့မည်"
ကြံ့ဖွံ့ ပါတီထောင်တော့မည် မြန်မာစစ်အစိုးရ၏ အဓိကအားထားရာ၊ အရပ်သား အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီထူထောင်မည်ဟူသည့် သတင်းများ ထွက်ပေါ်လျှက် ရှိသည်။


တောထဲတွင် ဒုက္ခသည် ၄ သိန်းကျော် ပုန်းနေဆဲ

မြန်မာပြည် အရှေ့ဘက်ခြမ်းတွင် တောတောင်များအတွင်း ပြေးလွှား ပုန်းအောင်းနေရသူပေါင်း လေးသိန်းခွဲ ရှိသည် ဟု နိုင်ငံတကာ အဖွဲ့အစည်းတခုက ယမန်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။

ရန်ကုန်တွင် မီးပျက်နှုန်း စံချိန်တင်

နွေရာသီ ဝင်လာပြီ ဖြစ်သောကြောင့် မြန်မာတနိုင်ငံလုံး လျှပ်စစ်မီးရရှိနှုန်း အလွန်နည်းပါးလာပြီး ရန်ကုန်မြို့၌ မီး ပျက်နှုန်းမှာ ယခင်နှစ်များ၏ စံချိန်ကိုချိုးသွားပြီဖြစ်ကြောင်း မြို့ခံများထံမှ ကြားသိရသည်။


(At Rangoon, Bo Aung Kyaw Street, after 3rd May 2008, Nargis)

သတင်းထောက်တဦး ၏ နာဂစ်ဒိုင်ယာရီ -၂

သန်းစိုးလှိုင်

မတ် ၇၊ ၂၀၀၉

ညအမှောင်နှင့် မုန်တိုင်း

ည သန်းခေါင်ကျော် မအိပ်နိုင်ပဲ လေတိုက်သံများကို နားစွင့်လိုက်၊ ဘယ်တော့ လေရှိန်လျော့သွားမည်လဲဟု မျှော်လင့်လိုက်နှင့် မိနစ်၊ နာရီများ ကုန်ဆုံးအောင် စောင့်နေရသည်။ ထိုသို့စောင့်နေရာတွင် တ၀ုန်းဝုန်းမြည်နေသည့် အိမ်ခေါင်မိုးသွပ်ပြားသံများက ခြောက်ခြားစရာ ကောင်းလှသည်။ ဘယ်အချိန် ခေါင်မိုးလွင့်သွားမည်လဲဆိုသည့် စိုးရိမ်မှုလည်းပေါ်လာခဲ့သည်။ ရန်ကုန်တမြို့လုံး မီးရောင်မရှိ အမှောင်ကြားထဲတွင် မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနေရသည်။ ကောင်းကင်ပြင်က မိုးတိမ်အရောင်ကြောင့်လား လေအရောင်ကြောင့်လားမသိ အနီရောင်ထနေသည်ကို မြင်ရ၏။
အဴပည့္အစုံသိုႛ ...

ကားဝပ်ရှော့ဆိုလျှင် မြို့ပြင်ထွက်

ရန်ကုန်မြို့နယ် အတွင်းမှာ ရှိသော ကားဘော်ဒီပြင်လုပ်ငန်း၊ ကားဆေးမှုတ် လုပ်ငန်းနှင့် ကားအောက်ပိုင်း ပြင်ဆင်ရေး လုပ်ငန်းများ အားလုံး မြို့ပြင်သို့ ပြောင်းရွှေ့ရတော့မှာ ဖြစ် ...

ခြစားမှု ဖော်ထုတ်သူ အာမခံဖြင့် ပြန်လွှတ်လာ

ဧည့်စာရင်း မတိုင်ကြားဟုဆိုကာ ရန်ကုန်တိုင်း တွံတွေးမြို့ ဈေးသစ်ရပ်ကွက်တွင် နေထိုင်သူ ၉ ဦးကို ယခုလ ၃ ရက်နေ့က...
- အဖိနှိပ်ခံ မြန်မာရှေ့နေများကိစ္စ ကုလထံတင်ပြမည် click
- ကားတိုက်မှုကြောင့် ချန်ဂရွိုင်းဇနီးကွယ်လွန် click
- ဇင်ဘာဘွေဝန်ကြီးချုပ်ဇနီး ကားတိုက်သေဆုံး click
- အမေရိကန် အလုပ်လက်မဲ့နှုန်း သိသာစွာတိုး click
- သတင်းထောက်တဦး၏ နာဂစ်ဒိုင်ယာရီ - ၂ (ဆောင်းပါး) click
- ‘၁၉၅ဝ ခုနှစ်များ ကျောင်းသားလှုပ်ရှားမှု’ (အသံလွှင့်ဆောင်းပါး) click
- မွေးနေ့ (အတွေးအမြင်) click
- ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ click
- “မည်သို့ပင်ဖြစ်စေကာမူ” သီးလေးသီးအဖွဲ့ အငြိမ့်ပွဲများ ဆက်ကမည် click
- လေးဒေါင့်ကန်ကျေးရွာတွင် ဓာတ်ငွေ့တူးဖော်ရန်အတွက်ဟုဆိုကာ လယ်မြေများသိမ်းယူ click
- ၁၉၈၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး အလုပ်လက်မဲ့နှုန်း click
- မေတ္တာနန္ဒဓမ္မရိပ်သာပဋ္ဌာန်းပွဲ (ဓာတ်ပုံသတင်း) click
- ကြေကွဲဖွယ်ပြောင်းလဲမှုများနှင့် ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အမှောင်ခြမ်း (၁) (ဆောင်းပါး) click
- ကားဝပ်ရှော့ဆိုလျှင် မြို့ပြင်ထွက် click
- စာပေစိစစ်ရေး ဒစ်ဂျစ်တယ် ပြောင်းလဲမည် click
မြန်မာကျပ်ငွေက မာမာပဲ (ကာတွန်း ကလျာမိတေ - မိုးမခ၀က်ဘ်ဆိုက်)


No comments:

Post a Comment