3.17.2009

လိုင်စဉ်ကြေး ဘတ်၁၈၀၀၀ ပေးပြီး ၀င်ရသော ပြင်သစ်ကုမ္ပဏီ ထိုင်းအာဏာပိုင်များ ၀င်ဖမ်း

Photobucket
DCHL
အချိန်တို အတွင်းကြီးပွား ချမ်းသာနိုင်ကြောင်း ပြောဆိုစည်းရုံးပြီး ကုမ္ပဏီအမည်ခံ လိမ်လည်နေသော ပြင်သစ် ကုမ္ပဏီအား ထိုင်းအာဏာပိုင်များက ၀င်ရောက် ဖမ်းဆီးလိုက်သည်။ ဘန်ကောက်မြို့ စာထွန်းလမ်းမကြီး လမ်းသွယ် (၁) တွင် တည်ရှိသော ၃၁အမြင့် ၂၇ထပ်တွင် ဖွင့်လှစ်ထားသော Copyright Of Digital Crown Holdings Co,Ltd ဖြစ်ပြီး အတိုကောက် အခေါ်DCHL ကုမ္ပဏီ ဖြစ်သည်။
အဆိုပါ ကုမ္ပဏီကို ၀င်ရောက်ဖမ်းဆီးရာတွင် မွန်ဗမာ ၁၇၃ ဦးနှင့် လောလူမျိုး(၁)ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါ ကုမ္ပဏီတွင် ယုံကြည်မှုအပြည့်နှင့် လင်မယားနှစ်ယောက် ၀င်ထားပြီး အဖွဲ့ဝင်အဖြစ် လိုက်လံ စည်းရုံး နေသူ ကိုမင်းထိုက်က“ကျနော်မသိသေးဘူး ကုမ္ပဏီကို ဒီနေ့ကျနော် မသွားရဘူး၊ နောက်မှ ကျနော် ပြန်ပြောမယ်နှော်''ဟု ပြောသည်။ကုမ္ပဏီမှ အခြားလူများအား ဖုန်းဆက်ကြည့်ရာ အလုပ်များနေ၍ မအားလပ်ကြောင်း ဖုန်းပြန်ပြောဆို သွားရန် ငြင်းဆိုသွားသည်။ ထိုင်းအာဏာပိုင်များက ကုမ္ပဏီပိုင်ရှင်များကို ဆက်လက် အရေုးယူမည်ဖြစ်ပြီး တရားမ၀င် နေရာပေးမှု၊ တရားမ၀င် ခိုင်းစေမှုများ အပြင် ဒဏ်ငွေ ဘတ်တစ်သောင်းမှ ဘတ်တစ်သိန်းအထိ ကျခံရမည် ဖြစ်ကြောင်း ပြောသည်၊ ဖမ်းမိသော မြန်မာနိုင်ငံသားများ ကိုမူ တရားမ၀င်ခိုးဝင်မှုဖြင့် အရေးယူမည်ဖြစ်သည်။ ကုမ္ပဏီ အား လိုင်စင်ကြေးဟု ခေါ်သော ၀င်ကြေး ဘတ်ငွေ ၁၈၀၀၀ ပေးပြီး ၀င်ရောက်ရသည်။ ၄င်း အဖွဲ့ဝင်က နောက်ထပ်ဘတ် ၁၈၀၀၀ ပေးသွင်းနိုင်သူ(၆)ဦး ထပ်မံရှာဖွေ သွင်းရမည်ဖြစ်ပြီး ၄င်းလူများထံမှ လူတစ်ဦးစီ ဘတ်၃၀၀၀ စီ ပြန်၇မည်ဖြစ်သည်။
ကုမ္ပဏီ သို့ ရောယောင်၍ ဖြစ်စေ၊ ယုံကြည်၍ ဖြစ်စေ ၀င်ရောက်သွားသူများမှာ လတ်တလော ကြီးပွား ချမ်းသာနိုင်ကြောင်း မဟာချိုင်မှ လူပွဲစား၊ဖုန်းကိုယ်စားလှယ်၊ငွေလွှဲ လုပ်ငန်းဖြင့် လစဉ် ဘတ်ငွေ လေးငါးသောင်း ၀င်ငွေရှိပြီး ကိုယ်ပိုင်ကား စီးနေသော ကိုအောင်ဇော်ထွန်း ဆိုသူသည် ၄င်း၏ ၀င်ငွေထက် များစွာရှိသဖြင့် ဤ ကုမ္ပဏီသို့ ၀င်ရောက် လုပ်ကိုင်နေသူ ဖြစ်ကြောင်း တစ်လကို ယခုအခါ ဘတ်၂သိန်းကျော် ၃သိန်းရရှိနေပြီး မကြာမီ နိုင်ငံခြားကို ကိုယ်စားလှယ်သွားရမည် ဖြစ်ကြောင်း သူငွေဝင်ကောင်းတာကြောင့် လုပ်နေတာဖြစ်ကြောင်း အဓိက ပြောဆို စည်းရုံးသိမ်းသွင်း ကြသည်။
အလားတူ ကိုအောင်ဇော်ထွန်း ကိုယ်တိုင်ကလည်း ၄င်းအတိုင်းပင် ပြောကြောင်း သွားရောက် လေ့လာဖူးသူ ကိုထွန်းမြတ်က“သူကဆရာကြီးစတိုင်ပဲ ကုတ်တွေ နက်တိုင်တွေ အကောင်းစားတွေ ၀တ်ဆင်ပြီးတော့ ၀င်ငွေ ကောင်းတာပြောတယ်။ ပြီးတော့ ကမ္ဘာမှာ တစ်ယောက်မှ အတု ထုတ်လို့မရတဲ့ ဆေးရည်ဖြစ်တယ်။ အောက်စီဂျင် ဆေးဖြစ်တယ်။ အိပ်ခ်ျအိုင်ဗွီ ရောဂါကလွဲရင် အဲဒီ ဆေးငွေ့ကို မီးထွန်းပြီး ရှုလိုက်ရင် ပျောက်တယ်။ ကမ္ဘာကြီး တိုးတက်လာတဲ့ အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များလာတာကြောင့် ဒီဆေးဟာ မရှိမဖြစ် အရေးအကြီး လိုအပ်လာမှာ ဖြစ်တာကြောင့် စောစောစီးစီး ကုမ္ပဏီကို ၀င်ရောက်ထားဖို့ လှည့်ပတ်ပြောတယ်။ ကျနော်ကတော့ သဘောပေါက်တာပေါ့ လိမ်နေပြီဆိုတာ။ လူတွေ နည်းတာမဟုတ်ဘူး။ မဟာချိုင်က မွန်တွေသက်သက်ပဲ” ဟု ပြောသည်။
မလေးရှားနိုင်ငံတွင် လုပ်ကိုင်အောင်မြင်သဖြင့် ကုမ္ပဏီမှ ရွှေအိုး တံဆိပ်ရသည် ဆိုသော မွန်ပြည်နယ် ဘီလူးကျွန်းမှ လီအုန်ကျူး ဆိုသူက“ကုမ္ပဏီ အကြောင်းကို အဖွဲ့ဝင် မဖြစ်သေးခင် ဖြစ်ဖြစ်။ ၀င်ပြီးသူ ဖြစ်ဖြစ် ရှင်းပြခွင့်မပြုဘူး၊ သိချင်ရင်လာခဲ့၊ လိုင်စင်ခံပြီး လုပ်နေတာ၊ အမှန်အတိုင်းမို့လို့ နှစ်ရာချီကြာအောင် ခံနေတာ၊ မဟုတ်ရင် ဘယ်ခံမလဲ၊ ကျွန်စိတ်ကို ဖျောက်ကြ၊ ကျနော်တို့လို အကောင်းစားဝတ်ပြီး ရုံးခန်းထဲမှာ လူသစ်တွေကို ရှင်းပြနေရုံနဲ့ တစ်လကို ဘတ်သိန်းချီပြီး ရတာ။ ၆လပိုင်း ဆိုရင် မဟာချိုင်ကို ကုမ္ပဏီ ဆင်းဖွင့်မယ်”ဟု ပြောဆိုခဲ့သည်။
၎င်းဘဏ်ကဒ် (လိုင်စင်ကဒ်)တွင် (ထိုင်ဝမ၊် ဟောင်ကောင်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်၊ သြစတီးလျား) နိုင်ငံတို့ရှိ DCHL ကုမ္ပဏီ တည်ရှိရာတွင် အလုပ်လုပ်ပြီး ငွေအသွင်းအထုတ် လုပ်၍ ရ ကြောင်း ရေးထားသည်။
အဆိုပါ ကုမ္ပဏီသို့ ဘတ်ငွေ ၁၈၀၀၀ ပေးသွင်းပြီး သူတိုင်းကို ရေမွှေးနံ့ ပါသော ပေါင်ဒါဗူးကြီး အရွယ် ဆေးရည် ၂ပုလင်းနှင့် ဆေးရည် ထည့်၍ မီးထွန်း အငွေ့ရှုလျှင် အောက်ဆီဂျင်ရသည် ဟူသော မီးခွက် တစ်လုံးတို့ အပါအ၀င် ကုမ္ပဏီဖွင့်ထားသော နိုင်ငံ၁၁နိုင်ငံတွင် လှုပ်ရှားနေသော ဓါတ်ပုံများပါသော ထိုင်းစာဖြင့် ရေးသားထားသော စာအုပ်၃အုပ်တို့ကို အိတ်လှလှနှင့် ပြန်ပေးသည်။ ဤ ကုမ္ပဏီ အကြောင်းကို စိတ်ဝင်စားမိသော မြန်မာအလုပ်သမားအချို့ သည် အဟုတ်ထင်၍ မြန်မာနိုင်ငံ နေရပ်ရှိ မိဘများထံသို့ ငွေပြန်မှာ၍ ၀င်ထားသူ များစွာရှိကြောင်း သိရသည်။
ကုမ္ပဏီကို ၀င်ပြီး သူတိုင်း လူအသစ်ရှာ မသွင်းနိုင်လျှင် ငွေပြန်မရသကဲ့သို့ ယခုကဲ့သို့ ထိုင်းအာဏာပိုင် များက ဖမ်းဆီးလိုက်လျှင်လည်း ငွေရင်းမှာ ဆုံးရှုံးပြီးသားဖြစ်သည်။ ထိုင်းအာဏာပိုင်တို့ အနေဖြင့် တစ်ပတ်ကျော်ကြာ အချိန်ယူ စုံစမ်းမှုပြုပြီးမှ ဖမ်းဆီးနိုင်ခဲ့သည်။
ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment