5.21.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Riot police officers adjust barricades at a road block near Insein Prison in Yangon, Myanmar, Monday, May 18, 2009.AP

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင် စစ်ဆေးတာတွေ လုပ်ဆောင်နေတဲ့ ၄ရက်မြောက် နေ့ အဖြစ် နောက်ထပ် တရားလို သက်သေတွေကို စစ်ဆေးမေးမြန်းတာတွေ ရှိခဲ့ပါတယ်။



အခြေအနေ ကောင်းတဲ့တနေ့တော့ တွေ့ကြတာပေါ့
ဓာတ်ပုံသတင်း
မေ ၂၀၊ ၂၀၀၉
ရန်ကုန်မှ သတင်းထောက် ၁၀ ဦး နှင့် သံတမန်များသည် ဒေါ်အောင်ဆန်းစုကြည်အား စစ်ဆေးသော အင်းစိန်ထောင်အတွင်းရှိ တရားခွင်သို့ ယနေ့ သွားရောက် လေ့လာခွင့် ရခဲ့သည်။ ဒေါ်စုက သူတို့အား လာရောက် အားပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ အခြေအနေ ကောင်းသည့် တနေ့နေ့တွင် ပြန်လည် တွေ့ဆုံလိုကြောင်း ပြောကြားခဲ့သည်။ (photos: AP, Reuters, Getty Images)
အပြည့်အစုံသို့ ...

ဒေါ်အောင်ဆန်းစုကြည်က ယခုတရားရင်ဆိုင်ရခြင်းကို အကောင်းမြင်ကြောင်း စင်္ကာပူသံအမတ်က ပြောကြား

မိုးမခ၊ (ကိုးကား - စင်္ကာပူနိုင်ငံခြားရေးရာ ထုတ်ပြန်ချက်)

မေ ၂၀၊ ၂၀၀၉

Singapore’s Ambassador to Myanmar Robert Chua delivering a statement at the Pledging Session of the ASEAN-UN International Pledging Conference on 25 May 2008 in Yangon.

ယနေ့နေ့လည်ခင်းက သံတမန်များကို ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေသည့် အင်းစိန်ထောင်အတွင်းသို့ ၀င်ရောက်ခွင့်ပြုခဲ့ပြီး မြန်မာပြည်ရောက်သံတမန်များ၏ ကိုယ်စားလှယ်အဖြစ် စင်္ကာပူသံအမတ်၊ အာဆီယံအသင်းဥက္ကဌအဖြစ် ဆောင်ရွက်နေသူ ထိုင်းနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ထိုင်းသံအမတ်နှင့် ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ရုရှားနိုင်ငံကိုယ်စားလှယ်အဖြစ် ရုရှားသံအမတ်တို့ကို အတိုက်အခံခေါင်းဆောင်နှင့် သီးခြား တွေ့ဆုံရန် စစ်အာဏာပိုင်တို့က ခွင့်ပြုခဲ့သည်။

ဒေါ်စုနဲ့ သီးခြားတွေ့ဆုံခွင့်ရသည့် သံတမန် ၃ ဦးအနက် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံ သံအမတ်ကြီး ရောဘတ်ချုက ထုတ်ပြန်ပြောကြားရာတွင် - ဒေါ်စုကို အင်းစိန်ထောင်အတွင်းရှိ ဧည့်ရိပ်သာတွင် တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ ဒေါ်စုက မိမိတို့အားလုံးကို စစ်အာဏာပိုင်တို့က ကောင်းမွန်စွာ ထားရှိသည်ဟု ပြောကြားကြောင်း၊ ထို့နောက် ဒေါ်စုက ပြောကြားရာတွင် -

ယခုတရားရင်ဆိုင်နေရသည့်အဖြစ်ကို အားလုံးက ဆန္ဒရှိကြမည်ဆိုပါက အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အခွင့်အလမ်းကောင်းများအဖြစ် ရှုမြင်လိုကြောင်း၊ မိမိအိမ် ကျုးကျော်ခံရသည့်အမှုကိစ္စ စစ်အာဏာပိုင်တို့အား ထိခိုက်စေလိုသည့် ဆန္ဒ သူမတွင် မရှိကြောင်း၊ ယခုကဲ့သို့ ကံအကြောင်းမလှသည့် အရေးအခင်းကို အခြေခံပြီး အပြုသဘောဆောင်သည့် အကောင်းဖက်သို့ ဦးတည်ဆောင်ရွက်ကြရန် အချိန်မနှောင်းသေးပါကြောင်း

အပြည့်အစုံသို့ ...


NEJ / ၂၁ မေ ၂၀၀၉


“တည်ကြည်လိုက်တဲ့ ရုပ်ရည်၊ ကြည်လင်လိုက်တဲ့ မျက်နှာဗျာ။ ဒီ အမျိုးသမီးက သူ့စိတ်ထဲမှာ ဥပေက္ခာတရားတွေ နှလုံးသွင်းထားပုံ ပေါ်တယ်။ ပြီးတော့ ဒီစစ်အစိုးရကို ...” ....အပြည့်အစုံသို့
ငွေကြေးများစွာ အကုန်ကျခံ ဘောလုံးပွဲကျင်းပ
လူထုက ဘောပွဲထက် ဒေါ်စုအမှု ပိုစိတ်ဝင်စား

NEJ / ၂၁ မေ ၂၀၀၉ “ကျနော်တို့ကို အသင်းဖွဲ့စည်း လေ့ကျင့်ဖို့ ငှားတုန်းက ၂၀၁၀ မှာ ပရိုအသင်းတွေ အမှတ်ပေး ပတ်လည်ပြိုင်ပွဲ ..”....အပြည့်အစုံသို့



မြန်မာရဟန်းများ ဘန်ကောက်တွင် ဆန္ဒပြ

မြန်မာရဟန်းများ ဘန်ကောက်တွင် ဆန္ဒပြ

ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြား နေကြသော သံဃာတော် အပါး သုံးဆယ်ခန့်သည် ဒေါ်အောင်ဆန်းစုကြည် အမှုဆင် တရားစွဲခံနေရခြင်းကို ကန့်ကွက်သည့်အနေဖြင့်

ဒေါ်အောင်ဆန်းစုကြည်အမှုကို လေးရက်မြောက် ဆက်လက်စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျီ ယက်ထော နှင့် ပတ်သက် သည့် အမှုကို အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ယနေ့တွင်

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ

အင်းစိန် ထောင်ဘူးဝနားတွင် ငုတ်တုတ် ထိုင်လိုက်၊ အင်းစိန်ထောင် ဘေးတွင် လမ်းလျှောက်လိုက် လုပ်နေသော သူတို့ကို ညိုဝါရောင် ယူနီဖောင်းနှင့် အကျဉ်းထောင် လုံခြုံရေးဌာနမှ

မလေးရှားတွင် ထိန်းသိမ်းခံရသူ မြန်မာ ၂ ဦး သေဆုံး

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံနေရသူ မြန်မာပြည်သား အလုပ်သမား ၂ ဦးသည် ကြွက်ကြောင့် ဖြစ်ပွားသည့် အဖျားရောဂါ တမျိုးကြောင့် ယခုလအတွင်း သေဆုံးသွားကြောင်း

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး “ဝ” လက်မခံ

အပစ်ခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အသွင်ကူးပြောင်းရေး အတွက် နအဖစစ်အစိုးရမှ ကမ်းလှမ်းထားသည်ကို

ဒေါ်အောင်ဆန်းစုကြည်အမှု နေ့စဉ်မှတ်တမ်း လက်ခံရရှိ

အင်းစိန်ထောင် သီးသန့် တရားရုံးတွင် ခုံရုံးတင် စစ်ဆေးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်သော နေ့စဉ်မှတ်တမ်းကို ဧရာဝတီမဂ္ဂဇင်းက လက်ခံရရှိထားသည်။

တရားခွင်အတွင်း သံတမန်နှင့် စာနယ်ဇင်းကို ဝင်ရောက်ခွင့် မပေးပြန်

ဒေါ်အောင်ဆန်းစုကြည်နှင့် တရားလိုပြ သက်သေများကို အင်းစိန်ထောင်အတွင်း ၄ ရက်မြောက် ရုံးထုတ်စစ်ဆေးသည့် ယနေ့ တရားခွင်သို့ သံတမန်များနှင့် စာနယ်ဇင်းသမားများကို ဝင်ခွင့် မပြုခဲ့ကြောင်း သိရ ......

ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်သည် Half-open Court

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုနှင့်ပတ်သက်ပြီး စစ်အစိုးရက မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂရုံးများမှ ကိုယ်စားလှယ်များကို ကို...

အများပြည်သူရှေ့မှောက် တရားစီရင်ရန် အန်အယ်ဒီ ထပ်မံ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်၏ အမှု ကြားနာစစ်ဆေးသည့် တရားခွင်ကို အများပြည်သူ ရှေ့မှောက်တွင် လွတ်လပ်စွာ စီရင်ပြုလုပ်ပါရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က...

မြစ်ကြီးနားမှာ အစိုးရ ဆန့်ကျင်စာများဖြင့် လှုံ့ဆော်

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှုကို ကန့်ကွက်သည့်စာများကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူငယ် တက်ကြွလှုပ်ရှားသူများက ယနေ့နံနက်က ရေးသား ဖြန့်ဝေခဲ့ကြ...

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ၉ ဦးက ဒေါ်စု လွှတ်ပေးရေး တောင်းဆို

တောင်အာဖရိက ခရစ်ယာန် ဘုန်းတော်ကြီး အပါအဝင် ကမ္ဘာ့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ၉ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်...


more


more


more


more


more


more


more


more

No comments:

Post a Comment