5.05.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Georgian President Mikhail Saakashvili attends a service in the Holy Trinity Cathedral in Tbilisi, Tuesday, April 28, 2009 as Catholicos-Patriarch Ilia II declared Tuesday a national day of repentance.AP

ဂျော်ဂျီယာနိုင်ငံ တီဘလစ်ဆီမြို့ပြင်က စစ်အခြေစိုက်စခန်းတခုမှာ တပ်တွင်းပုန်ကန်မှု ဖြစ်ပွားတာကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ဂျော်ဂျီယာသမ္မတ မစ်ခ်ခေးလ် ဆာကပ်ရှ်ဗီလီက ပြောပါတယ်။



မင်းနိုင်သူ / ၅ မေ ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှုအယူခံကို နအဖစစ်အစိုးရက ပယ်ချလိုက်ပြီဖြစ်သည်။ အယူခံပယ်ဖျက်မှုကို ဧပြီ (၃၀) ရက်တွင် တွဲဖက်ရှေ့နေ ဦးလှမျိုးမြင့်ကိုယ်တိုင် နေပြည်တော်သို့ သွားယူခဲ့ရ ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက သတင်းဌာနများသို့ ပြောသည်။....အပြည့်အစုံသို့
တပ်ဖွဲ့အင်အား လျှော့ချမည့်ကိစ္စ ဒီကေဘီအေအတွင်း သဘောထားကွဲ
NEJ / ၅ မေ ၂၀၀၉
တိုးတက်သောကရင်ဗုဒ္စဘာသာအဖွဲ့ (ဒီကေဘီအေ) ကို နယ်ခြားစောင့်တပ်အဖြစ် မြန်မာစစ်အစိုးရက ပြင်ဆင်ဖွဲ့စည်း ပေးမည်ကို သဘောတူလက်ခံသော်လည်း တပ်ဖွဲ့ဝင်အင်အား လျှော့ချမည့် ကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု အဖွဲ့၏အဆင့်မြင့် အရာရှိတဦးက ပြောသည်။..အပြည့်အစုံသို့
ဧရာဝတီတိုင်းတွင် ကန်ရေကြောင့် ၀မ်းရောဂါဖြစ်သူများ
NEJ / ၅ မေ ၂၀၀၉
ဧရာဝတီတိုင်းတွင် ၀မ်းရောဂါ ဖြစ်ပွားမှုနှုန်းမှာ ယခင်နှစ်က ထက် များကြောင်း ဘိုကလေးမြို့နယ်ဆေးရုံမှ တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။ ယခင်နှစ်များကလည်း ၀မ်းရောဂါဖြစ်ပွားမှု ရှိခဲ့ကြောင်း၊ သို့သော် ယခုနှစ်ပိုများ ကြောင်း အဆိုပါ မြို့နယ်ဆရာဝန်က ပြောသည်။ ဧရာဝတီ တိုင်း အတွင်းတွင် နာဂစ်မုန်တိုင်းကြောင့် ...အပြည့်အစုံသို့

ဘောလုံးပွဲ၊ လက်ဝှေ့ပွဲများကို လုံခြုံရေးတင်းကျပ်
NEJ / ၅ မေ ၂၀၀၉ ဘောလုံးပွဲနှင့် လက်ဝှေ့ပွဲများကို နအဖအာဏာပိုင်များ တက်ရောက် ကြည့်ရှုသောကြောင့် လုံခြုံရေး အထူးတင်းကျပ်စွာ ချထားကျင်းပ ခဲ့ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေတွင် ရန်ကုန်၌ ကျင်းပခဲ့သည့် ....အပြည့်အစုံသို့


နာဂစ်လေဘေးဒုက္ခသည် (၅) သိန်းအတွက် နေအိမ်များလိုအပ်ဆဲ
NEJ / ၅ မေ ၂၀၀၉
မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး (၁) နှစ်ပြည့်ပြီး သော်လည်း မုန်တိုင်းဒဏ်ခံရသူများအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ကမ္ဘာ့အကူအညီပေး ရေးအဖွဲ့များ က ပြောသည်။ လေဘေးဒုက္ခသည် (၅) သိန်းခန့် အတွက် နေစရာအိမ်များ အမြန်ဆုံးလိုအပ်နေကြောင်း လူသားချင်း စာနာ ထောက်ထားမှု အကူအညီ....အပြည့်အစုံသို့

လေဘေးသင့် ပြည်သူများကို ကူညီရန် စာပေပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် မိတ်ဆွေများက ကုညီလှူဒါန်းရေး အဖွဲ့ဖွဲ့
ဓာတ်ပုံသတင်း
မေ ၂၄၊ ၂၀၀၈

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

မေ ၅၊ ၂၀၀၉

မေလ ၁ ရက်က ၃ ရက်အထိ ကျင်းပတဲ့ တပ်မတော်ခန်းမကွန်ပြူတာပြပွဲ မြင်ကွင်း။ ပြည်တွင်းရေနံစိမ်း တပီပါ ၄ သောင်း ကျပ်။ ရေစစ်မြေအိုး ဘယ်လိုထုတ်၊ ဘယ်လိုသုံး။ မန္တလေးမှာ မြေထောင်၊ မြေစိုက်၊ တိုင်ကပ်နဲ့ လမ်းဖြတ်ကြော်ငြာများ။ ဇုန်ထုတ်ဂျစ် မှန်းသလောက် မရောင်းရ။ ဧပြီ ၁၆ တွံတေးတူးမြောင်း အမည်မရှိ စက်လှေမှောက်၊ ၄ ဦး ပျောက်ဆုံး။ နာဂစ်ဒေသ မိုးစပါးအကူအညီ မင်္ဂလာမြန်မာ အင်န်ဂျီအိုက ဆက်ကူညီမည်။ မိုဘိုင်းဖုံးအတွင်း အင်တာနက်ဆော့ဝဲများ ထည့်။ သင်္ကြန်အပြီး မိုဘိုင်းဖုံး အရောင်းအ၀ယ် ဈေးတက်။ အင်တာနက်ဆက်နွယ်လုပ်ငန်းများ ကျဆင်း။ ဒီမှာ ဖတ်ပါ -
နိုင်ငံရေးနဲ့ စာပေအနုပညာ (၃၅)
ရဲရဲတောက် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း
ထိန်လင်း
မေ ၄၊ ၂၀၀၉

တိုင်းပြည်တစ်ခုဟာ ဆိုးဝါးတဲ့ ခေတ်ရဲ့အောက်မှာ ရောက်နေရပြီဆိုရင် အဲဒီ ဆိုးဝါးမှုတွေကြောင့် ဆုံးရှုံးမှုတွေ ဖြစ်တတ်သလို ကျပ်တည်းမှုတွေကြားမှာပဲ ထူးချွန်သူတွေ၊ ပညာရှင်တွေ ထွက်ပေါ်တတ်ပါတယ်။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက အဲဒီလို ထွက်ပေါ်ခဲ့တဲ့ ပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

အျပည့္အစုံသိုႛ ...


ကာတွန်းနေမျိုးအေးရဲ့ သင်ခန်းစာ
မေ ၄၊ ၂၀၀၉

ကျောင်းတွေဖွင့်လျှင် …

ကျောင်းတွေဖွင့်လျှင် … ဒီနှစ် ကျောင်းဖွင့်စောမည်ဟု လူကြီးတွေပြောသံ ကြားကတည်းက သံချောင်းတယောက် ပျော်နေမိသည်။ ခုတခါ ကျောင်းတက်ရလျှင်တော့ သူ ပထမတန်း ရောက်ပြီ ဖြစ်သည်။
ဆက်ဖတ်ရန် ...
နာဂစ် နှစ်ပတ်လည် သတင်းများ ဖော်ပြခွင့်မရ

နာဂစ် နှစ်ပတ်လည် သတင်းများ ဖော်ပြခွင့်မရ

နာဂစ်မုန်တိုင်း နှစ်ပတ်လည် သတင်းဆောင်းပါး၊ ဓာတ်ပုံများကို မြန်မာပြည်တွင်းရှိ အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဖော်ပြခွင့်မရကြောင်း သိရသည်။

နာဂစ်ဒေသရှိ အခမဲ့ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ လျှော့ချ

နာဂစ်ဒဏ်သင့် ဒေသများရှိ အခမဲ့ ကျန်းမာရေး ၀န်ဆောင်မှု ပေးနေသည့် NGO များ၏ လုပ်ငန်းစဉ် ၈၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာက ဧပြီ နောက်ဆုံးအပတ်တွင် စတင်လျှော့ချ ခဲ့ကြောင်း

လွတ်လပ်စွာ သတင်းယူနိုင်ကြောင်း ငါး အဖွဲ့ချုပ်က ပြောဆို

သတင်းမီဒီယာများ သိလိုသည်များကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် လွတ်လပ်စွာ မေးမြန်းနိုင်ကြောင်း ယနေ့ ကျင်းပသည့် ငါးလုပ်ငန်း ပုံမှန်အစည်းအဝေး၌ အဖွဲ့ချုပ် အမှုဆောင်တဦးက ပြောဆို ......

စိတ်ဒဏ်ရာနှင့် စိုးရိမ်သောကတို့ ဆိုင်ကလုံး မုန်တိုင်းဒဏ်မှ နလန်ထူရေးတွင် အနာရွတ်တခု ဖြစ်နေ

အဖျက်စွမ်းအား ကြီးမားလှသေည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ တနှစ်ပြည့်သည့် အချိန်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အပြည့်အဝ နာလန်ထူရေးတွင်...

မန္တလေး မြို့တည် နန်းတည် နှစ်ပတ်လည်ပွဲတော် ကျင်းပ

မန္တလေး မြို့တည် နန်းတည် နှစ် ၁၅၀ ပြည့် “မန္တလေး အနုပညာပုံရိပ် ပွဲတော်” ကို ပြီးခဲ့သည့်လ...

မြန်မာ့ဂီတ ရေစီးကြောင်း အချိုးအကွေ့၊ အပြောင်းအလဲ

စိုင်းထီးဆိုင်၊ မွန်းအောင်၊ စိုးသူ၊ ကိုင်ဇာ၊ စိုးလွင်လွင်၊ ချစ်ကောင်း၊ ဟေမာနေဝင်း၊ မေဆွိ၊ မေခလာ စသည့် အဆိုတော်များက...

တနှစ်ပြည့် နာဂစ်ဒေသ၏ အစီရင်ခံစာ

အစီရင်ခံစာများတွင် တူညီနေသော အချက်မှာ အစားအသောက်များ၊ ကူညီထောက်ပံ့များ လိုအပ်နေမှု၊ သောက်သုံးရေသန့် အခက်အခဲများ ဖြစ်ပေါ်နေမှု၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေမှု၊...



more


more

No comments:

Post a Comment