| ||
5.05.2009
မီးစတဖက်၊ ရေမှုတ်တဖက် နအဖရဲ့  စီမံချက် (အပိုင်း-၁)
ဗိုလ်ထက်မင်း / ၅ မေ ၂၀၀၉
Subscribe to:
Post Comments (Atom)
ဒီအပိုင်းမှာတော့ မြန်မာ့နိုင်ငံရေး၊ စစ်ရေး သမိုင်း ကြောင်းတွေမှာ တိုင်းရင်းသား အခွင့်အရေး တန်းတူရရှိ ဖို့ တစိုက် မတ်မတ် အရှည်ကြာဆုံး တိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) အပေါ် ထားရှိသော နအဖရဲ့  မူဝါဒတွေနဲ့ အတွင်းရေး ဇာတ်လမ်းတွေ၊ ပြုမူ ဆောင်ရွက်ခဲ့ပုံတွေ၊ ထိပ်ပိုင်း သဘော ထား ကွဲလွဲခဲ့ပုံတွေကို ဆက်လက် ဖော်ထုတ်တင်ပြ သွားပါ့မယ်။
အဲဒီအချိန်မှာ ဗိုလ်သန်းရွှေဟာ ကကလှမ်းမှ ဗိုလ်ကျော်ဝင်း၊ ဗိုလ်ကျော်သိန်း နဲ့ အဖွဲ့ကို ထပ်မံ ခေါ်ယူပြီး ကေအန်ယူ အား မရိုးမသား လှည့်ဖြားလိုကာ တင်းမာတဲ့ သဘော ထား မူဝါဒတွေနဲ့ ပြင်ဆင်ချက်တွေ ပေးခဲ့ပြန်ပါတယ်။ အဲဒါကတော့ “ဒီတခါ ကေအန်ယူ ပြန်လာရင် ယခင်ကလို ကေအိုင်အေ၊ ယူဒဗလျူ အက်စ်အေ “၀”နဲ့ ကိုးကန့်တွေလိုမျိုး အဆင့်အတန်းမျိုး မပေးနိုင်တော့ကြောင်း၊ ကေအန်ယူကို အင်အားချည့်နဲ့ စေဖို့ တပ်မဟာ အလိုက် ခွဲထုတ်ဖို့ စည်းရုံးဖဲ့ထုတ်ဖို့ လိုကြောင်း၊ ကေအန်ယူကို လက်ခံခဲ့ရင်တောင် စောသမူဟဲ လိုမျိုး လက်နက်ချခိုင်းတဲ့ အခမ်းအနား ပုံစံမျိုး လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ အဆင့်မျိုးလုပ်ရန် လိုကြောင်း” ညွှန်ကြားခဲ့ပါတယ်။

No comments:
Post a Comment