6.09.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Photobucket
တိုက်ပွဲများကြောင့် ကရင်ဒုက္ခသည်များ ထိုင်းဘက်သို့ ပိုရောက်လာ

E-mail Print
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်စခန်းများကို
မြန်မာစစ်အစိုးရက ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းသည် ၎င်းတို့ရင်ဆိုင်နေရသည့်
နိုင်ငံတကာဖိအားကို အာရုံလွှဲပြောင်းရန် ရည်ရွယ်ကြောင်းဖြစ်နိုင်သည်ဟု လေ့လာ
သူများက သုံးသပ်ကြသည်။

မကြာသေးခင်က မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင်များအကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ထိုင်း-မြန်မာ နယ်စပ် တာ့ခ် ခရိုင်အတွင်း ထိုင်းနယ်ခြားစောင့် တပ်များ လုံခြုံရေးယူထားစဉ် (ဓာတ်ပုံ - Bangkok post)

ဇွန်လဆန်းမှစတင်၍ မြန်မာစစ်အစိုးရတပ်နှင့်တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA) ပူးပေါင်း တပ်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU ) လက်အောက်ခံ KNLA တပ်မဟာ(၇)တပ်စခန်းများကို ဆက်တိုက် ထိုးစစ်ဆင်ခဲ့သည်။ ယခုအထိ ကရင်ရွာသားပေါင်း ၄၀၀၀ ကျော် စစ်ပြေး ဒုက္ခသည်အဖြစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရ သည်ဟု သိရသည်။

“အလောသုံးဆယ် မိုးတွင်းကြီး ထိုးစစ်ဆင်တိုက်တာက စမ်းသပ်မှုတခုလည်းဖြစ်နိုင်တယ်၊ ဒေါ်အောင်ဆန်းစု ကြည် ကိစ္စကို အာရုံပြောင်းတာလည်းဖြစ်နိုင်တယ်၊ လူထုအာရုံ ဒီဘက်ကိုရောက်လာအောင်လုပ်တာလည်း ဖြစ်နိုင်တယ်”ဟု KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါက ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ILO ဖိအားပေး

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ရန်၊ နိုင်ငံအနှံ့ လုပ်အားပေး ခိုင်းစေနေခြင်းကို ရပ်ဆိုင်းရန် နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO)

ဒေါ်အောင်ဆန်းစုကြည်အမှု အခြေအမြစ်မရှိဟု ဟီလာရီကလင်တန်ပြော

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်က စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှုမှာ လုံးဝအခြေအမြစ် မရှိသဖြင့် အမြန်ဆုံး

သက်သေ ဦးဝင်းတင်နှင့် ဦးတင်ဦး ပယ်ချခံရ

သက်သေ ဦးဝင်းတင်နှင့် ဦးတင်ဦး ပယ်ချခံရ

ဒေါ်အောင်ဆန်း စုကြည်ဘက်က တရားခံပြသက်သေ ၃ ဦး ပယ်ချလိုက်ခြင်းကို ပြန်လည်ပြင်ဆင် သုံးသပ်ရန် ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထားချက်အား တရားရုံးက

နိုင်ငံတကာ ဖိအားပေးရန် KNU တောင်းဆို

မြန်မာနိုင်ငံ၌ လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် စစ်ရေးပြဿနာများကို အမြန်ဆုံး ဖြေရှင်းရေးအတွက် ကုလသမဂ္ဂ အပါဝင် နိုင်ငံတကာနှင့် ဒေသတွင်း အိမ်နီးချင်း

Indonesia Foreign Minister Hassan Wirajuda and Secretary of State Hillary Rodham Clinton speak at a news conference at the State Department in Washington, Monday, June 8, 2009.AP

ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိ တရားစွဲဆိုမှုဟာ အခြေအမြစ်မရှိဘဲ ဖမ်းဆီးထားရာကနေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့က ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုသွားပါတယ်။


စစ်တွေလေဆိပ် လေယာဉ်ပြေးလမ်းမကောင်း

NEJ / ၉ ဇွန် ၂၀၀၉ “အခု လေယာဉ်က အဆင်းမှာ လမ်းချော်ပြီး လေယာဉ် တောင်ပံကျိုးတဲ့အထိတောင် ဖြစ်သွားတယ်။ အဓိကကတော့ လေယာဉ်ပြေးလမ်းတွေ ...”အပြည့်အစုံသို့
ရန်ကုန်မြို့လယ်တွင် လုံခြုံရေးရဲများချထား

NEJ / ၉ ဇွန် ၂၀၀၉ “အမိန့်ချဖြစ်၊ မဖြစ်ကတော့ ဘယ်သူမှ မသိနိုင်သေးဘူး။ ဒါပေမယ့် မြင်တွေ့ရတာကတော့ လုံခြုံရေးကို အပြည့်ချ ထားတာပဲလေ။ ပြည်သူတွေကလည်း...”အပြည့်အစုံသို့
သူခိုးကလူလူဟစ်နေတာ ဘာကြောင့်လဲ

ဦးအောင်ခင်/ ၉ ဇွန် ၂၀၀၉

တိုင်းသူပြည်သားကို သေနတ်နဲ့ပစ်ရုံတင်မကဘဲ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်လို လူမိုက်အဖွဲ့တွေမွေးပြီး အကြမ်းဖက်နေတဲ့ ဗမာစစ်အစိုးရက တရားဥပဒေစကားပြောတာဟာ “သူခိုးကလူလူဟစ်” နေတာနဲ့ အတူတူပဲ။ အသက် (၇၀) ကျော်နေတဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေး အငြိမ်းစားမယူတာ ... အပြည့်အစုံသို့
ကားမှောက်သေဆုံးသည့် မြန်မာနိုင်ငံသား (၆) ဦး၏
အလောင်းများ သင်္ဂြိုဟ်မည့်သူ မရှိ

ဝီရ / ၈ ဇွန် ၂၀၀၉ “စံခရဘူရီဆေးရုံမှာ မြန်မာနိုင်ငံသား (၆) ယောက်ရဲ့ အလောင်းတွေကို သင်္ဂြိုဟ်ဖို့ ကျနော်တို့ ခွင့်ပြုမိန့် ပေးထားပြီးပြီ။ ဒါပေမယ့် ဒီနေ့အထိ ...” အပြည့်အစုံသို့

စစ်အုပ်စု တရားရုံးရက်ချိန်းများကို အတိုက်အခံလူငယ်အသိုင်းအ၀ိုင်းအချို့က မခံမရပ်နိုင်ဖြစ်

မိုးမခအထောက်တော် ၀၀၃

ဇွန် ၉၊ ၂၀၀၉

ယခင်အပတ်တွင် စစ်အုပ်စုက အင်န်အယ်ဒီပါတီက ဒေါ်အောင်ဆန်းစုကြည်ရှေ့နေများ တင်သွင်းသော အယူခံရက်ချိန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရမှု အပြီးသတ်လျှောက်လဲချက် ရုံးချိန်းများ ရွေ့ဆိုင်းခြင်းများကြောင့် မခံမရပ်နိုင်ဖြစ်ကြရကြောင်း အမည်မဖော်လိုသော အတိုက်အခံ ကျောင်းသားလူငယ်အဖွဲ့အချို့က ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုအတိုက်အခံလူငယ်အဖွဲ့က ပြောကြားရာတွင် ၎င်းတို့အနေနှင့် အင်န်အယ်ဒီပါတီ၏ “လူငယ်လုပ်ငန်းများဖော်ဆောင်ရေးအဖွဲ့” က ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည်အား မတရားစီရင်နေခြင်းကို ပြင်းထန်စွာကန့်ကွက်သည့် ထုတ်ပြန်ချက်ကို ထောက်ခံကြောင်း၊ ယခုအချိန်တွင် စစ်အစိုးရက မတရားမှုများ အစွမ်းကုန် ကျူးလွန်ပြီး မြန်မာပြည်သူတို့ကို စော်ကားလိုက်ခြင်းကို သည်းမခံနိုင်ကြောင်း၊ ဥပဒေစကားနှင့် ပြောနေချိန်ထက် မြန်မာပြည်သူတို့ကို အမှန်အတိုင်း အသိပေးဖြန့်ဝေရန်လိုကြောင်း သူတို့က မိုးမခသို့ ပြောဆိုခဲ့သည်။

အျပည့္အစုံသိုႛ ...

ကမ္ဘာတ၀ှမ်း “ဒေါ်စုအတွက် ၆၄” မွေးနေ့ဂုဏ်ပြုပွဲများနှင့် စစ်အစိုးရကို ဆန္ဒပြကြဦးမည်

မိုးမခအထောက်တော် ၀၀၂

ဇွန် ၉၊ ၂၀၀၉

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာပြည်၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ် ပြည့်မည်ဖြစ်ရာ ယခုအချိန်အထိ စစ်အစိုးရ၏ မတရားစွပ်စွဲချက်မျိုးစုံဖြင့် အကျဉ်းချ ချုပ်နှောင် တရားရင်ဆိုင်နေရသော အတိုက်အခံခေါင်းဆောင်အတွက် နိုင်ငံတကာမိသားစုများက “စုအတွက် ၆၄” မွေးနေ့ဂုဏ်ပြုပွဲများ စုဝေးကျင်းပကြပြီး စစ်အစိုးရ၏ မတရားမှုများကို ကန့်ကွက်ရှုပ်ချသည့်သဘောထားဆန္ဒ ထုတ်ဖော်ပြကြမည့်လှုပ်ရှားမှုကြီးသဖွယ် ဖြစ်သည်ဟု ဆိုနိုင်သည်။

အျပည့္အစုံသိုႛ ...

ဒေါ်စုအမှု နောက်ထပ် သက်သေတဦး ပြန်လည်လက်ခံ

အင်းစိန်ထောင်၌ အမှုရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေလိုက်ပေးရန် ပယ်ချခံရသူ ၃ ဦးထဲမှ တဦးကိုသာ ရန်ကုန်တိုင်း တရားရုံးက ယနေ့ ပြန်လည် လက်ခံ ...

ရေဒီယိုအခွန် ပေးဆောင်ရန် သတိပေး

အခွန်မဆောင်သည့် ရေဒီယိုများကို ကြိုးမဲ့ကြေးနန်း ဥပဒေအရ အရေးယူနိုင်ကြောင်း မြန်မာစစ်အစိုးရ၏ သတင်းစာများက သတိပေးလိုက်ပြီဖြစ်သည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း...

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ ထားရှိသွားမည်

ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း တရားစွဲဆိုခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ပြင်ရှိ တပ်မစခန်းတခု အခြေစိုက်သည့် ဒေသတွင် နေအိမ်အကျယ်ချုပ်...

တမူးမြို့ မီး၊ လူ တဦး သေဆုံး

စစ်ကိုင်းတိုင်းအတွင်း အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ရှိ ဈေးတန်းရပ်ကွက် အမှတ် ၇ တွင် ယမန်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ဒေသခံတဦး...

ဖွဲ့စည်းပုံ ဥပဒေ ဟာကွက်ကြောင့် အဓမ္မ လုပ်အားပေး လမ်းပွင့်နေဟု အိုင်အယ်လ်အို ပြော

မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး ရပ်တန့်နိုင်ရေး သေချာစေရန်အတွက် နောင်နှစ်တွင် အတည်ဖြစ်တော့မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ပါ ချွတ်ယွင်းအားနည်းချက်များကို ဖြေရှင်းရန်နှင့် တည်ဆဲဥပဒေများကို...

ရေဒီယို အခွန်မဆောင်လျှင် အရေးယူနိုင်


စင်ကာပူဝန်ကြီးချုပ်ဟောင်း မြန်မာနိုင်ငံခရီး စတင်



more

No comments:

Post a Comment