မင်းနိုင်သူ / ၃ ဇူလိုင် ၂၀၀၉ “ဒီနေ့က ဒေါ်ခင်မို့မို့ကို စစ်မေးရမှာ မမေးဖြစ်ဘူးလို့ကြား တယ်။ ဦးဉာဏ်ဝင်းတို့ ပြန်လာရင်တော့ ပြည့်ပြည့်စုံစုံ သိရမယ်။ အခုသေချာတာကတော့ ....” အပြည့်အစုံသို့
အင်းစိန်ထောင်ပတ်ဝန်းကျင် လုံခြုံရေးထူထပ်စွာချထား
NEJ / ၃ ဇူလိုင် ၂၀၀၉ “လုံခြုံရေးချထားတာ အရင်ရုံးချိန်းတွေတုန်းကထက် အဆပေါင်းများစွာ များတယ်။ အင်းစိန် ခုံးတံတားကို ရောက်ရင် ခုံးကျော်တံတား မျက်နှာချင်း....”အပြည့်အစုံသို့
လွှတ်တော်အမတ် ခန့်အပ်ပေးရန် ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် တောင်းဆို
NEJ / ၃ ဇူလိုင် ၂၀၀၉ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ စုစုပေါင်း လွှတ်တော်အမတ်၏ (၂၅) ရာနှုန်းကို ကာကွယ်ရေးဦးစီးချုပ် က တိုက်ရိုက်ရွေးချယ် ခန့်အပ် ...အပြည့်အစုံသို့
မော်လမြိုင်ဈေးသစ် မပြီးသေး၍ ဈေးသည်များ ရောင်းချမှုကျဆင်း
NEJ / ၃ ဇူလိုင် ၂၀၀၉ “ကမ်းနားလမ်းမှာ ဖြစ်တဲ့အတွက် မိုးကာရတာနဲ့၊ လေကာရ တာနဲ့ပဲ အလုပ်ရှုပ်နေရတယ်။ မိုးတွင်းအချိန် လမ်းကလည်း ကျဉ်းကျဉ်းလေး ဖြစ်နေပြီ။ ပစ္စည်းတွေနဲ့ ....”
အပြည့်အစုံသို့
အျပည့္အစုံသိုႛ
ဒေါ်စု၏ ရုံးချိန်း တပတ်နောက်ဆုတ် Reuters သတင်းဌာန ဇူလိုင် ၃၊ ၂၀၀၉ ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းကို ရုံးလုပ်ငန်းအမှားအယွင်းတခုကြောင့် တပတ် ရွှေ့ဆိုင်းလိုက်သည်ဟု သိရကြောင်း သူ၏ ရှေ့နေက ပြောသည်။ “ဗဟိုတရားရုံးချုပ်က အမှုတွဲဖိုင်တွေကို အောက်ရုံးကို ချမပေးဘူး။ ဒါကြောင့် ရုံးချိန်းကို ဇူလိုင်လ ၁၀ ရက်နေ့ကို ရွှေ့လိုက်တယ်လို့ သိရပါတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက သတင်းထောက်များကို ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီဖြစ်ရပ်ကို အံ့သြနေတယ်” ဟု ဆိုသည်။ ဤသို့ ရွှေ့ဆိုင်းလိုက်ခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည်သို့ ၂ ရက်ကြာခရီး လာရောက်မှုနှင့်လည်း တိုက်ဆိုင်နေသည်။ |
ပါဝါ ၅၄ ရဲ့ ၆၄ ပါဝါ အမည်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကဗျာစာအုပ် ကာတွန်း (ဦး) ဖေသိန်း ကွယ်လွန်ခြင်း အမှတ်တရ စာအုပ်ငယ် စာအုပ်စင်သာဂိ ဇူလိုင် ၂၊ ၂၀၀၉ အင်တာနက်စာဖတ်ပရိသတ်ထဲကို အချိန်နည်းနည်း နောက်ကျပြီး ရောက်လာတဲ့ အီး-စာအုပ်တအုပ်ကတော့ အထက်ပါအမည်နဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုစာအုပ်ဖြစ်ပါတယ်။ စီစဉ်သူတွေက ၈၈ မျိုးဆက် ကျောင်းသားများလို့ ဖော်ပြထားပြီး ပြည်ပက စာရေးသူများရဲ့ ကဗျာတွေကို အင်တာနက်မီဒီယာအသီးသီးက ကူးယူကောက်နုတ်ဖော်ပြထားပါတယ်။ မြန်မာပြည်တွင်းက ထင်ရှားတဲ့ စာမူရှင် ၃ ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ ကိုထွန်းမြင့်အောင် (၈၈ မျိုးဆက်) တို့ ဖြစ်တာကို တွေ့ရပါတယ်။ ပြည်တွင်းက ကွယ်လွန်သူ စာပေပညာရှင် ၂ ဦး ဖြစ်တဲ့ မင်းသုဝဏ်နဲ့ ကြည်အောင်တို့ရဲ့ ကဗျာ ၂ ပုဒ်လည်း ပါဝင်ပါတယ်။ | |
အျပည့္အစုံသိုႛ ... |
မြောက်ကိုရီးယားတို့ ရန်ကုန်တွင် ဗုံးဖောက်ခွဲခဲ့မှု မှတ်တမ်းဗီဒီယို အင်တာနက်တွင် ထွက်ပေါ် မိုးမခအထောက်တော် ၀၀၆ ဇူလိုင် ၂၊ ၂၀၀၉ ပေါက်ကွဲမှုအပြီး ဒဏ်ရာများဖြင့် ပြေးနေသူတဦး မြန်မာနှင့် မြောက်ကိုရီးယား စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ဆက်ဆံရေးသတင်းများ ပျံ့နှံ့နေချိန်တွင် မြောက်ကိုရီးယားတို့ ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်ကို ဗုံးဖောက်ခွဲခဲ့သည့် မှတ်တမ်းများက မြန်မာပြည်သား အင်တာနက် အသုံးပြုသူများထံသို့ ရောက်ရှိလာသည်။ http://www.youtube.com/watch?v=eTgP8B-IGug တွင် ဖော်ပြထားသော ရုပ်မြင်သံကြား သတင်းမှတ်တမ်းသည် ယမန်နှစ်ကပင် အင်တာနက်တွင် ဖော်ပြထားပြီး ဖြစ်သည်။ | |
အဴပည့္အစုံသိုႛ ... |
ဗိုလ်ချုပ်မှူးကြီး၏ စတိုင်သစ် ဓာတ်ပုံသတင်း ဇူလိုင် ၂၊ ၂၀၀၉စစ်ဝတ်စုံပေါ်တွင် အဖြူရောင် အုပ်ထားသော ၀တ်စုံဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံကို ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ အခြားသော စစ်ခေါင်းဆောင်များနှင့်အတူ ပူးတွဲ ရိုက်ကူးထားသော်လည်း ၎င်းတဦးတည်းသာ အဖြူရောင် အ၀တ်စ ပါရှိခြင်းဖြစ်သည်။ အဆိုပါ အ၀တ်စမှာ မည်သည့်အ၀တ်စ ဖြစ်သည်၊ မည်သည့်အကြောင်းအရာအတွက် အသုံးပြုသည်ကို မသိရပေ။ ( ဓာတ်ပုံများ - SPDC )
| |
အျပည့္အစုံသိုႛ ... |
more |
|
more |
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၄ ဦးနှင့် ဘန်ကီမွန်း တွေႚဆုံမည်
ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယား လျှို့ဝှက်ခရီး (၃)
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံနေရ
No comments:
Post a Comment