8.06.2009

လူကုန်ကူး မြန်မာဂိုဏ်းသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

သြဂုတ်၆
Photobucket
မြန်မာလူကုန်ကူး ဂိုဏ်းသား ၃ ဦးကို ဘန်ကောက်တောင်ဖက် ပင်လယ်ကမ်းခြေ မြို့ဖြစ်သော စတ်တဟစ်မြို့တွင် ယမန်နေ့က ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်သည်။
ယခုဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဒီအက်(စ)အိုင် အထူးစုံစမ်းရေဌာနက၊ ကလေးသူငယ်နဲ့ အမျိုးသမီး ကာကွယ်စောင့်ရေး ရဲတပ်ဖွဲ့အရာရှိ ရဲဒုတိယဗိုလ်မှူးကြီး ထနတ်ဖတ် မုစိကာနွန်းက “လူကုန်ကူးတဲ့ ဂိုဏ်သားတွေ လှောင်ပိတ်ထားတဲ့ မြန်မာ အလုပ်သမား ၈ ဦးထဲက ကျော်ဝင်းထွန်းဆိုသူက သူ့ဆွေမျိုးတွေကို ဆက်သွယ်လာတယ်။ ဂိုဏ်းသားတွေက ဘတ်ငွေ ၁ သောင်းခွဲတောင်းတယ်။ မပေးရင် ငါးဖမ်းလှေထဲ ရောင်းစားမယ်။ ဒါမှမဟုတ် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျော်ဝင်းထွန်းရဲ့ ဆွေမျိုးက လူမှုရေးအဖွဲ့ တစ်ခုရဲ့ အကူအညီနဲ့ ရဲကို တိုင်ကြားလာလို့ ရဲက ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်” ဟု ဘီဘီစီကို ပြောသည်။
လူကုန်ကူးတဲ့ ဂိုဏ်းသားများ နေအိမ်ကိုရှာဖွေသောအခါ လှောင်ပိတ်ခံထားရ သော မြန်မာအလုပ်သမား ၈ ဦးကိုပါ တွေ့ ရှိ ကယ်တင်နိုင်ခဲ့ကြောင်း ရဲကပြောသည်။ လူကုန်ကူးတဲ့ ဂိုဏ်းသားများကို လူကုန်ကူးမှု၊ မတရား လှောင်ပိတ်ထားမှု၊ ခြိမ်းခြောက်မှုများနှင့် အရေးယူ ခံရမည်ဖြစ်ပြီး ပြစ်ဒဏ်အားဖြစ် အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ် ကျခံနိုင်ဖွယ်ရှိသည်။
ပြီးခဲ့သော အပတ်က ဘန်ကောက်ရဲ့ တောင်ဖက် မဟာချိုင်းမြို့က ပုဇွန်စက်ရုံ တစ်ခုတွင် လှောင်ပိတ်ပြီး အလုပ်ခိုင်းခံနေရသော မြန်မာအလုပ်သမား အယောက် ၅ဝ ကျော်ကို အလုပ်သမားအရေး ဆောင်ရွက်သော မြန်မာအဖွဲ့ တစ်ခုနှင့် ဒီအက်စ်အိုင် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment