8.30.2009

ပုဇွန်အလုပ်ရုံတွင် ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် အလုပ်သမားများ အရေးပေါ်ဆေးရုံတင်ရ

သြဂုတ် ၂၈
ရွှေမောင်း
ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ကျုံဖေါ်မြို့ ပါနန်း လို့ ခေါ်တဲ့ ရေထွက်ကုန်တွေ ထုတ်လုပ်တဲ့ ပိုက်ဆိပ် ရှိ ပုဇွန် ကုန်ချော ထုတ်လုပ်သော ကုမ္ပဏီ တွင် ဂက်စ်အိုးမှ ဓါတ်ငွေ့ များယိုစိမ့်သဖြင့် အလုပ်သမား အချို့ အရေးပေါ် ဆေးရုံ တင်လိုက်ရသည်။
မြန်မာအလုပ်သမား ၈ယောက်ကို ပါနန်းဆေးရုံတွင် တင်လိုက်ရပြီး စိုးရိမ်ရသူ ၄ဦးကို ကျုံဖေါ်မြို့ဆေးရုံကြီးသို့ ပို့ ဆောင် လိုက်ရကြောင်း စက်ရုံအလုပ်သမတစ်ဦးကပြောသည်။ “နေ့လည် ထမင်းစား နားခါနီး ၁၁ နာရီကျော် လောက်မှာ ဓါတ်ငွေ့ယိုတော့ အနံ့ တော်တော်ပြင်းတယ် လူတွေ မူးမေ့လဲ ကုန်ကြတယ်။ ကျမတို့ ထွက်ပြေး ကြတော့ ဘာမှမဖြစ်လိုက်ဘူး၊ အလုပ်ရှင်က ဖြစ်ဖြစ်ချင်း ကားနဲ့ ဆေးရုံကို လိုက်ပို့ပါတယ်၊ ကျုံဖေါ်ဆေးရုံက ၄ယောက်တော့ ညနေပိုင်းအထိ ပြန်မဆင်း လာရသေးဘူး၊ ပါနန်း ဆေးရုံက ၈ ယောက်ကတော့ ညနေက ပြန်ဆင်းလာကြပါပြီ” ဂက်အိုးယိုစိမ့်ရာ အလုပ်ရုံအခန်းအမှတ် ၄ တွင် အများစုမှာ မြန်မာအလုပ်သမားများ ဖြစ်ကြသည်။ မြန်မာများ အခေါ် ဆီးဗစ် ပုဇွန် ကုမ္ပဏီ တွင် မြန်မာ အလုပ်သမားများ ထောင်ချီ၍ ရှိသည်။ယခင်ကအဆိုပါ ဤအလုပ်ရုံတွင် မြန်မာအလုပ်သမားကို လက်မခံခဲ့ သော်လည်း ယခုနှစ်တွင် နေထိုင်အလုပ်ကိုင်ခွင့် ဘတ် လုပ်ပေးသဖြင့် မြန်မာ အလုပ်သမားများကို ခေါ်ခဲ့သည်။ နေ့တွက်အခ အပါအဝင် အချိန်ပိုကြေးပါ အလုပ်သမား တစ်ဦးလျှင် ဘတ်ငွေ ၃ဝဝ ကျော်ရကြောင်း ၄င်းအလုပ်ရုံမှ အလုပ်သမားများက ပြောသည်။
ကျုံဖေါ်မြို့ နယ် ပါနန်းလှေဆိပ်တစ်နေရာတည်းတွင် မြန်မာအလုပ်သမားများသုံးလေးသောင်းဝန်းကျင်ခန့် ရှိနိုင် ကြောင်း အလုပ်သမားများကပြောသည်။

No comments:

Post a Comment