8.30.2009

မြန်မာ့ စစ်အုပ်စု၏ ရုပ်မြင်သံကြား MRTV မှ ကိုးကန့်သတင်းထုတ်ပြန်ကြေငြာ

နအဖ စစ်အုပ်စု၏ MRTV ရုပ်မြင်သံကြား အစီအစဉ်မှ ယခုလ ၂၇ ရက်မှ ၂၉ ရက် အထိစစ်တပ် နှင့် ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တပ်ဖွဲ့များ ဖြစ်ပွါးခဲ့သော တိုက်ပွဲများနှင့် ပါတ်သက်၍ သတင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်၏။
မြန်မာ့ရုပ်မြင်သံကြား၏ ထုတ်ပြန်ချက်အရ ထိုတိုက်ပွဲမျာား အတွင်း နအဖဘက်မှ စစ်သား ၁၁ဦးနှင့် ရဲတပ်သား ၂၉ဦး ကျဆုံးခဲ့ပြီး ။ ကိုးကန့်ဘက်မှ ၈ဦး ကျဆုံးခဲ့ကြောင်း ကြေငြာသွားခဲ့ ပါသည်။
ယခုအခါတွင် စစ်တပ်မှ ဒေသအားလုံးကို ထိမ်းချုပ် ထားလိုက်ပြီဖြစ်ပြီး ကိုးကန့်ဒေသ အုပ်ချုပ်ရေးကော်မတီက အခြေအနေ အားလုံးကို ထိမ်းသိမ်းထားနိုင်ပြီဖြစ်၍ ရာနှင့်ချီ၍ ထွက်ပြေးသွားကြသော ဒေသခံများကို ပြန်လာ ကြရန် ဖိတ်ခေါ်ခဲ့ပါသည်။
ထိုဒေသကို ယခုအခါ ဒေသဆိုင်ရာ ယာယီအုပ်ချုပ်ရေး ကော်မတီ၏ ထိမ်းသိမ်းမှု အောက်တွင် အေးချမ်း တည်ငြိမ်မှုများရရှိနေပြီ ဖြစ်၍ ထွက်ပြေးတိမ်းရှောင်သွားသူများ အားလုံးကို ပြန်လာကြရန် ပြောကြားခဲ့ပါသည်။
သို့ရာတွင် အထက်မြန်မာပြည် မန္တလေးနှင့် စစ်ကိုင်း မြို့များတွင် စစ်တပ်မှ ပေါ်တာဆွဲမှုများကို စတင် ပြုလုပ် နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရပါသည်။

No comments:

Post a Comment