8.18.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ဆီိနိတ်တာ ဂျင်ဝဘ်၏ ခရီးစဉ်နှင့် ပါတ်သက်၍ အမေရိကန်သံရုံး ဒုတိယ တာဝန်ခံက သံတမန်များကို ယနေ့ရှင်းလင်းပြောပြ
ပြီးခဲ့သော တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဆီနိတ်တာ ဂျင်ဝဘ်တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းနှင့် ပါတ်သက်၍ မြန်မာနိုင်ငံရှိ အမေရိကန် သံရုံး၏ ဒုတိယ တာဝန်ခံ မစ္စတာ သောမတ်ဗီဂျာက နိုင်ငံခြား သံတမန် များအား ရှင်းလင်း ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ သူမအနေဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာမှုများ အတွက် အမြဲ အဆင်သင့်ရှိကြောင်း ဆီနိတ်တာ ဂျင်ဝဘ်နှင့် မိနစ်၄၀ကြာ တွေ့ဆုံစကားပြောခဲ့ရသည့် အချိန် တွင် ပြောဆိုခဲ့ကြောင်း ပြောပြခဲ့ပါသည်။ မစ္စတာဂျင်ဝဘ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရတို့ တွေ့ဆုံ ဆွေးနွေးနိုင်ရေး အတွက် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်ဟုလည်း သံတမန် အသိုင်း အဝိုင်းအား ပြောပြခဲ့ပါသည်။
သံတမန်တဦး၏ ပြောပြချက်အရ အမေရိကန် သံရုံး ဒုတိယ တာဝန်ခံ မစ္စတာ သောမတ် ဗီဂျာက အမေရိကန် သံရုံးတွင် ယနေ့ နေ့လည်ပိုင်းက ပြုလုပ်သော ရှင်းလင်းပွဲတွင် ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆီနိတ်တာ ဂျင်ဝက်တို့သည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးနိုင်ရေးနှင့် အတိုက်အခံ တို့နှင့် စစ်အစိုးရတို့ တွေ့ဆုံ ဆွေးနွေးနိုင်ရေးကိုသာ အဓိကအားဖြင့် ဆွေးနွေးခဲ့ကြောင်း ပြောပြသွားခဲ့သည် ဟု သိရပါ သည်။ သို့ရာတွင် စီးပွားရေး ပိတ်ဆို့မှုနှင့်ပါတ်သက်၍ မည့်သို့သော ဆွေးနွေး သဘောတူညီမှုမှ မရရှိခဲ့ ဟုလည်း မစ္စတာသောမတ် ဗီဂျာက ထပ်လောင်းပြောဆိုပါသည်။
၎င်းက ဆက်လက်ပြောပြရာတွင် စနေနေ့ နံနက်ပိုင်းက နေပြည်တော်တွင် ဆီနိတ်တာ ဂျင်ဝဘ်နှင့် ဗိုလ်ချုပ် မှုးကြီး သန်းရွှေတို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဆီနိတ်တာ ဂျင်ဝဘ်က သူသည် စီးပွါးရေး ပိတ်ဆို့မှုကို ဆန့်ကျင်သူ တဦးဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေက တုန့်ပြန်ပြောဆိုဆွေးနွေးခဲ့ခြင်း မရှိဟုလည်း ပြောပြသွားခဲ့ပါသည်။
ဆီနိတ်တာ ဂျင်ဝဘ်နှင့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေတို့ တွေ့ဆုံဆွေးနွေးမှု အတွက် အမေရိကန် အစိုးရ၏ မည့်သည့် သဘောတူညီချက်ကိုမှ ပေးအပ်ထားခြင်း မရှိခဲ့ပါဟု ၄င်းက ရှင်းပြသွားခဲ့သလို၊ ဆီနိတ်တာ ဂျင်ဝဘ် အနေ နှင့်လည်း မြန်မာစစ်အစိုးရနှင့် မည်သည့် သဘောတူညီချက်ကို မှ သယ်ဆောင်လာခဲ့ခြင်း မရှိဟု ရှင်းလင်း ပြောပြ သွားခဲ့ကြောင်း သံတမန်များ၏ ပြောပြချက်အရ သိရှိရပါသည်။
ရွှေဝါရောင် သတင်းလွှာ၏ ပြည်တွင်းသတင်းထောက် တဦးမှ ပေးပို့ပါသည်။


Burma's opposition leader Aung San Suu Kyi (2008 file)

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာထက် ကိုယ့်နိုင်ငံအတွင်း အချင်းချင်း အရင် ညှိနှိုင်းဖို့ လိုတယ်လို့ ပြောကြောင်း NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းက မနေ့က ပြောလိုက်ပါတယ်။

ပူးပေါင်းဆောင်ရွက်ရေး ပြည်တွင်းတွင် ပထမဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို

ပူးပေါင်းဆောင်ရွက်ရေး ပြည်တွင်းတွင် ပထမဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ လျှော့ချရန် အတွက် ပြည်ပနိုင်ငံများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း မပြုမီ မြန်မာ ပြည်တွင်းတွင် ဦးစွာ ပူးပေါင်း

အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲ မရှိသေး

မစ္စတာ ဂျွန် ဝီလျံ ယက်ထော ပြန်လည် လွတ်မြောက် လာခြင်းကို ကြိုဆိုသော်လည်း ထို ဖြစ်ရပ်ကြောင့် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြန်လည် သုံးသပ်နေမှုအပေါ်

ကာတွန်းဟန်လေး လက်ရာစုစည်းမှု အမှတ် ၂ ထွက်ပြီ

ဧရာဝတီမဂ္ဂဇင်း ပင်တိုင်ကာတွန်းဆရာ ဟန်လေး၏ အကောင်းဆုံး လက်ရာများကို စုစည်းထားသည့် နိုင်ငံရေးကာတွန်းပေါင်းချုပ် အမှတ် ၂ ထွက်ပြီဖြစ်သည်။ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက် ရန်ကုန်မြို့ခံများ မကျေနပ်ကြ

ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်လိုက်သည့် စီရင်ချက်နှင့် ပတ်သက်၍ ရန်ကုန်မြို့ခံ ၂၅ ဦးအား မေးမြန်းကြည့်ရာ ၂၁ ဦးမှာ လုံးဝ ကျေနပ်မှု မရှိ၊ လွှတ်သင့်သည် ဟု ဖြေကြား

ဘန်ကောက် ဖက်ရှင်ပြပွဲတွင် မြန်မာဒီဇိုင်းများ မျက်နှာပန်းလှ

သြဂုတ် ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံဘန်ကောက်မြို့ ဖက်ရှင်ပြပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု ဖက်ရှင်ဒီဇိုင်း ပညာရှင်များ၏ လက်ရာများကို လာရောက်

ရန်ကုန်ယူနိုက်တက်အသင်း ဘန်ကောက်တွင် ထိုင်းအသင်းများနှင့် ခြေစမ်းမည်

နာမည်ကြီး စီးပွားရေးသမား ဦးတေဇ ပိုင်ဆိုင်သည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ထိုင်းအခြေစိုက် နာမည်ကြီး ဘောလုံးအသင်းများနှင့် ဘန်ကောက်တွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်

“ပြန်ပေဦးတော့ ကျေးဇူးရှင်ရေ ... ဘိုင့်ဘိုင်”

E-mail Print


မစ္စတာဂျင်မ်ဝက်ဘ်နှင့် ဆွေးနွေးမှုများ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ရှင်းလင်း
မင်းနိုင်သူ / ၁၈ သြဂုတ် ၂၀၀၉

“Interaction ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ လိုတာမှန်တယ်။ သို့သော်လည်းပဲ အဲဒီ Interaction က ပြည်တွင်းမှာ အရင်စဖို့လိုတယ်။ ပြည်တွင်းမှာလုပ်နိုင်မှ နိုင်ငံတကာမှာလုပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အောင်မြင်မှုရမယ်လို့ .....”အပြည့်အစုံသို့
နအဖဆန့်ကျင်ရေးလှုပ်ရှားမှု ပေါ်ပေါက်ပါက မြို့ခံအာဏာပိုင်များအား အရေးယူမည်
ဝီရ / ၁၈ သြဂုတ် ၂၀၀၉ “ကိုယ့်မြို့မှာ စာကပ်ဆေးဖြန်းတာတို့၊ ဆန္ဒပြတာတို့ စတဲ့ဆန့်ကျင်ရေးလုပ်ရပ်တွေ ဖြစ်လာရင် မြို့ခံအာဏာပိုင် အဖွဲ့အစည်းတွေကို အရေးယူမယ်တဲ့.....”အပြည့်အစုံသို့
မန္တလေးကျောက်စိမ်းဈေးကွက် တရုတ်ဝယ်လက် နည်းပါး
ခိုင်လင်း / ၁၈ သြဂုတ် ၂၀၀၉ “မူဆယ်လမ်းကနေ မန္တလေးဆင်း ရင် တရုတ်ငွေ ယွမ် (၃ဝဝ)၊ ဗမာငွေနဲ့ဆို ....”အပြည့်အစုံသို့


ရာဇာလီ-ဂမ်ဘာရီ-ဘန်ကီမွန်း-ဂျင်မ်ဝက်ဘ်၊ ‘ရက်စက်တယ်’ နဲ့ ဒီမိုကရေစီပွဲကြိုက်ခင်များ


ဒေါက်တာလွဏ်းဆွေ / ၁၈ သြဂုတ် ၂၀၀၉
နအဖက ဒီမိုကရေစီလှုပ်ရှားသူတွေ၊ ပြည်သူတွေအပေါ် မရက်စက်အောင် မရက်စက်နိုင်အောင် မရက်စက်ရဲအောင် ဘယ်လိုလုပ်ဆောင်မလဲ၊ ဘယ်လိုခုခံမလဲ၊ ဘယ်လိုလက်ဦးမှု ယူပြီး တိုက်ပွဲဝင်မလဲ ဆိုတာကို မစဉ်းစားခဲ့ကြဘူး။ ကြိုတင် မပြင်ဆင်ခဲ့ကြဘူး။ အင်အား...အပြည့်အစုံသို့

ဗျူဟာကို ဖော်ထုတ်ခြင်း

နက်နက်နဲနဲ တွေးကြည့်ရင် ဗျူဟာဆိုတာ တော်လှန်ရေး တိုက်ပွဲတခု၊ စစ်ပွဲတပွဲရဲ့ အရှုံးအနိုင်ကို အဆုံးဖြတ်ပေးနိုင်တာမို့ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။...

KNU က ခွဲထွက်များ ပြန်လည် ပူးပေါင်းမှု ကြိုးပမ်းသွားမည်

KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ KNLA တပ်ရင်းအချို့က KNU သို့ DKBA တပ်ဖွဲ့ဝင်များ ပိုမို၍ ပြန်လည် ပူးပေါင်းလာနိုင်မည့် နည်းလမ်းများကို ဆွေးနွေး...

ဆန်ဖရန်ရောက်မြန်မာများက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆန္ဒပြ

နိုင်ငံရေးအကျဉ်းသားများ လုံးဝလွတ်မြောက်ရေးသာ အဓိကကျကြောင်း ထုတ်ဖော်ပြော

မိုးမခဓာတ်ပုံသတင်း

သြဂုတ် ၁၈၊ ၂၀၀၉

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားနယ်၊ ဆန်ဖရန်စစ္စကိုမြို့၊ ယမန်နေ့နေ့ခင်း ၁၂ နာရီ၊ အစိုးရရုံး (ဖယ်ဒရယ်အဆောက်အဦ) ရှေ့တွင် မြန်မာအရေးလှုပ်ရှားသူများ စုဝေးကြပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးတို့အတွက် ဆန္ဒပြခဲ့ကြသည်။
အျပည့္အစုံသိုႛ ...


စက်တင်ဘာ သုညခွန်

ဆွန်း

သြဂုတ် ၁၈၊ ၂၀၀၉

ဒါဟာ ချောက်ချား ကြောက်လန့်အောင်
ဇာတ်လမ်း ဇာတ်ကွက်ဆင်ထားတဲ့
ပုံပြင်တပုဒ် မဟုတ်ဘူး...
အမှန်တကယ် ဖြစ်ခဲ့ ပျက်ခဲ့တယ်..။

အမှန်တကယ့်ကို
ဖြစ်ခဲ့ ပျက်ခဲ့တယ်..။
အျပည့္အစုံသိုႛ ...

သတင်းထောက်တဦး၏ နာဂစ် ဒိုင်ယာရီ - ၉

သန်းစိုးလှိုင်

သြဂုတ် ၁၇၊ ၂၀၀၉

(နတ်သမီးကျွန်း၊ တလ အကြာ၊ အလောင်းများ တင်ရစ်နေဆဲ)

နာဂစ်နှင့် လူသား၏ ဂုဏ်သိက္ခာ

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသည့်နောက်တွင် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာ၏ အမြင်တွင်လည်း စိတ်လက်မသက်မသာ ဖြစ်ခဲ့ရသည့် ကိစ္စရပ်ကြီး တခုရှိခဲ့သည်။ ထိုအဖြစ်အပျက်မှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားကြရသူများ၏ ရုပ်အလောင်းများ ရှာဖွေခြင်းနှင့် သဂြိုဟ်ခြင်းပင်ဖြစ်သည်။
အျပည့္အစုံသိုႛ ...


more

လွှတ်တော်အမတ် Webb ပြောဆိုချက် ဒေၞအောင်ဆန်းစုကြည် ငြင်းဆို

အမေရိကန်လွှတ်တော်အမတ် Jim Webb သတင်းစာရှင်းလင်းပွဲပြုလုပ်

မြန်မာအပေၞ ဥရောပသမဂ္ဂ အရေးယူမှုဥပဒ္ဘေဗိတိန်ပြဌာန်း

စစ်အစိုးရ အကောင်းဘက်ပြောင်းလဲဖိုႛ အလားအလာ ဦးခင်မောင်ဆွေပြောကြား

No comments:

Post a Comment