9.03.2009

ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံ မနက်ဖြန်တင်သွင်းမည်

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေနှင့် NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သူတို့ အနေဖြင့် အယူခံလွှာကို အချက်နှစ်ချက် အပေါ်မူတည်၍ ပြင်ဆင်ထားကြောင်း ပြောပြခဲ့သည်။
ပထမအချက် အနေဖြင့် အကျယ်ချုပ်ကျခံထားရသူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အတွင်းသို့ မစ္စတာ ဂျွန်ယက်တော အင်းလျှားကန်ကိုဖြတ်၍ ရေကူးပြီး ကျူးကြော်ဝင်ရောက်လာခြင်းနှင့် ပါတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်တွင် လုံးဝအပြစ်မရှိ ရှိကြောင်းနှင့် ဒုတိယအချက် အနေဖြင့် တရားစွဲဆိုသည့် ပုဒ်မသည် ၁၉၇၄ခုနှစ် အခြေခံဥပဒေကို အခြေခံ၍ ၁၉၇၅ ခုနှစ်တွင် ရေးဆွဲခဲ့သော အမျိုးသား လုံခြုံမှုကာကွယ် စောင့်ရှောက်မှုဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုခဲ့ရာ ၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာသိမ်းခဲ့စဉ် ကတည်းက ထိုဥပဒေကို သက်တမ်းတိုးခြင်း မရှိခဲ့ကြောင်း ထိုကြောင့် ထိုဥပဒေကို အသုံးပြု၍ တရားစွဲဆိုခြင်းသည် မှန်ကန်မှု မရှိကြောင်း ပြောပြခဲ့ပါသည်။
မနက်ဖြန်တွင် ရန်ကုန်တိုင်း တရားရုံးသို့ အယူခံလွှာကို လျှောက်လဲမည် ဖြစ်ကြောင်းကိုလဲ ပြောပြခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထိုအမှုနှင့်ပါတ်သက်ပြီး ထောင်ဒဏ်၃နှစ် ချမှတ်ခဲ့ပြီး နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ၁၈လသို့ ပြောင်းလဲခဲ့ပြီး နေအိမ်တွင် အကျယ်ချုပ်ဖြင့် နေထိုင်စေခဲ့ပါသည်။
သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ထဲသို့ ရေကူး၍ ကျူးကျော်ဝင်ရောက်ခဲ့သူ ဂျွန်ယက်တောကိုမူ အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝဘ်၏ ၃ရက်ကြာ ခရီးစဉ် အပြီးတွင် အမေရိကန်နိုင်ငံသို့ ပြန်ခွင့် ပြုခဲ့ပါသည်။
ပြည်တွင်းသတင်းထောက်တဦး(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment