9.03.2009

စက်တင်ဘာလ၏ ပွဲဦးထွက် လှုပ်ရှားမှု



ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဓါတ်ပုံဖြန့် ဝေခြင်း လှုပ်ရှားမှု့  ကို ယနေ့  ဒေါ်အောင်ဆန်း စုကြည်မွေးနေ့  ဖြစ်သော အင်္ဂါနေ့ တွင် ရန်ကုန် မြို့တွင်း မြို့ ပြင် များတွင် ဖြန့် ဝေလိုက်သည် ။ရန်ကုန်မြို့ တွင်း နေရာများမှာ သိမ်ကြီးဈေးအနီးတ၀ိုက်၊ကြည့်မြင်တိုင်ညဈေး အနီး ၊ ပုဇွန်တောင်ဈေးအနီးတွင်လည်းကောင်း ပြလုပ်ခဲ့ပြီး ရန်ကုန်မြို့ ပြင်နေရာများမှာ လှိုင်သာယာမီးခွက်ဈေးနီးနှင့်  မင်္ဂလာဒုံဆယ်မိုင် ကုန်းအနီးတို့  တွင် ဖြန့်ဝေခဲ့သည် ။
မိမိတို့ ဓါတ်ပုံ ဖြန့် ဝေရခြင်း၏ ရည်ရွယ်ချက် များဖြစ်သည့် “ စက်တင်ဘာသံဃအရေးတော်ပုံကြီးနှင့် အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရမည်” “ပြည်သူ့ ခေါင်းဆောင်အတွက် ပြည်သူတွေကိုယ်တိုင် ကြိုးစားကြပါစို့” “အင်္ဂါနေ့ ည ရှစ်နာရီအချိနတွင်မိမိနေအိမ်များ၌ ဓါရဏပရိတ်ရွတ်ဆိုကြပါစို့ ” ဆိုသည့် စာတန်း များအားလည်း ဓါတ်ပုံများနောက်တွင် ရေးသားဖြန့် ဝေခဲ့သည် ။

No comments:

Post a Comment