9.23.2009

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ အစီရင်ခံစာထုတ်ဝေ

Photobucket
စက်တင်ဘာ ၂၃

ယမန်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ရှိသော နိုင်ငံခြားသတင်းထောက်ကလပ်တွင် အမေရိကန် အခြေစိုက် လူ့ အခွင့်အေ၇း စောင့်ကြည့်လေ့လာရေး အဖွဲ့ အာရှဒေသမှ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ထုတ်ဝေလိုက်သည်။ မြန်မာပြည်မှ သံဃာတော်များ ခုခံတော်လှန်ရေးနှင့် ဗုဒ္ဓဘာသာနှင့် တက်ကြွလှုပ်ရှားမှု ဟုခေါင်းစဉ်ထပ်ထားသော စာမျက်နှာ ၂၅မျက်နှာပါ အစီရင်ခံစာကို ထုတ်ဝေခဲ့သည်။

အမေရိကန်နိုင်ငံအခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အာရှရေးရာတာဝန်ခံ ဒေးဗစ် ဆိုကော့ မက်သီဆွန် နှင့် မြန်မာ့အေ၇း ကျွမ်းကျင်သူ စာရေးဆရာ သတင်းစာဆရာ ဘာတင်းန်လက်တနာ တို့ က သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဒေးဗစ် ဆိုကော့ မက်သီဆွန် က “မြန်မာနိုင်ငံရဲ့ အနေအထားက တော်တော်ကြီးကို ဆိုးဝါးလာပါတယ်။ မြန်မာနိုင်ငံ အတွင်းက သံဃာတော်တွေဟာ ဖိအားပေး ခြိမ်းခြောက်ခံရတာတွေ၊ စောင့်ကြည့်တာတွေ ခံနေရပါတယ်။ ခုအချိန်ဟာ သံဃာ့တော်လှန်ရေး နှစ်ပတ်လည်ကာလလည်း ဖြစ်ပါတယ်။ လာမယ့်၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ် လို့ အစိုးရက ကြေညာထားပါတယ်။ ဖိနှိပ်မှုတွေ အယင်ကထက် ပိုဆိုးဝါး လာနိုင်ဖွယ်ရာရှိပါတယ်။

မြန်မာရဟန်းတော်တွေကလည်း ၂၀၀၇ ရွှေဝါရောင်တုန်းကလို ပြင်းထန်တဲ့ အုံကြွမှုကြီး ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံထောင်ထဲမှာ မြန်မာရဟန်းတော် ၂၄၀ ကျော်ရှိတယ်။ ရွှေဝါရောင်တော်လှန်ရေးတုန်းက သံဃာ၃၁ပါး အသတ်ခံခဲ့ရတယ်လို့ ကုလစုံစမ်းစစ်ဆေးရေး ဒေါက်တာ ပေါလိုပင်ညဲရိုး ကထုတ်ပြန်ခဲ့ပေမယ့် ဒီထက်ပိုများနိုင်ပါတယ်။ အရေအတွက်အတိအကျကိုတော့ ကျနော်တို့ မပြောနိုင်သေးပါဘူး”ဟု ပြောသည်။

အစီရင်ခံစာတွင် သံဃာတော်များ ဖိနှိပ်ခံနေရပုံ အမြောက်အများပါဝင်ပြီး၊ သေနတ်ထိမှန်ခဲ့သော်လည်း အချိန်မီဆေးဝါးကုသမှု မခံယူနိုင်လိုက်သဖြင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသော သံဃာတော်တစ်ပါး၏ ဓါတ်ပုံနှင့် လည်ပင်းတွင် နံပါတ်တုတ်ဖြင့် အရိုက်ခံရသဖြင့် သေရာပါဒဏ်ရာဖြစ်နေသော သံဃာတစ်ပါးပုံ တို့ကိုဖေါ်ပြထားသည်။

ယခုအစီရင်ခံစာ စာအုပ်ပြုစုသူ ဆီဒင်လူမျိုးသတင်းစာဆရာ ဘာတင်းလယ်တနာက “အတိတ်က ဖြစ်ရပ်တွေကြောင့် မြန်မာတွေ့ရဲ့စိတ်ထဲမှာ အနာရွတ်တော့ထင်ကျန်နေပါတယ်။အာဏာတွေက လူတွေရဲ့ စိတ်သဘောထား ခံစားချက်ဆန္ဒတွေကို ဖိနှိပ်လို့မရနိုင်ပါဘူး။

ခုလောလောဆယ် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာနိုင်ဖွယ်ရာမရှိပေမယ့် အခြေအနေပေးတာနဲ့ သံဃာတော်တွေ ပြန်ပြီးဦးဆောင်လာလိမ့်မယ်” ယခုကဲ့သို့ စာအုပ်ပြုစုရေးသား ထုတ်ဝေခြင်းကြောင့် မြန်မာပြည်သူများအတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြသော မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ သံဃာတော်များကို နိုင်ငံတကာမိသားစုက မမေ့မလျှော့ရန်နှင့် ပစ်မထားကြ၇န် လိုအပ်သည်။

မြန်မာပြည်သူများအပေါ် မတရားဖိနှိပ်အုပ်ချုပ်နေသော မြန်မာစစ်အစိုးရအား နိုင်ငံတကာမိသားစုများက ဘဏ္ဍာငွေကြေး၊ စီးပွားရေး တိကျခိုင်မာသော ကိစ္စရပ်များကို အရေးယူခြင်းဖြစ်လာစေရန် ရည်ရွယ်ကြောင်း ဒေးဗစ် ဆိုကော့ မက်သီဆွန် က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုမတိုင်ခင် နိုင်ငံရေးအပြောင်းအလဲ တစ်စုံတစ်ခု ဖြစ်အောင် နိုင်ငံတကာမှ မပြောင်းလဲနိုင်လျှင် မြန်မာနိုင်ငံ၏ အနေအထားမှာ သံဃာ့လှုပ်ရှားမှု တစ်ခုပေါ်ပေါက်လာနိုင်ကြောင်း အစီရင်ခံစာတွင် သတိပေးထားသည်။ ၊မြန်မာသမိုင်းတွင်လူထု ဆင်းရဲကျပ်တည်းမှု ကြုံလာတိုင်း သံဃာတော်များက လူထုရှေ့မှ ကြံ့ကြံ့ခံ ဦးဆောင်ပါဝင်ခဲ့သည်များကို အစီရင်ခံစာတွင် ထောက်ပြထားသည်။ အထူးသဖြင့် ၂၀၀၇ ခုနှစ်စက်တင်ဘာ ရွှေဝါရောင် တော်လှန်ေ၇း နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေးမှ သံဃာတော်များနှင့် ပြည်ပတွင်ရှိသော သံဃာတော်အပါး၃၀ ကျော်တို့ကို မေးမြန်းသုသေတနပြု မှတ်တမ်းပြုစုထားသည်။
ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment