9.23.2009

NLD က အကျဉ်းသားများ လွှတ်ပေးသည့်အပေါ် ကြေငြာချက်ထုတ်ပြန်

NLD က ယနေ့ နေ့လည်က ထုတ်ပြန်ခဲ့သော ကြေငြာချက်ထဲတွင် အကျဉ်းသား ၇၁၁၄ ဦး လွှတ်ပေးသည့် အပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ထုတ်ပြန်လိုက်ပြီး ပါတီခေါင်းဆောင်များ ဖြစ်သော ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်သားခေါင်းဆောင်များ ၊ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ နိုင်ငံရေး အကျဉ်းသား အားလုံးကိုပါ ချွင်းချက်မရှိ လွှတ်ပေးပါရန် ထပ်လောင်း တောင်းဆိုလိုက်ပါသည်။
ပြန်လည်လွတ်မြောက်လာသော NLD အဖွဲ့ဝင်များကိုလည်း ပါတီနှင့် ပြန်လည်ပူးပေါင်းပါရန် ဖိတ်ခေါ်ခဲ့ပါသည်။
NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက အကျဉ်းထောင်ပေါင်းစုံမှ လွတ်မြောက်လာသော အကျဉ်းသား ၇၁၁၄ ယောက်ထဲတွင် နိုင်ငံရေး အကျဉ်းသား ၁၃၅ ယောက်သာ ပါသည်ဟုလည်း ပြောပြခဲ့ပါသည်။ ထိုအထဲတွင် ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ် ၃ဦး၊ NLD တီ၏ ဥပဒေရေးရာ အကြံပေး အဖွဲ့ ဥက္ကဌ ရှေ့နေ ဦးစိုးဟန် အပါအဝင် NLD ပါတီဝင် ၄၃ယောက်သာ ပါရှိသည်ဟုလည်း ပြောပြသွားခဲ့ပါသည်။


No comments:

Post a Comment