9.20.2009

ဒေါ်အောင်ဆန်းစုကြည် သူမဆရာဝန်နှင့် တွေ့ခွင့်ရ

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ မိသားစုဆရာဝန်နှင့် ယနေ့ နေ့လည် ၁နာရီက တွေ့ဆုံခွင့်ရခဲ့ကြောင်း သတင်းရရှိပါသည်။
မျက်မြင် သက်သေများ၏ ပြောပြချက်အရ သူမ၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် သူ၏ လက်ထောက် ဖြစ်သူ ဒေါက်တာ ပြုံးမိုအိ တို့သည် ယနေ့ နေ့လည် ၁နာရီမှ ညနေ၄နာရီအထိ တွေ့ဆုံ၍ ကျမ်းမာရေး စစ်ဆေးခွင့်ရရှိခဲ့ကြောင်း သိရပါသည်။ ယခုအကြိမ်သည် သူမ၏ နေအိမ်ဝင်း အတွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဝင်ရောက်သည့် ကိစ္စနှင့် ပါတ်သက်ပြီး တရားစွဲဆို၍ ထောင်ဒဏ်၃ နှစ် ချမှတ်ခံရသည့် နောက်ပိုင်း ပထမဆုံးအကြိမ် ကျမ်းမာရေး စစ်ဆေးမှု ခံယူခွင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။
သူမကို အခြားဆရာဝန်နှင့် ကျမ်းမာရေးစစ်ဆေးရန် ခွင့်ပေးခဲ့သော်လည်း သူမက သူမ၏ ဆရာဝန်နှင့် စစ်ဆေးခွင့်ကိုသာ တောင်းဆိုခဲ့သော်လည်း ငြင်းဆိုခြင်း ခံခဲ့ရပါသည်။
ပြည်တွင်း သတင်းထောက် ရွှေဝါရောင် သတင်းလွှာ

No comments:

Post a Comment