9.20.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ကိုဇာဂနာ လွတ်ပြီဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း
မိသားစုများကို ဆက်သွယ်မှု မရှိသေးဟုပြော
ယနေ့နံနက်ပိုင်းက ကိုဇာဂနာနှင့်သူ၏ အမှုတွဲများ လွတ်မြောက်ပြီဟု သတင်းများထွက်ပေါ်ခဲ့ရာ ၄င်းရှိနေရာ မြစ်ကြီးနား အကျဉ်းထောင် နှင့်ပါတ်သက်သော နီးစပ်ပါတ်သက်ရာ အသိုင်းအဝိုင်းများနှင့် ပြည်တွင်း သတင်း ရပ်ကွက် အချို့က အတည်ပြုပြောကြားခဲ့သော်လည်း နောက်ဆုံးသတင်းများအရ မိသားစုများသို့ ယခုအချိန် အထိ ဆက်သွယ် အကြောင်းကြားမှုမရှိသေးကြောင်း သိရပါသည်။
ပြည်တွင်း သတင်းထောက်များ၏ ပြောကြားချက်အရ ယခုအချိန်အထိ လွတ်မြောက်လာပြီဟု အတည်ပြု နိုင်သော သတင်းအချက်အလက်များ မရရှိသေးကြောင်း သိရပါသည်။
Saffron Mail Letter Group
AAPP logo

စက်တင်ဘာလ ၁၈ ရက်နေ့ကစလို့ မြန်မာစစ်အစိုးရက အကျဉ်းသားတွေ ပြန်လွှတ်ပေးနေတာမှာ ဒီနှစ်ရက်အတွင်း ပြန်လွတ်လာတဲ့ အကျဉ်းသားတွေထဲက နိုင်ငံရေး အကျဉ်းသား ၁၀၄ ယောက်ပါတယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက စာရင်းထုတ်ပြန်ခဲ့ပါတယ်။


NLD လမ်းစဉ်အတိုင်း ဆက်သွားမည်ဟု မုံရွာအောင်ရှင်ပြော

ထောင်ဒဏ် ကိုးနှစ်ကျော် ကျခံခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သော စစ်ကိုင်းတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မုံရွာအောင်ရှင်က ပါတီ၏ လမ်းစဉ်အတိုင်း...

ဂျပန်တွင် လက်စွမ်းပြသည့် စက္ကူလေယာဉ်ချန်ပီယံ တတိယဆု ဆွတ်ခူး
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၀၊ ၂၀၀၉
အျပည့္အစုံသိုႛ ...
Daw Suu has low blood pressure

သွေးပေါင်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်ထံ ဆရာဝန် သွားခွင့်ရ
AP သတင်းဌာန
စက်တင်ဘာ ၂၀၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ တွေ့ပြီး ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခဲ့သည့် မိသားစု ဆရာဝန်က ဒေါ်အောင်ဆန်းစုကြည်သည် သွေးပေါင်ချိန်ကျနေသည်ဟု ပြောလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း၏ အဆိုအရ ဒေါက်တာတင်မျိုးဝင်း နှင့် သူ၏ လက်ထောက်တဦး ယနေ့ တနင်္ဂနွေနေ့တွင် သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဆရာဝန်က ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးက ယေဘုယျအားဖြင့် ကောင်းပါတယ်။ ဒါပေမယ့် သွေးပေါင်ကျနေတယ် တဲ့” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ဆိုသည်။

အျပည့္အစုံသိုႛ ...


more


more


more


more


more


more


more

No comments:

Post a Comment