9.25.2009

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက် အကြံပြုစာ ပေးပို့

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှု ထားမှုများကို လျှော့ကျသွား စေနိုင်ရေးအတွက် အကြံပြု ဆွေးနွေးချက် တစောင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက်ပေးပို့သွားမည်ဟု ဆိုပါသည်။ ထိုသို့ တိုက်ရိုက်ရေးသားမှုသည် ၁၉၈၈ ခုနှစ် ဧပြီလ ၂ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိချိန်မှ စ၍ ပထမဦးဆုံး စာဖြင့်ရေးသား အကြံပြုမှုဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းနှင့် ရှေနေများက သူမဤနေအိမ်သို့ သွားရောက်ကာ မနေ့က သွားရောက် တွေ့ဆုံစဉ်က စာကြမ်းရေးသားပြီး ယနေ့တွင် လက်မှတ်ရေးထိုးအတည်ပြုရန် သွားရောက် ခဲ့ပါသည်။
ထိုစာကို မနက်ဖြန်တွင် စာတိုက်စနစ်ဖြင့် Register ပြုလုပ် ပေးပို့မည်ဟု ဦးဥာဏ်ဝင်းမှပြောပါသည်။ ထို အကြံပြု စာတွင် စီးပွားရေးပိတ်ဆို့ ထားမှုများ လျှော့ကျ လာအောင် စစ်အုပ်ချုပ်သူများ အနေဖြင့် မည်သို့ ဆောင်ရွက်သင့်သည် ဟူသော သူမ၏ အကြံပြုချက်များကို တည့်သွင်းရေးသား ထားသည်ဟုလည်း သိရပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ အမေရိကန် အစိုးရ၏ နိုင်ငံခြားရေး ပေါ်လစီနှင့်ပါတ်သက် ပြီး ထုတ်ပြန်ချက်နှင့် ပတ်သက်၍မူ စစ်အုပ်စု တခုတည်းနှင့် သာမက အတိုက်အခံ အင်အားစုများနှင့်ပါ ထိတွေကဆက်ဆံသင့်သည်ဟု အကြံပြုပြောကြားသွားပါတယ်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင်သတင်းလွှာ)

No comments:

Post a Comment