9.12.2009

ကြားဖြတ်သတင်း

ဦးဝင်းတင် နေအိမ်ပြန်ရောက်ပြီ
ယနေ့မနက် ၁၀နာရီခန့် က နေအိမ်မှ ဆွေးနွေးစရာရှိသည်ဟု SB မှ လာရောက်ခေါ်ဆောင်သွားခြင်းခံရသူ NLD ဦးဝင်းတင်သည် ယခုအခါ သူနေထိုင်နေသော ကျောက်ကုန်းမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း နီး စပ်သူ အသိုင်းအဝိုင်းများက ပြောပြပါသည်။
မည့်သည့်အတွက် ခေါ်ဆောင်သွားသည်ကို မသိရသေးသော်လည်း လွန်ခဲ့သောရက်က သူရေးသားခဲ့သော “ မြန်မာလူထု အလို မရှိသည့် ရွေးကောက်ပွဲ ” An ‘Election’ Burma’s People Don’t Need ဆောင်းပါးနှင့် ပါတ်သက်၍၄င်း သူ၏ သဘောထား ခိုင်မာ ပြတ်သားစွာ ရပ်တည်မှုအတွက် ခေါ်ယူ သတိပေးသည့် သဘောသာ ဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါသည်။

No comments:

Post a Comment