9.11.2009

ရန်ကုန်တိုင်း ရဲမှူးဝင်းနိုင်ကို BSI မှ ဖမ်းဆီး စစ်ဆေးနေ

ရန်ကုန်တိုင်းရဲမှူး ဝင်းနိုင်ကို ရှောင်တိမ်းနေရာမှ မန္တလေးတွင် ခြေရာခံမိသဖြင့် ယခုအခါ BSI ခေါ် အမျိုးသား စုံစမ်းစစ်ဆေးရေး ဌာနမှ စစ်ဆေးနေသည်ဟု သိရသည်။
၎င်းအား အလွဲသုံးစားမှုများ ကို စစ်ဆေးနေသလို သူ၏ ဇနီးဖြစ်သူ အုပ်ချုပ်နေသော အလှပြုပြင်ရေးဆိုင် အပါအဝင် သူ၏ ပိုင်ဆိုင်မှုများကိုပါ စစ်ဆေးနေကြောင်း သိရပါသည်။
စစ်ဆေးချက်များ ပြီးစီးလျှင် ရာထူးမှထုတ်ပယ် မည့်အပြင် အပြစ်ပေး အရေးယူမှုများကိုပါ ဆောင်ရွက်သွား မည်ဟု သိရပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင်သတင်းလွှာ)

No comments:

Post a Comment