10.29.2009

ပြည်ပရောက် ဒီမိုကရေစီအင်အားစုများ၏ လှုပ်ရှားမှုများ

ဂျပန်နိုင်ငံတွင် တရုတ်သံရုံးရှေ့
ရခိုင်ပြည် မှထွက်ရှိသည့်ရေနံ နှင့်သဘာဝဓါတ်ငွေ့များကို မြန်မာပြည်အလယ်ပိုင်း နှင့် ရှမ်းပြည်ကိုဖြတ်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ထိ သယ်ယူ ပို့ဆောင်မည့် ပိုက်လိုင်း (၂ ) ခုအား ရပ်တန့်ရန် နိုင်ငံတကာရှိ တရုတ်သံရုံးများရှေ့တွင် ကန့်ကွက်ဆန္ဒ ပြပွဲများကိုယနေ့ပြုလုပ်ကြသည်။ အလားတူ ဂျပန်နိုင်ငံ တိုကျိုမြို့ တရုတ်သံရုံးရှေ့တွင်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) မှဦးဆောင်ကျင်းပသည့် ဆန္ဒပြပွဲကို ယနေ့ ၂၀၀၉ ခုအောက်တိုဘာလ (၂၈ ) ရက်နေ့တွင်ပြုလုပ် ခဲသည်။ ဓါတ်ပုံများကို အောက်ပါ link တွင်ကြည့်နိုင်ပါသည်။
http://picasaweb.google.com/zawzaw.aung460/InFrontOfChinaEmbassyTokyoJAPAN28102009#
လွှတ်တော်အမတ်SUEMATSUSANမှ မြန်မာဒီမိုကရေစီအဖွဲ့ အစည်းအသီးသီးအားညစာဖြင့်ကျွေးမွေးဧည့်ခံခြင်း။
Oct 28, 2009
写真: 48·枚 – 11 MB
一般公開
မြန်မာဒီမိုကရေစီအရေးကို ဆောင်ရွက်ပေးနေသော လွှတ်တော်အမတ်များ သမဂ္ဂ -အတွင်းရေးမှူး SUEMATSU SAN မှ ဂျပန်နိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော ဂျပန်နိုင်ငံရှိ မြန်မာဒီမိုကရေစီအင်အားစုအဖွဲ့အစည်းအသီးသီးအား ညစာဖြင့်ကျွေးမွေးဧည့်ခံ၍ မြန်မာ့အရေးကို ပိုမိုဆောင်ရွက်သွားမည်ဟု ပြေကြားခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဥက္ကဌ ဦးသန့် ဇင်ဦးနှင့်အဖွဲ့ ချုပ်အဖွဲ့  ၀င်များတက်ရောက်ခဲ့သည်။ဓါတ်ပုံများကြည့်ရန်....

No comments:

Post a Comment