11.13.2009

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာ ဗဟို တရားရုံးချုပ်သို့တင်သွင်း

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် ၈မျက်နှာရှိ အယူခံလွှာကို ယနေ့နံနက်ပိုင်းက ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေနှင့် NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပြ ခဲ့ပါသည်။
ဦးဥာဏ်ဝင်းက ဆက်လက်ပြောပြရာတွင် ဗဟိုတရားရုံးချုပ် အနေဖြင့် အယူခံလွှာများကို ကြားနာရန်အတွက် နှစ်ပါတ်ကြိုတင်၍ ရုံးရှေ့ ကြေငြာသင်ပုန်းတွင် ကပ်ထားလေ့ရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အမှုကဲ့သို့ အရေးကြီးသော အမှုများကိုမူ ရှေ့နေများကို မည်သည့်နေ့တွင် လျှောက်လဲချက် ပေးရမည်ကို နှစ်ပါတ်ကြိုတင် အကြောင်းကြားလေ့ရှိကြောင်း ပြောပြခဲ့ပါသည်။
လောလောဆယ်တွင် သူတို့ အနေဖြင့် ဗဟို တရားရုံးချုပ်၏ အကြောင်းကြားချက်ကို စောင့်ဆိုင်းနေရန်သာ ရှိပါကြောင်း ဥိးဥာဏ်ဝင်းက ပြောပြသွားပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment