11.18.2009

ကြံဖွံ့ဝင်မှ လမ်းဖေါက်ပေးမည်ဟု အကြပ်ကိုင် စည်းရုံးနေ

ကြံဖွံများ၏ အားဖြင့် ရွေးကောက်ပွဲဝင်ရန် စီစဉ်ထားခြင်းကြောင့် ကြံဖွံ့များ၏ စည်းရုံးရေးဆင်းမှုများ နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေကြရာ ယခုအခါ လမ်းဖေါက်လုပ်မှုလုပ်ငန်းများတွင်ပါ အတင်း စည်းရုံးမှုများ လုပ်ဆောင် နေသည်ဟု သိရပါသည်။
တာမွေမြို့နယ်၊ ဗညားဒလမ်း ကိုပြုပြင်ဖေါက်လုပ်ရန် အတွက် သက်ဆိုင်ရာ ရပ်ကွက်များကို အဖွဲ့ဝင် ၇၀၀ ရရှိအောင် ဆောင်ရွက်ပေးမှ ထိုလမ်းကို ပြုပြင်ပေးမည်ဟု တောင်းဆိုသဖြင့် အဖွဲ့ဝင် ၇၀၀ ပြည့်အောင်ရှာဖွေပေးမှ လမ်းကို ပြုပြင်ဖေါက်လုပ်ပေးခဲ့ သည်ဟု ဒေသခံများကပြောပါသည်။ ထိုအဖွဲ့ဝင်များသည် အဖွဲ့ ဝင်ပုံစံများဖြည့်ပေး ရရုံမျှမက ရွေးကောက်ပွဲတွင် သူတို့ ကိုယ်စားလှယ်များကို ထောက်ခံပါမည်ဟုလဲ လက်မှတ် ရေးထိုးပေးခဲ့ရကြောင်း သိရပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment