12.01.2009

မဲဆောက်မြို့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အခမ်းအနား ရွှေ့ပြောင်း မြန်မာများ ပါဝင်ဆင်နွှဲ

Photobucket
Photobucket
Photobucket
Photobucket
Photobucket

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ လမ်းလျှောက်ပွဲ အခမ်းအနားကို World Vision မှ စီစဉ်ကျင်းပခဲ့ရာ၊ မဲဆောက် ဒေသရှိ ရွေ့ပြောင်း မြန်မာနိုင်ငံသားများက တက်ကြွစွာ ပါဝင်ဆင်နွဲခဲ့ကြပါသည်။ ထို့အတူ လူထုအခြေပြု အဖွဲ့အစည်းများ ဖြစ်ကြသော မယ်တော်ဆေးခန်း(MTC)၊ မြန်မာ့ရွှေ့ပြောင်းဒေသ ဆရာ ဆရာမများ အစည်း အရုံး(BMTA)၊ အမျိုးသမီး စောင့်ရှောက်ကူညီရေး အဖွဲ့(SAW)ြ မန်မာပြည်သားအဖွဲ့(JACBA) အစရှိသော အဖွဲ့များ အပြင် ဒေသအတွင်းရှိ ရွေ့ပြောင်းမြန်မာ နိုင်ငံသားများ၊ မိုက်ဂရန်ကျောင်းမှ ကျောင်းသား ကျောင်းသူ များ ၊ ထိုင်းနိုင်ငံသားများ စုစုပေါင်း အင်အား တစ်ထောင်နီးပါးခန့် စုဝေးချီတက်ခဲ့ကြပါသည်။
မဲဆောက် ဆေးရုံကြီး စုရပ်မှ နံနက် ၈နာရီ တိတိတွင် ထိုင်းနိုင်ငံတော် သီချင်းကို ထိုင်းကျောင်းတခုမှ ဘင်ခရာ အဖွဲသားများက တီးမှုတ်၍ အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့ပြီး ၊ အခမ်းနားကျင်းပမည့် နေရာဖြစ်သော မယ်တော်ဆေးခန်းသို့ ဆိုင်းဘုတ်များ ပိုစတာများ အသီးသီးကိုင်ဆောင်ကာ 'Stop AIDS' အစရှိသော ကြွေးကြော်သံများဟစ်ကြွေးခြင်း AIDS ပညာပေး လက်ကမ်းစာစောင်များ၊ ကွန်ဒွန်များ ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့ပြီး၊ နံနက် ၉နာရီခန့်တွင် မယ်တော်ဆေးခန်းသို့ ရောက်ရှိခဲ့ပြီး အခမ်းအနား အစီအစဉ်များကို ဆက်လက် ကျင်းပခဲ့ပါသည်။
World Vision မှ မြန်မာ ဦးရွှေရိုး ဒေါ်မိုးအကဖြင့် ချီတက်လာစဉ်နှင့် အခမ်းအနား ကျင်းပစဉ် ဖျော်ဖြေပေးခဲ့ပြီး လမ်းခရီးတွင်လည်း ရေဗူးများ အအေးဗူးများ ကမ်းခဲ့ပါသည်။ အခမ်းအနားပြီးဆုံးချိန်တွင် ချီတက်ပါဝင်သူများ အားလုံးကို မယ်တော်ဆေးခန်းတွင် ကြာဆံဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
World Vision သည်။ နှစ်စဉ် ကမ္ဘာ့ AIDS နေ့အခမ်းအနားကို ကျင်းပခဲ့ရာ ယခုနှစ်သည် ၂၁ နှစ်မြောက် ဖြစ်ပါသည်။

No comments:

Post a Comment