12.09.2009

သတင်းစာများတွင် တိုက်ခိုက်ရေးသားခဲ့ပြီး နေ့လည်တွင် ဆက်ဆံရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ဆုံ

ယနေ့ထုတ် သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာနှစ်စောင်နှင့် ပါတ်သက်၍ တိုက်ခိုက် ရေးသားထားသော ဆောင်းပါးကို ထည့်သွင်းဖေါ်ပြခဲ့ပြီး နေ့လည်ပိုင်းတွင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်ကို စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ၄၅မိနစ်ခန့် ခေါ်ယူ တွေ့ဆုံခဲ့ ပါသည်။

မည်သည့် အကြောင်းအရာများကို တွေ့ဆုံချိန်တွင် ပြောဆိုဆွေးနွေးကြောင်း ထုတ်ပြန်ပြောဆိုချက်များ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း ယနေ့နံနက်ပိုင်းက မြန်မာဘာသာဖြင့် ထုတ်ဝေသော နအဖ၏ သတင်းစာ သုံးစောင်မှ နိုဘယ်ငြီမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီ NLD ကိုတိုက်ခိုက် ရေးသားခဲ့ ပါသည်။

ဆောင်းပါးရှင် ချမ်းမြအေး၏ စေတနာမှန်ပြီး ရိုးသားမယ်ဆိုရင် အမည်ရှိ ဆောင်းပါးတွင် NLD ပါတီသည် အစိုးရကို ဖိအားပေးရန်အတွက် နိုင်ငံခြား သတင်းမီဒီယာများကို မရိုးဖြောင့်သည့် သဘောဖြင့် အသုံးချခဲ့သည်ဟု စွပ်စွဲထားပါသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်လည်း ထိုပေးစာ နှစ်စောင်နှင့် ပါတ်သက်၍ ရိုးဖြောင့်မှုမရှိခဲ့ဟု စွပ်စွဲရေးသားထားခဲ့သည်။

၎င်းက NLD ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာသည် ဗိုလ်ချုပပ်မှူးကြီးသန်းရွှေထံ ရောက်ရှိသေးခြင်း မရှိသေးပဲ ပြည်ပသတင်းမီဒီယာ များတွင်ပြန့်နှံ့ခဲ့ခြင်းကိုလည်း ထောက်ပြပြီး ပြစ်တင်ပြောဆိုခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ပေးစာပါ စီးပွားရေး ပိတ်ဆို့မှု အဆုံးသတ်စေရေး အတွက် ကမ်းလှမ်းချက်ကိုလဲ အပုတ်ချ ရေးသားထားခဲ့ပြီး ထိုသို့လုပ်ဆောင်နေခြင်းသည် နိုင်ငံတော် အစိုးရအပေါ် ဖိအားများပိုများပြား လာစေရန်နှင့် အဆိုးမြင်ကြစေရန် အကြံအစည် ရှိရှိဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်ဟု စွပ်စွဲ ရေးသားခဲ့ပါသည်။


ထိုလုပ်ရပ်များကြောင့် နအဖတို့ သည် တွေ့ဆုံဆွေးနွေးရေး အတွက် ရှောင်လွှဲနိုင်ရန် အကြောင်းပြချက်များ ရှာကြံနေပုံရပြီး တွေ့ဆုံဆွေးနွေးသည့်နေ့နှင့် တိုက်ဆိုင်စွာ ထိုဆောင်းပါးမျိုးကို ထည့်သွင်းဖေါ်ပြခြင်းမှာလည်း သူတို့၏ မီးစတဖက် ရေမှုတ်တဖက် လုပ်တတ်သော အကျင့်စရိုက်ကို ဖေါ်ပြနေသလိုဖြစ်နေသည် ဟု သုံးသပ်မိပါသည်။
ထိုဆောင်းပါး ကိုဆွေးနွေးခန်း တခုအသွင်တင် ဆက်ပြီး MRTV မှ ယနေ့ညနေ ၇နာရီ ခန့်တွင် ထုတ်လွှင့် ဖေါ်ပြခဲ့ ပါသည်။


ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)


သတင်းစာပါ ဆောင်းပါးကို လေ့လာနိုင်ရန် ဖေါ်ပြပေးလိုက်ပါသည်။

ထင်ရှားစွာ ဖတ်ရှုနိုင်ရန် ပုံပေါ်တွင် CLICK လုပ်၍ ဖတ်ပါ။

No comments:

Post a Comment