12.15.2009

အာရှ ပစိဖိတ်ဒေသတွင်း ကျောင်းသားနှင့် လူငယ်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

Photobucket
ဒီဇင်ဘာ ၁၅

အာရှ ပစိဖိတ် ဒေသတွင်းရှိ ကျောင်းသားနှင့်လူငယ်မျာ့းတွေ့ဆုံနှီးနှောဖလှယ်ပွဲကို YOUTH FOR CHANGE (အပြောင်းအလဲများနှင့်လူငယ်) ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ခရစ်ယာန် ကျောင်းသားများ စင်တာတွင် ကျင်းပပြီးခဲ့သည်။

အာရှနှင့် ပစိဖိတ်ဒေသတွင်း ၁၅နိုင်ငံမှ ကျောင်းသားနှင့် လူငယ်၊ ၃၈ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသော Asia Pacific Students and Youth Association ကို ဟောင်ကောင်တွင် အခြေစိုက်သည်။ အဆိုပါအဖွဲ့ တွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ကရင်နီ လူငယ်များသမဂ္ဂ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့ ပါဝင်သည်။

သုံးရက်တိုင်တိုင် ကျင်းပခဲ့သော တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာကျောင်းသား ၅ဦးတို့ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မီတီ မှ ကိုသွင်လင်းအောင်က “ဒီဆွေးနွေးပွဲက ဘာတွေ အကျိုးကျေးဇူးပေးမလဲ ဆိုတော့ တစ်နိုင်ငံချင်းစီမှာ ကျောင်းသား တွေရဲ့ အဖြစ်အပျက်တွေကို သိရတယ်။ အဓိက က လွတ်လပ်တဲ့ လူထု အခြေပြုအဖွဲ့  အစည်း ဖြစ်တဲ့ ကျောင်းသားအဖွဲ့ အစည်းတွေက တစ်ဆင့် ကျနော်တို့ တိုင်းပြည်က ကျောင်းသားတွေရဲ့ အနေအထား တွေကို တင်ပြပေးကြမှာ ဖြစ်ပါတယ်။ တစ်နှစ် လုပ်လိုက်တိုင်း နောက်နှစ်မှာ ဘာလုပ် ကြမလဲဆိုတဲ့ လုပ်ငန်းစဉ် တစ်ခုကို အမြဲချနိုင်ကြပါတယ်။ ဒီအဖွဲ့ အပြင် အခြားလုပ်ဖေါ်ကိုင်ဘက်အဖွဲ့  တွေက လည်း သူတို့ တွေ့ ရှိချက် တွေကို တင်ပြ ဆွေးနွေးပေးကြပါတယ်”“ဟု ပြောသည်။

၁၉၆၉ နှစ်ကတည်းကစတင်ဖွဲ့ စည်းထူထောင်ခဲ့သော Asia Pacific Students and Youth Association အဖွဲ့ သည် ယခင်နှစ်များက ကြီးမားသော ညီလာခံများအဖြစ်ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် အကျဉ်းချုံး ကျင်းပ ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားစတင် ကျင်းပသည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ တွင် နိုင်ငံတကာမှ ဖိတ်ကြားထားသော ကျောင်းသား နှင့် လူငယ် ကိုယ်စားလှယ်များသာမက ဘန်ကောက်မြို့ ရှိ တက္ကသိုလ်အသီးသီးမှ စိတ်ဝင်စားသည့် ကျောင်းသား များပါ လာရောက်လေ့လာခဲ့သဖြင့် ခန်းးလုံးပြည့် လူစည်ကားခဲ့သည်။

ဒုတိယနေ့ တွင် ကိုယ်စားလှယ် နှစ်ဆယ်ဝန်းကျင်ခန့် အစုလိုက်ခွဲ ဆွေးနွေးခဲ့ကြပြီ။ယနေ့ နောက်ဆုံးနေ့ တွင် ခေါင်းစဉ်တစ်ခုစီကို အုပ်စုခွဲ ဆွေးနွေးကြသည်။ နောက်ဆုံးနေ့တွင် အယင် နှစ်ရက် ဆွေးနွေးခဲ့ကြသည့် အကြောင်း အရာများကို ပြန်လည် သုံးသပ်ကြမည်ဖြစ်ပြီး၊ လာမည့်နှစ် တွေ့ဆုံဆွေးနွေးပွဲ အတွက် အစဉ်အစီများ ရေးဆွဲကြမည် ဖြစ်သည်။

ယခုနှီးနှောဖလှယ်ပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သော ဒေသဆိုင်ရာအတွင်းရေးမှူး အဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံသား Rey Asis က“ပြည်တွင်းက ကျောင်းသားတွေကို ဖိတ်ခေါ်ချင်ပေမယ့်၊ သူတို့ တွေရဲ့ လုံခြုံရေး အခြေအနေအရ မခေါ်တာပါ။

ဒါပေမယ့် ပြည်တွင်းက ကျောင်းလာတက်နေတဲ့ ကျောင်းသားတွေ၊ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကျောင်းသား အဖွဲ့ ဝင်တွေ တက်ရောက်လာတဲ့ အတွက် မြန်မာနိုင်ငံတွင်းက မြန်မာကျောင်းသားထုရဲ့ ခံစားမှုတွေကို စာနာ နားလည်ပါတယ်။ ကျနော်တို့ တတ်နိုင်သမျှ ရိုင်းပင်းကူညီ ပေးသွားမှာပါ။

ကျနော်တို့ အဖွဲ့ ဟာ ဒေသတွင်းမှာရှိတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို စုဆောင်းရယူပြီးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းက ကျောင်းသားတွေရဲ့  ပညာရေး အခြေအနေတွေ အထူး ဆိုးဝါးနေတာကိုလည်း ကျနော်တို့  သိရှိပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံနှင့် အာရှဖစိဖိတ် ဒေသတွင်း ကျောင်းသားများ၏ အဆင့်အတန်းမှာ သတင်းနည်းပညာနှင့် အင်တာနက် ဆက်သွယ်ရေးတို့ အပြင် သင်ကြားမှုအပိုင်းတို့ တွင် အထူးကွာခြား သွားပြီးဖြစ်ကြောင်း ဆွေးနွေး ချက်များ အရ သိရှိရသည်။

ပြည်ပတက္ကသိုလ်များတွင် ကျောင်းသားတိုင်း ကွန်ပျူတာလက်ဖ်တော့ကို ကိုယ်စီကိုင်တွယ်နိုင်ကြပြီး အင်တာနက်ကို နေရာမရွေး လွယ်ကူစွာ သုံးစွဲနိုင်ကြသည်။
မြန်မာနိင်ငံတွင် အဆိုပါအခွင့်အရေးများကို စစ်ဗိုလ်ချုပ် မိသားစုနှင့် ထိပ်ပိုင်းခေါင်းဆောင် မိသားစု သားသမီးများသာ ရရှိသုံးစွဲနိုင်ပြီး သာမန် ပြည်သူများမှာ သုံးစွဲနိုင်ခြင်းမရှိပေ။ ထိုအချက်ကို နိုင်ငံတကာ ကျောင်းသားများက အထူးအံ့သြကြသည်။

အမည်မဖေါ်လိုသော မြန်မာ ကျောင်းသားတစ်ဦးက“ ကျနော်ထိုင်းမှာ စီးပွားရေးဘာသာရပ်နဲ့ ကျောင်း တက်ပါ တယ်။ ခု ကမ္ဘာစီးပွားရေးကျဆင်းမှု အနေအထားကို ခု ချက်ခြင်း ကျနော်တို့  ကျောင်းသား တွေ သင်ကြား နေကြရပါတယ်။ ငွေကြေးပြဿနာကို ရှင်းနေကြပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာကျတော့ လွန်ခဲ့တဲ့ နှစ်သုံးလေးငါးဆယ်က သင်ရိုးကိုပဲ အလွတ်ကျက် စာမေးပွဲဖြေစနစ်က မတက်နိုင်သေးပါဘူး။ ကျနော်တို့ ပြည်တွင်းက ကျောင်းသားတွေအတွက် ကျနော်တို့ ဒီမှာသင်ကြားနေရတဲ့ အနေအထားကို ပြချင်ပါတယ်။ လိုချင်တဲ့ အချက်အလက်တွေကို စာကြည့်တိုက်မှာ ရှာမလား၊ အင်တာနက်မှာ ရှာမလား၊ မရှင်းလင်းတာကို ဆရာ နဲ့ အပြန်အလှန်ဆွေးနွေးပြီး အဖြေရှာမလား၊ ကျောင်းသားတွေ ၀ိုင်းဖွဲ့ ပြီး ဆွေးနွေးမလား၊ ကျနော်တို့  တိုင်းပြည်နဲ့ ဘာမှကို မတူပါ ဘူး” ဟု စိတ်မကောင်းစွာ ပြောဆိုသွားသည်။

နိုင်ငံတကာကျောင်းသားများနှ့င့် လူငယ်များက ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားခြင်းမပြု နိုင်သော မြန်မာများ၏ အနေအထားနှင့် ငွေကြေးအများအပြား အကုန်အကျခံ သင်ကြားတတ်မြောက်ပြီး ရရှိလာသော ဘွဲ့  မှာ မိမိဘ၀ ရပ်တည်ရေးအတွက် မသေချာသဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ရွေ့ ပြောင်း အလုပ်သမားဘ၀ဖြင့် နေ့ စဉ် ထွက်ခွာရခြင်းကို အထူး စိတ်မကောင်းဖြစ်မိကြောင်း ပြောဆိုသွားကြသည်။

No comments:

Post a Comment