12.21.2009

ကမ္ဘာ့ရွေ့ ပြောင်းအလုပ်သမားနေ့ ထိုင်းနိုင်ငံတွင်ကျင်းပ

Photobucket
Photobucket
Photobucket

ဒီဇင်ဘာ ၂၁

ကမ္ဘာ့ရွှေ့ ပြောင်း အလုပ်သမားနေ့ကို ထိုင်းနိုင်ငံမဲဆောက်၊ ဖန်ငနှင့် မြို့တော် ဘန်ကောက်တို့တွင် ကျင်းပခဲ့ ကြသည်။

ယမန်နေ့ က ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ကျင်းပသော အခမ်းအနားတွင် ထိုင်းနိုင်ငံ ရွေ့ ပြောင်း အလုပ်သမားများ ကျမ္မာရေး ဆိုင်ရာ ကူညီပေးရေး ဘုတ်အဖွဲ့ ဝင်နှင့် တက္ကသိုလ်များ ဆိုင်ရာ ဘွဲ့ နှင်းရေး အဖွဲ့ဝင် ဒေါက်တာ Dr.Vichai Choke-vivat နှင့် ထိုင်းအလုပ်သမား ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပေါင်ဆက်ပလန်ဆိုင်း တို့ က “ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ၂၀၁၀ ဖေဖေါ်ဝါရီလ၂၈ မှာ ယာယီပတ်စပို့ ကတော့ ဘယ်လို့ မှ မပြီးနိုင်ပါ ဘူး။ အချိန်တိုးပေး ပါလိမ့်မယ်။

မလုပ်ရသေးတဲ့ လူတွေ လုပ်ကြပါ”ဟု ပြောဆိုသွားခဲ့ကြသည်။ ဘန်ကောက်မြို့ လယ် ရှိ မာဘုန်းခေါင်း ကုန်တိုက် ရှေ့မှ ရာပေါင်းများစွာသော မြန်မာ အလုပ်သမားများက ချူလာလောင်ကွန်းတက္ကသိုလ်သို့  ပိုစတာများ၊ ကိုင်ဆောင်ပြီး ကရင်ဒုံးအက တီးလုံးကို တီးကာလမ်းလျှောက် ချီတက်ခဲ့ကြသည်။

ထိုင်းအလုပ်သမားများ သမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကလည်း “ထိုင်းနိုင်ငံအတွက် မရှိမဖြစ် လိုအပ်နေတဲ့ မြန်မာ အလုပ်သမားတွေကို ထိုင်းအာဏာပိုင်များ အနေဖြင့် စဉ်းစားဆင်ခြင်ပြီးမှ ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း၊ အခက်အခဲ တို့ကို သေချာစွာစုံစမ်းပြီး အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးသင့်ကြောင်း ပြောဆိုသွားသည်။

ထိုင်းနိုင်ငံအတွင်း ၂၀၀၉ ခုနှစ်တွင် အလုပ်သမားပေါင်း ၁၁သိန်း မှတ်ပုံတင်ခဲ့ရာတွင် ဆယ်သိန်းနီးပါး က မြန်မာ အလုပ်သမား ဖြစ်သော်လည်း ဇူလိုင်လမှ စတင်လုပ်ကိုင်ခဲ့သော ယာယီပတ်စပို့ လုပ်ငန်းတွင် လုပ်ပြီးသူ လေးထောင်ခန့် သာရှိသေးပြီး လျှောက်ထားသူ ရှစ်သောင်းခန့် သာရှိသေးသည်။

မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ တာဝန်ခံ ဦးမိုးဆွေက “ အလုပ်သမားတွေ အနေနဲ့  အလွန်အကျွံ မကြောက်ရွံ့ကြ စေချင်ပါဘူး၊ ဒီလိုမျိုး ၁၉၉၇တုန်းက တစ်ကြိမ်၊ ၁၉၉၉မှာ တစ်ကြိမ် ဖြစ်ဖူးပါတယ်။ ခုလုပ်ပြီးတဲ့လူက နဲနဲပဲရှိပါသေးတယ်။ လုံးဝကို ဖေါင်မဖြည့်ရသေးတဲ့ လူက ၇သိန်းကျော် ၈သိန်းလောက် ရှိနေသေးတယ်။ ဒီလူတွေကို ဖမ်းပြီးပြန်ပို့ ဖို့ ဆိုတာ သဘာဝတော့ သိပ်မကျပါဘူး။ မြန်မာ အလုပ်သမားတွေ ကလည်း ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ပိုက်ဆံကလေး ရသလောက် စုပြီးပြန်မယ်ဆိုတဲ့ သဘောမထားပဲ အနီးအနားက အဖွဲ့ အစည်းတွေက ထုတ်တဲ့ စာစောင်တွေကို ဖတ်တာမျိုးတို့ သတင်းအချက်အလက် တွေကို နားစွင့်တာ မျိုးတို့ လုပ်သင့်ပါတယ်။

မိမိတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သေသေချာချာ သိမ်းဆည်းထားတာမျိုး၊ လုံခြုံတဲ့နေရာတွေကို ပို့ဆောင် ထားတာ မျိုးတွေ ခုကတည်းက ကြိုတင် စီစဉ်ထားသင့်ပါတယ်”ဟု ပြောဆိုသွားသည်။

ဒီဇင်ဘာလ၁၈ ရက်နေ့ တွင် ထိုင်နိုင်ငံတောင်ပိုင်း အခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန GHRE အဖွဲ့မှ ပျော်ပွဲ ရွှင်ပွဲနှင့်အတူ ဟောပြောပွဲများဖြင့် စီစဉ်ကျင်းပခဲ့သည်။

၁၉ ရက်နေ့ တွင် ဘန်ကောက်မြို့ လယ်ရှိ စင်ထရယ်ဝေါ ကုန်တိုက်ကြီးတွင် ထိုင်းအခြေစိုက်အင်ဂျီအို အဖွဲ့ အစည်းများ စုပေါင်းပြီး ကျင်းပခဲ့သည်။

ပွဲစဉ်သူ တစ်ဦးအပါအ၀င်ဖြစ်သော World Vision ဝေါင်္ဗီးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုစေစိုင်းနောင်ချို က “ကျနော်တို့ မြန်မာအလုပ်သမား အရေးတွေကို ဆောင်ရွက်တဲ့နေရာမှာ အစိုးရရော၊ အလုပ်သမား တွေရော၊ သတင်းသမားတွေရော အားလုံး ၀ိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုပါတယ်။ ကျနော် လုပ်လာတဲ့ သက်တမ်း တလျှောက် အားအရဆုံး လုပ်ရပ်ကို ပြောရင် ၂၀၀၇ ခုနှစ်တုန်းက ထိုင်းတောင်ပိုင်းမှာ အလုံပိတ်ကားမှာ အစုလိုက်အပုံ လိုက်သေခဲ့ကြရတဲ့ မြန်မာအလုပ်သမားတွေ လျှော်ကြေးရအောင် ဆောင်ရွက်နိုင်ခဲ့မှုကို ပြောရမယ်ထင်တယ်။ ဒါပေမယ့် အဲဒီကိစ္စ ခုထိ မပြတ်သေးပါဘူး”ဟု ပြောဆိုသွားသည်။

ဤပွဲတွင် စိန်ကျွန်းတက္ကသိုလ်မှ မြန်မာကျောင်းသားသူ ၅ဦးက ခုခံအားကျဆင်းမှု ရောဂါအကြောင်း သီချင်း များဖြင့် သရုပ်ဖေါ်သွားကြပြီး၊ သက်ဆိုင်ရာ အဖွဲ့ တို့က ခေါင်းဆောင်များက မိန့်ခွန်း ပြောကြသည်။ မြန်မာ အစားအစာဖြစ်သော စမူစာနှင့် လဘက်သုတ်ကို ကျွေးမွေးသည့် အပြင် မြန်မာ အလုပ်သမားများ အကြောင်းကို ရိုက်ကူးထားသော ဗွီဒီယို ဇာတ်ကားကိုလည်း အနည်းငယ်ပြသခဲ့သည်။

မဲဆောက်မြို့ တွင်လည်း ရွှေ့ပြောင်းအလုပ်သမား အလွှာ ပေါင်းစုံက အလုပ်သမား(၃၀၀)ခန်တို့ က အလုပ်သမား အခွင့်အရေးများကို လက်ကိုင်ဆိုင်းဘုတ်များတွင် ရေးပြီး လမ်းလျှောက် ချီတက်ပွဲကို စည်းကမ်း ကျနစွာ ဆင်နွှဲခဲ့ကြသည်။ မဲဆောက်မြို့ ရုဂျိရာဟိုတယ်ကို အ ရောက် ချီတက်သွားခဲ့ပြီး ထိုင်းအာဏာပိုင်အဖွဲ့ အစည်းတခုဖြစ်သော ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာန၊ ထိုင်းအလုပ် သမား ကာကွယ်ရေးရုံး (ဆာဝါဒီ ကန်)နှင့် အတူ တာ့(ခ်)ခရိုင် စက်မှုလုပ်ငန်းရှင်ကြီးနဲ့ ကုန်သည်ကြီးများ အသင်း (FTI) ၊ ထိုင်းရှေ့ နေများ ကောင်စီ ဥပဒေ အထောက်အကူပြုဌာန (LLC)တို့ မှ တာဝန်ရှိသူများက ဂုဏ်ပြု စကား ပြောကြားခြင်း၊ အဲဒီ ထိုင်းအဖွဲ့ အစည်းတွေကို မြန်မာရွှေ့ ပြောင်း အလုပ်သမားများရဲ့ ကိုယ်စား လက်ဆောင် ပန်းချီကားချပ်များ ပေးအပ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ထိုင်းအစိုးရထံမြန်မာရွှေ့ ပြောင်းအလုပ်သမားများရဲ့ ကိုယ်စား အလုပ်သမား အခွင့်အရေး တောင်းဆိုစာ တစ်စောင်ကိုလည်း ဆာဝါဒီကန် ရုံးတာဝန်ခံ အရာရှိထံ ပေးအပ်ခြင်း တို့ကို အဆင့်ဆင့် ဆောင်ရွက်သွားကြသည်။

မြန်မာ အလုပ်သမားများအနေဖြင့် ၂၀၁၀ ဖေဖေါ်ဝါရီလကုန်တွင် ဖမ်းဆီးပြန်ပို့ ခံရမည်ကို အထူးစိုးရိမ်နေ ကြကြောင်း သိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment