1.12.2009

သတင်းပဒေသာ

East Timorese President Jose Ramos-Horta gestures during his speech at Foreign Correspondents Club of Thailand in Bangkok, 11 Jan 2009

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူတဲ့ မူဝါဒ ထားကြတဲ့ အမေရိကန်နဲ့  ဥရောပသမဂ္ဂတို့ အနေနဲ့  သူတို့ရဲ့ မူဝါဒတွေကို ပြန်ပြီး သုံးသပ် သင့်တယ်လို့  အရှေ့တီမော သမ္မတ Hose Ramos Horta က ပြောကြားလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ် Print E-mail
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇန်နဝါရီလ 09 2009 19:36 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ထိုင်း-မြန်မာနယ်စပ်တွင် ကရင်အမျိုးသား အစည်းအရုံးတပ်နှင့် စစ်အစိုးရနှင့် စစ်အစိုးရလိုလားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိကြောင်း နယ်စပ်မှ လာသော စစ်သတင်းများအရ သိရသည်။

ကေအင်ယူ ထိန်းချုပ်ထားသော နယ်မြေကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် စစ်အစိုးရနှင့် ပူးပေါင်းတပ်များက ကြံစည်နေသည်ဟု ယုံကြည်ရသော တိုက်ပွဲသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့၏ တောင်ဘက် အုန်းဖျန်ကျေးရွာ နယ်နမိတ်အတွင်း၌ ဖြစ်ပွားခဲ့သည်။

"တိုက်ပွဲကတော့ တောက်လျှောက်ဖြစ်နေတာပဲ။ သူတို့က ဒီဖက် အခြေကုတ် စခန်းတွေကို သိမ်းသွားပြီးတော့ ဒီခု မတ် ၂၇ မတိုင်ခင် နီးလာပြီ ဆိုတော့ ဒီဖက်မှာ ရှိတဲ့ အခြေကုတ်စခန်းတွေကို အပြီးသိမ်းဖို့ ရည်ရွယ်ချက် နဲ့ လာပြီးတော့ တိုက်နေတာ ဖြစ်တယ်။

စစ်အစိုးရတပ်များက ထိုင်းနိုင်ငံနယ်နမိတ်ထဲမှ ၀င်ရောက်ကာ တိုက်ခိုက်ရန် ကြိုးစားမှုများ ရှိသည်ဟု နယ်စပ် စစ်ရေး သတင်းရပ်ကွက်များက ပြောသည်။

နိုင်ငံရေးနဲ့ စာပေအနုပညာ (၂၁)
ဆရာ သိန်းဖေမြင့်၏ စာပေအရှိန်အဝါ
ထိန်လင်း
ဇန်န၀ါရီ ၁၁၊ ၂၀၀၈

စာပေအနုပညာဆိုတာ လူတွေရဲ့စိတ်နှလုံးကို တစုံတရာ ခံစားစေဖို့ ဖျော်ဖြေတင်ဆက်မှု သက်သက် မဟုတ်ဘဲ သက်ဆိုင်ရာ ခေတ်စနစ်တွေကို အထိုက်အလျောက် ထင်ဟပ်စေနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ ခေတ်ရဲ့ အငွေ့အသက်တွေကို အနုပညာသည်တွေရဲ့ ဖန်တီးမှုတွေမှာ တွေ့မြင်နိုင်သလို ခေတ်ကို လှုပ်နှိုးတဲ့သဘောတွေ၊ ခေတ်ကို ရှေ့ဆောင်တဲ့သဘောတွေလည်း ရှိပါတယ်။ အထူးသဖြင့် ဖန်တီးထားတဲ့ အနုပညာတွေက လူတွေအပေါ် လွှမ်းမိုးတဲ့သဘော၊ အငွေ့အသက် ကပ်ငြိတဲ့သဘောတွေ ရှိတတ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ စကား၊ သီချင်းထဲက စာသားတချို့က လူတွေနေ့စဉ်ပြောနေတဲ့ စကားရပ်ထဲ ဝင်ရောက်သွားတာ ဒီသဘောတွေပါပဲ။ ဒီလိုပဲ စာပေရဲ့ အငွေ့အသက်တွေကလည်း ခေတ်ကို လွှမ်းမိုးရှေ့ဆောင်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။

အျပည့္အစုံသိုႛ ...


မူဆယ်ခရိုင် တရားရုံးသစ်ဖွင့်ပွဲ တရားသူကြီးချုပ် တက်ရောက် Print E-mail
မျိုးကြီး
သောကြာနေ့၊ ဇန်နဝါရီလ 09 2009 19:04 - မြန်မာစံတော်ချိန်


ရွှေလီ (မဇ္ဈိမ)။ ။ လူသတ်မှု၊ လုယက်မှုများ ယခုတလော ခပ်စိပ်စိပ် ဖြစ်ပွားနေသော ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့တွင် ယနေ့ ခရိုင်တရားရုံးအသစ် ဖွင့်ပွဲ ကျင်းပခဲ့သည်။

ဖွင့်ပွဲသို့ နိုင်ငံတော် တရားသူကြီးချုပ် ဦးအောင်တိုး ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

"ခရိုင်တရားရုံးအသစ် ဖွင့်ပွဲပေါ့။ တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ တိုင်းမှူး အောင်သန်းထွဋ်တို့ လာကြတယ်။ အရင်နေရာဟောင်းကနေ နေရာအသစ်ကို ရွှေ့လိုက်တာပါ'' ဟု မူဆယ်ရှိ တရားရုံးချုပ်ရှေ့နေတဦးက မဇ္ဈိမကို ပြောသည်။

ယခင်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) လက်ထက်ကတည်းက မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ရဲစခန်းအနီးတွင် ဖွင့်လှစ်ခဲ့သည့် မြို့နယ်နှင့် ခရိုင်တရားရုံးကို ယခုအခါ မြို့အထွက် လေယာဉ်ကွင်းလမ်း ဂေါက်ကွင်းအနီးသို့ ပြောင်းလဲဖွင့်လှစ်ခြင်း ဖြစ်သည်။

အဆောက်အဦမှာ ၃ ထပ်ဖြစ်ပြီး မြို့နယ်တရားသူကြီး ဦးဟန်တင် ရုံးထိုင်မည်ဟု ရှေ့နေက ဆိုသည်။

လွန်ခဲ့သည့် ၃ လကျော်မှ စတင်ကာ မူဆယ်တွင် ခိုးဆိုးလုယက် ဖောက်ထွင်းမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားခဲ့ရကြောင်း မကြာသေးခင်က ဆက်သွယ် မေးမြန်းမှုများတွင် ဒေသခံများက မဇ္ဈိမကို ပြောဆိုခဲ့သည်။

ယခုလို အမှုအခင်းများ ဖြစ်ပေါ်နေသော်လည်း အမှုအများအပြားမှာ လက်သည်တရားခံများ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိကြောင်းလည်း သူတို့က ပြောဆိုသည်။

ပြီးခဲ့သည့်လ ၂၂ ရက်နေ့က လုယက်မှုများ ဖြစ်ပွားရာတွင် တရက်ထဲတွင်ပင် အမျိုးသားတဦးနှင့် အမျိုးသမီးတဦး သေဆုံးခဲ့ရသေးသည်။

သူတို့စကား

"ကျနော်တို့က နိုင်ငံရေး လုပ်တဲ့အခါကြတော့ တယူသန်ဖို့၊ ခေါင်းမာဖို့ဆိုတာ မဟုတ်ပါဘူး။ သို့သော် ကျနော်တို့ ဆုပ်ကိုင်ထားတဲ့ အခြေခံမူဝါဒတွေ၊ အခြေခံ သဘောတရားတွေကိုတော့ ကျနော်တို့က စွန့်လွှတ်ပြီး၊ ပစ်ပယ်ပြီး သူများခိုင်းတိုင်း၊ သူများခေါ်တိုင်း မသွားနိုင်ပါဘူး။ ထပ်ထပ်ပြီး အခြေအနေသစ်တွေ ပေါ်ပေါက်လာခြင်း မရှိဘဲနဲ့ဆိုရင်တော့ ရှေ့အလားအလာကလည်း အတော်တော့ မှုန်ဝါးနေတဲ့၊ မှေးမှိန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မှေးမှိန်မှာ ကြောက်တာ တခုတည်းနဲ့တော့ ကျနော်တို့တွေ အကုန်လုံးက သူတို့ ခြေသလုံးဖက်လို့တော့ မရတော့ဘူး။ ဒီလမ်းကိုလျှောက်ဆိုပြီးတော့ ကျနော်တို့ကို နဖားကြိုးတပ် ဆွဲခေါ်တိုင်းလည်း ကျနော်တို့ မလိုက်နိုင်တော့ဘူး။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

ဗကသခေါင်းဆောင် ဆေးရုံတက် Print E-mail
သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 07 2009 20:07 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကိုသည် အင်းစိန်ထောင် ဆေးရုံတွင် အသဲရောင် အသားဝါရောဂါဖြင့် ဆေးကုသခံယူနေရသည်။

ယခုလ ၅ ရက်နေ့က အင်းစိန်ထောင်အတွင်း ကိုကျော်ကိုကိုအား ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာမှ ဆေးရုံတက်နေကြောင်း ဖခင်ဖြစ်သူ ဦးကျော်အေးက သိရှိရခြင်းဖြစ်သည်။

"ထောင်ဝင်စာ သွားတွေ့တော့မှ သူတို့ ၃ တိုက်က ၀န်ထမ်းက ကိုကျော်ကိုကို တိုက်မှာ မရှိဘူးတဲ့။ ဆေးရုံတင်ထားရတယ်တဲ့။ အသဲရောင် အသားဝါ ဖြစ်လို့ပါတဲ့။ အဲဒါကြောင့် ကျနော်တို့က ဆေးရုံရောက်မှန်း သိတယ်" ဟု ဦးကျော်အေးက မဇ္ဈိမကို ပြောပြသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီးနောက်ပိုင်း ရှောင်တိမ်းနေရာမှ ၂၀၀၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် နေအိမ်၌ ပြန်ရောက်လာသည့် ညတွင် အဖမ်းခံခဲ့ရပြီး ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ (က) ဖြင့် တရားစွဲဆိုထားကာ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေဆဲဖြစ်သည်။

အမှုအတွက် ရန်ကုန်ရှိ လူငယ်ရှေ့နေ ကိုသန်းဇော်အောင်က လိုက်လံဆောင်ရွက်ပေးနေသည်။

လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လူထုလှုပ်ရှားမှုများ ဖြစ်ပွားနေစဉ် ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ဗကသ အဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရာ၌ ဦးဆောင်သူတဦးအဖြစ် ပါဝင်လာခဲ့သည်။

FTUB Statement














မြိုင် ရေနံမှော်အလုပ်သမား အဓိကရုဏ်း စစ်တပ်က ပစ်ခတ်နှိမ်နှင်း

Posted by: YTO

မြန်မာပြည် အလယ်ပိုင်း မကွေးတိုင်း မြိုင်မြို့နယ်မှာ ပုဂ္ဂလိကပိုင် ကုမ္ပဏီ တခုနဲ့ ဒေသခံတွေ ရေနံ တူးဖော်ရေး လုပ်ငန်းတို့ အချေအတင်တွေ ဖြစ်ကြရာက ပဋိပက္ခတွေ ဖြစ်ခဲ့လို့၊ အာဏာပိုင်တွေက ဖမ်းဆီးအရေးယှုတာတွေ ထိခိုက်ဒဏ်ရာ ရသူတွေ ရှိတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ညပိုင်းက စတင်လိုက်တဲ့ ပြဿနာကြောင့် နောက်ဆက်တွဲ မြိုင်မြို့နယ် ရေနံမြေဒေသမှာ အခြေအနေတွေဟာ တင်းမာနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မကွေးတိုင်း မြိုင်မြို့အနီးက ရေနံ ထွက်ရာဒေသမှာ ဒေသခံ ရေနံ တူးဖော်ရေး လုပ်ငန်း လုပ်သူတွေနဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီ တခုတို့အကြား အချေအတင်ဖြစ်ရာက ပဋိပက္ခတွေ ဖြစ်တဲ့အထိ ပြဿနာတွေ ကြီးထွားခဲ့တာပါ။ နောက်ဆုံး လုံခြုံရေး အာဏာပိုင်တွေဘက်က ပစ်တာခတ်တာ ဖမ်းတာဆီးတာတွေ လုပ်ခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ မနေ့ညပိုင်းက စဖြစ်ခဲ့တဲ့ ဒီပဋိပက္ခမှုနဲ့ ပတ်သက်လို့ အနည်းဆုံး လူတဦး သေနတ်ဒဏ်ရာ ရပြီးတော့ ဒေသခံတချို့လည်း ဖမ်းဆီးခံခဲ့ရတယ်ဆိုပြီး မြိုင်မြို့ခံ တဦး ပြောပြတာကတော့ -

“မနေ့က ၇နာရီလောက်က ရေနံကုမ္ပဏီ တခုနဲ့ ဒေသခံတွေနဲ့ ပြဿနာတက်သွားတာပေါ့။ စစ်သားတွေက သေနတ်နဲ့ ပစ်လို့လေ။ လူ ၁ ယောက် ဒဏ်ရာရ။ ပြဿနာက ကုမ္ပဏီက ဒေသခံတွေ ရောင်းဝယ်နေတဲ့ ဆီကို ထုတ်ပိုင်ခွင့်ကို အရင်ပိတ်လိုက်ပြီး၊ ဆီဝယ်တဲ့အခါမှာလည်း ဈေးကို နှိမ်ဝယ်တယ်။ အလုပ်သမားတွေကိုလည်း လုပ်အားခ အပြည့်အ၀မပေးဘူး။ အလုပ်သမားတွေက လုပ်အားခကို အပြည့်အ၀ ပေးဖို့နဲ့ ဆီဈေးကိုလည်း တန်ရာတန်ကြေး ရဖို့ တောင်းဆိုရာက သူတို့ ငြင်းတယ်၊ ငေါက်လွှတ်တယ်။ လုံခြုံရေးတွေက လာပြီးတောင်းဆိုတဲ့သူတွေကို သေနတ်နဲ့ ချိန်းခြောက်ပြီး ပစ်တယ်။ လူတွေက မခံနိုင်တာနဲ့ စကားများကြပြီး မီးလောင်မှုဖြစ်တယ်။ အရပ်သားတွေဘက်က လူ ၇၀၀လောက်ရှိတယ်။ တောင်းဆိုခါစကတော့ လူ၂၀၀ လောက်ပေါ့။ အလုပ်သမား စုစုပေါင်းဆိုရင်တော့ ၁၀၀၀၀ ကျော် ရှိတယ်။ အလုပ်သမားတွေက ရပိုင်ခွင့် တောင်းဆိုတဲ့ အချိန်မှာ စစ်သားတွေက သေနတ်နဲ့ ပစ်တယ်။ မှော်တဲ ဆိုတာက တဲလေးတွေနဲ့ နေတဲ့လူတွေ၊ တဲလေးတွေ အားလုံးကို သေနတ်နဲ့ လိုက်ပစ်တာ။ ရေစကြို ၂၅၇တပ်က လိုက်ပစ်တာ။ တဲထဲက ကောင်းမလေး သေနတ်နဲ့ အပစ်ခံရတယ်။ မှော်တဲက ဆီတွေနဲ့ဆိုတော့ မီး ကို အမြဲတမ်း ကြောက်နေရတယ်။ မီးလောင်မှာ ကြောက်လို့ ပစ္စည်းတွေ သိမ်းနေရင်းနဲ့ တဲ ခေါင်မိုးကို ဖောက်ပြီး တဲထဲမှာ ရှိတဲ့ သူကို သေနတ်နဲ့ လှမ်းပစ်တာ။ ဒီထဲက လူတွေက ဆေးလိပ်သောက်တာတို့ တခုခုနေမှာပေါ့။ မီးလောင်မှု ဖြစ်တယ်။ ကုမ္ပဏီက လူတွေက ဒေသခံ အလုပ်သမားတွေက သူတို့ကို မီးရှို့တယ်ဆိုပြီး လူ ၄ ယောက်ကို ဖမ်းသွားတယ်။ ကုမ္ပဏီ ရုံးပဲ မီးလောင်တာ။ မှော်ထဲမှာ။ မှော်တဲနဲ့ မြိုင်မြို့နဲ့က ၂၁ မိုင်ဝေးတယ်။ ထိခိုက် ပျက်စီးမှုက တဲတွေ ပျက်တယ်။ သူတို့ အတင်းအဓ္ဓမနဲ့ သိမ်းထားတဲ့ ဆီတွေ မီးလောင်ပြီး ပျက်သွားတာပေါ့။ တဲ ၂တဲ ပျက်တယ်။ ကား၂ စီး မီးလောင်တယ်။”

ပူပူနွေးနွေး ပြဿနာဖြစ်ခဲ့တဲ့ မြိုင်မြို့နယ် ရေနံမြေမှာ ဒီကနေ့ အခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ် ရှိနေပေမယ့် လုံခြုံရေး အာဏာပိုင်တွေကတော့ ဆက်ပြီး ထိန်းချုပ်ထားတာမျိုးတွေကိုတော့ တွေ့နေရတုန်းပဲ ပြီးတော့လည်း ဒီဒေသခံကပဲ ဆက်ပြောပါတယ်။

“အခုတော့ တိုင်းဗျူဟာမှူးတွေ ဆင်းလာပြီးတော့ ဒီလို သောင်းကျန်းရမလားဆိုပြီး ရောက်လာတယ်။ ရဲတွေလာတယ်။ ခရိုင်မှူးတွေ အကုန်စုံတွေ အများကြီးလာတယ်။ စစ်တပ်က ဒီနေ့ထိကိုပဲ ဆက်ရှိနေတုန်းပဲ။ ပြီးတော့ အရောင်းအ၀ယ် ကုမ္ပဏီ လုပ်ပိုင်ခွင့်ရတယ်ဆိုတဲ့ ကုမ္ပဏီကလည်း ဒီနေ့ ဆီအရောင်းအ၀ယ်တွေ ဆက်လုပ်နေတယ်။ ဒေသခံတွေ ကျေနပ်အောင် ဖြေရှင်းပေးခြင်း ဘာမှ မရှိဘဲ သူတို့ အလုပ်ကိုပဲ ဆက်လုပ်နေတာပဲ။ ဆီတွေ သယ်တယ်၊ ရောင်းတယ်။ စစ်တပ်တွေ ချထားတယ်။ ဒေသခံလူတွေ သွားသွားလာလာ မလုပ်ရဘူး။”

ဒီပြဿနာနဲ့ ပတ်သက်လို့ အဲဒီမှာရှိတဲ့ အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီကို ဆက်သွယ်ပေမယ့်လည်း မရခဲ့ပါဘူး။ မြိုင်မြို့နယ်နားက ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့ကတော့ ဒီကိစ္စကို သူတို့ကိုင်တွယ်နေတာမျိုး မရှိဘူးလို့ပြောပါတယ်။ မြိုင်မြို့နယ်အတွင်းမှာ ရေနံထွက်တာကို တွေ့ရတဲ့အတွက် လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်ကစပြီး ဒေသခံတွေက ကိုယ်ပိုင်လယ်မြေတွေမှာ တပိုင်တနိုင်ရေနံတူးဖော်တာတွေ လုပ်လာခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေ လုပ်ငန်းတွေပါ ၀င်ရောက်လာပြီးတော့ တူးဖော်ရောင်းဝယ်တာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာတာ လို့လည်း ဒေသခံတွေက ဆိုပါတယ်။



- စစ်အစိုးရကို နိုက်ဂျီးယားနိုင်ငံက ငွေတိုက်ရိုက်လှူဒါန်းတဲ့အတွက် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ် click
- ဗကသခေါင်းဆောင် ကိုကျော်ကိုကို အင်းစိန်ထောင်ဆေးရုံ တင်ထားရ click
- ရေနံမြေအဓိကရုဏ်းနဲ့ ပတ်သက်လို့ လူ ၂၀ ကျော်ဖမ်းပြီး ညမထွက်ရအမိန့်ထုတ်ထား click
- မြန်မာနိုင်ငံအတွင်း အဂတိလိုက်စားမှုတွေ တိုးပွားနေကြောင်း ဆွေးနွေးချက် (အာရ်အက်ဖ်အေ တနင်္ဂနွေ ဆွေးနွေးပွဲ) click
- မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ထားမှုအပေါ် အရှေ့တီမော သမ္မတက ဆန့်ကျင် click
- မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်သုံးသပ်ရန် အရှေ့တီမောသမ္မတ တိုက်တွန်း click
- မြန်မာပြည်စီးပွားရေးပိတ်ဆို့မှု အရှေ့တီမောသမ္မတ ကန့်ကွက် click
- မုန်တိုင်းကြောင့် လူ ၂၆၀ ပါ ခရီးသည်တင်သင်္ဘော အင်ဒိုနီးရှားမှာ တိမ်းမှောက် click
- အစိုးရချေးငွေမရလို့ မြစ်ဝကျွန်းပေါ်က လယ်သမားတွေ နွေစပါးစိုက်ဖို့ အခက်အခဲတွေ့နေ click
- ပို့ကုန်ဝင်ငွေ တန်ဖိုးကျတဲ့အတွက် ဆန်ပို့သူလုပ်ငန်းရှင်တွေနဲ့ လယ်သမားတွေ အရှုံးပေါ်နေ click
- အစိုးရသစ်တက်ပြီး ပထမဆုံးအကြိမ် ထိုင်းနိုင်ငံ ကြားဖြတ်လွှတ်တော်ရွေးကောက်ပွဲ ပြုလုပ် click
- အစ္စရေးတို့ရဲ့ ရည်မှန်းချက် ပြည့်လုနီးပြီလို့ ပြော click
- ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၉) - မေ့ကွက်ကိုရှာ (ဘီဘီစီ အသံလွှင့်ဆောင်းပါး) click
- ဆရာသိန်းဖေမြင့်၏ စာပေအရှိန်အဝါ (ဒီဗွီဘီ အသံလွှင့်ဆောင်းပါး) click
- ရခိုင်သယာယအသင်း နှစ်ပတ်လည်အသင်း အစည်းအဝေး ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ကျင်းပမည် click
- ထောင်သက်တမ်းပြည့်ပြီးသူ နိုင်ငံခြားသားအများအပြားကို ဘင်္ဂလားမှ လွှတ်ပေးမည်ဆို click
- မန်းဝင်းမောင် အတ္ထုပ္ပတ္တိ - အပိုင်း ၃ (မှတ်စုမှတ်တမ်း) click
- အပစ်ရပ်တောင်းဆိုချက်ကို အန်တု၊ အစ္စရေးလ်နဲ့ ဟားမတ်စ် ဆက် တိုက်နေကြ click
- ဂါဇာမှာ စစ်ဆင်ရေးအရှိန်မြှင့်မယ်လို့ အစ္စရေးပြော click
- ကချင်နှစ်သစ်ကူးမနောပွဲ မြစ်ကြီးနား၌ ကျင်းပနေ click
- ဒီဗွီဘီနိုင်ငံတကာသတင်း click
- မြိုင်ရေနံမြေ၌ အရေးဆိုသူများကို စစ်တပ်က ပစ်ခတ်၍ အမျိုးသမီး တဦးဒဏ်ရာရ၊ ကုမ္ပဏီမီးလောင်မှု၌ မသင်္ကာသူများကို ရဲကဖမ်း click

No comments:

Post a Comment