![]() |
![]() |
![]() |
အရှေ့အာရှ လွတ်လပ် ကုန်သွယ်ရေးဇုံ စပြီ


လူထုလှုပ်ရှားမှုဖေါ်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစုမှ နှစ်သစ်ကူးည “FREE” လှုပ်ရှားမှုပြုလုပ်။
ဒီဇင်ဘာ (၃၁) ရက်နေ့  ၂၀၀၉ New Year အကြို ညက မန္တလေးမြို့ပေါ် နေရာအနှံ့အပြားမှာ “FREE 2010” ဆိုတဲ့ စာများ ရိုက်နှိပ်ထားတဲ့ ၅ ကျပ်တန်၊ ၁၀ တန်၊ ၂၀ တန်၊ ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် များ ကြဲဖြန့်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
မန္တလေး ကျုံးနဘေးမှာတော့ ထောက်လှမ်းရေး၊ ရဲ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်များက အပြည့်နေရာယူ စောင့်ကြည့်နေကြပါတယ်။
ဒီ FREE (လွှတ်) လှုပ်ရှားမှုကို လဖစတ (လူထူလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအင်အားစု - ဗမာပြည်) က ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
"လဖစတ" အဖွဲ့ဝင်တစ်ဦး ပြောပြတာကတော့ "ကျွန်တော်တို့အနေနဲ့ ၂၀၁၀ ဆိုတဲ့ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုကာလကြီး ရောက်တော့မှာ ဖြစ်တဲ့အတွက် အကြိုအနေနဲ့ ဒီလို FREE လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။ စစ်အဆိုးရအနေနဲ့ ဘယ်လိုပဲ မျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးမယ်ပြောပြော ယုံကြည်ချက်တစ်ခုနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးမှတော့ စစ်အာဏာရှင်တွေဟာ အပြောနဲ့ အလုပ်မညီဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုတဲ့အနေနဲ့ ဒီလို FREE သို့မဟုတ် "လွှတ်" လှုပ်ရှားမှုကို ပြုလုပ်ရခြင်း ဖြစ်တယ်။
ကျွန်တော်တို့အနေနဲ့ ဗမာပြည်သူလူထုကြီးကို တိုက်တွန်းချင်တာက FREE ဒါမှမဟုတ် "လွှတ်" ဆိုတဲ့ စာသား တွေ တစ်နိုင်ငံလုံး နေရာအနှံ့ ကိုယ့်ဘာသာ လိုက်ရေးကြစေချင်တယ်။ ဘောပင်လေးနဲ့ပဲ ဖြစ်ဖြစ်၊ ဆော့ပင်န် လေးနဲ့ပဲဖြစ်ဖြစ်၊ သင်္ဘောဆေး/မှုတ်ဆေးနဲ့ပဲ ဖြစ်ဖြစ် ဒီနေ့ နယူးရီးယား ၂၀၁၀ နှစ်သစ် ပထမဆုံးနေ့ကစပြီး ကိုယ်တတ်နိုင်သလောက် ဗမာပြည်နေရာအနှံ့ လိုက်ရေးကြဖို့ နှိုးဆော်ပါတယ်။ ကျွန်တော်တို့လို ပိုက်ဆံ ဒါမှ မဟုတ် စက္ကူစများပေါ်မှာလည်း FREE လို့ရေးပြီးလည်း ဖြန့်ဝေနိုင်ကြပါတယ်။"
FREE သို့မဟုတ် "လွှတ်" များ ရေးသားဖြန့်ဝေကြခြင်းဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုကြပါစို့ ။
လူထူလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအင်အားစု - ဗမာပြည်။
(Activists for Abolishing the Military Dictatorship - Burma Myanmar)။
ကောင်းကင်ပြာနဲ့ အနာဂတ် (၁)
စိုးနေလင်း
Thursday, December 31, 2009
ဖက်ဆစ်တော်လှန်ရေးကာလ စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာ။ အချိန်အများစု အမြဲမြဲလိုလို ၈'-၁၂' အခန်း ကျဉ်လေးထဲမှာ နှစ်ပေါင်းအတော်ကြာ ပိတ်လှောင်ခံခဲ့ ရတုန်းကပေါ့လေ။ ဆောင်းရာသီ နွေရာသီလိုကာလမျိုး နေ့လည်ပိုင်း နေရောင်က ကျဲကျဲတောက်ပူပြင်းနေတဲ့ အချိန်မျိုးမှာ တခု တည်းသော... အပြည့်အစုံသို့
နှစ်တနှစ် သစ်ပေမယ့် သစ်မလာနိုင်သေးတဲ့ ဘဝတခု ဝင်းမြတ်၊ ရန်ကုန် “ဒီကရရှိတဲ့ ငွေလေးတွေ စုဆောင်းပြီး အထည်ဆိုင်လေးတစ်ဆိုင်၊ ဒါမှမဟုတ် အမှန်တကယ် အလှပြင်တဲ့ဆိုင် တစ်ဆိုင်လောက် ဖွင့်လှစ်လုပ်ကိုင် ချင်တယ်” သုံးတန်းအထိသာ ကျောင်းနေခဲ့ဖူးတဲ့ ကြယ်စင်(၁၉နှစ်) ဟာ ဟက်ပီးနယူးရီးယားလို့ သူမရဲ့ ဧည့်သည်တွေကို နှုတ်ဆက်တတ်ပေမယ့် တကယ်တမ်း သူမအတွက်တော့ ပျော်ရွှင်ရတဲ့ နှစ်သစ်ကူး မဟုတ်ပါဘူး။
| |
အပြည့်အစုံသို့ ... |
နှစ်သစ်ကူးနေ့သည် ဒုက္ခသည်အများအပြား၏ မွေးနေ့ဖြစ်နေ မိုးမခအထောက်တော် အမှတ် ဝဝ၆ ဇန်နဝါရီ ၁၊ ၂ဝ၁ဝ ![]() ဒုက္ခသည်အများအပြား၏ မွေးနေ့သည် ဇန်နဝါရီ ၁ ရက်နေ့ ဖြစ်နေသည်ဟု ယနေ့ထုတ် Los Angeles Times သတင်းစာတွင် ရေးထားသည်။ အမေရိကန်နိုင်ငံသို့ ၂ဝဝ၉ ခုနှစ်တွင် ဒုက္ခသည် ရှစ်သောင်းခန့် ရောက်ရှိလာရာ တသောင်းကျော်၏ မွေးနေ့မှာ ဇန်နဝါရီ ၁ ရက်နေ့ဖြစ်နေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားထားသည်။ | |
အပြည့်အစုံသို့ ... |
ဖုန်းခေါ်ဆိုခ တိုးမြှင့်ရာတွင် လိုင်းဖုန်းများ ပါဝင်ခြင်းမရှိ သန်းစိုးလှိုင်၊ ရန်ကုန် ယနေ့မှ စ၍ တိုးမြှင့်လိုက် တယ်လီဖုန်း ခေါ်ဆိုခများထဲတွင် လိုင်းဖုန်း (ကြိုးသွယ်သည့် ရုံးနှင့် အိမ်သုံးဖုန်းများ) များ ပါဝင်ခြင်းမရှိကြောင်း သိရသည်။ | |
အပြည့်အစုံသို့ ... |
၂၀၁၀ ကာတွန်း မောင်ရစ် ဒီဇင်ဘာ ၃၁၊ ၂၀၀၉ အင်း … ဒီနှစ်သစ်မှာတော့ဖြင့် ဟိုတုန်းကလို … အခါအခွင့်သင့်တိုင်း အတိတ်ကို တစစီဖဲ့ပြီး မြည်း မနေတော့ပါဘူး။ | |
အပြည့်အစုံသို့ ... |
နှစ်သစ်ကူး အမှတ်တရ ကိုလူထွေး ဒီဇင်ဘာ ၃၁၊ ၂၀၀၉ ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့သည် ယနေ့ ခရစ်သက္ကရာဇ် ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့ နံနက် ၀ နာရီ ၀ မိနစ်တွင် တွင် မင်္ဂလာရှိသော နှစ်သစ်အခါ သမယကို အောင်မြင်စွာ ကျော်နင်း ရောက်ရှိခဲ့ချေပြီ။ လူတိုင်းလူတိုင်းသည် ၄င်းတို့ဤ အတိတ်ကံ အကျိုးဆက် များကြောင့် ယခုရောက်လေရာ လူဘဝကြီးတွင် ကံအကျိုး ပေးပုံချင်းလည်း မတူညီကြပေ။ “လှံထမ်း လာတာကိုသာ မြင်ရပြီး ကံထမ်း လာတာကို မမြင်ရ” ဟု ရှေး ဆိုရိုး ရှိခဲ့ပါသည်။ ဝေဒသူဌေး ဦးလူထွေး က သင်တို့၏ ကံကြမ္မာကို လယ်ပြင်တွင် ဆင်သွား သကဲ့သို့ ထင်ထင်ရှားရှား မြင်ရ အောင် ထုပ်ဖော်ပြသ၍ ဆောင်ရန် ရှောင်ရန် ရှိသည်များကို မေတ္တာ ဂရုဏာ ရှေ့ထားကာ တွက်ချက် ပေးထားပါ သည်။ | |
အပြည့်အစုံသို့ ... |
သက္ကရာဇ်တစ်ခုကို ကျော်ဖြတ်ခြင်း ထိန်လင်း ဒီဇင်ဘာ ၃၁၊ ၂ဝဝ၉ နှစ်ဟောင်းတစ်ခုကနေ နှစ်သစ်တစ်ခုကို ကူးပြောင်းတဲ့အခါ သက္ကရာဇ်တစ်ခုကိုလည်း ကျော်ဖြတ်ကြရတာဖြစ်ပါတယ်။ အဲဒီလို ကျော်ဖြတ်တဲ့အခါ အချိန်ကာလတွေနဲ့အတူ တခြားသောအရာတွေကိုလည်း ကျော်ဖြတ်ကြရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နှစ်တစ်ခု ကုန်ဆုံးလိုက်ရပြီဆိုတာနဲ့ တခြားသောအရာတွေကိုပါ ကုန်ဆုံးလိုက်ရတဲ့သဘော ရှိနေ ပါတယ်။ | |
အပြည့်အစုံသို့ ... |
ထိုင်းဘောလုံးသမားတဦးကို မြန်မာတို့ ကျားမ မကွဲပြား မိုးမခအထောက်တော် ရန်ကုန် ထိုင်း-မြန်မာ အမျိုးသမီးဘောလုံးပွဲတပွဲတွင် ထိုင်းအသင်းဘက်မှ ပါဝင်ခဲ့သည့် အားကစားသမားတဦးသည် အမျိုးသား ဖြစ်ဖွယ်ရှိသည်ဟု ရန်ကုန်မြို့ထုတ် ဂျာနယ်များတွင် ရေးသားထားကြသည်။ | |
အပြည့်အစုံသို့ ... |
မိုးမခအထောက်တော် ၀၀၃ ဒီဇင်ဘာ ၃၁၊ ၂၀၀၉ | |
အပြည့်အစုံသို့ ... |
၂၀၁၀ နှစ်သစ် - တယ်လီဖုန်းပြောဆိုခများ ရုတ်တရက် ဈေးမြင့်တက် သန်းစိုးလှိုင်၊ ရန်ကုန် ဒီဇင်ဘာ ၃၁၊ ၂၀၀၉ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျင် တယ်လီဖုန်းလိုင်းဈေး အမြင့်မားဆုံး ဖြစ်သည့် မြန်မာနိုင်ငံတွင် မြို့တွင်းနယ်ဝေးပြောဆိုခများကို မနက်ဖြန် ဇန်န၀ါရီလ ၁ရက်နေ့မှစတင်ပြီး ၃ဆကျော် တိုးမြှင့်မည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးဝန်ထမ်း တဦးကပြောဆိုသည်။ | |
အပြည့်အစုံသို့ ... |
ဒီဇင်ဘာလ ၃၀၊ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ထီဖိုးသန်ရွာသူရွာသားများသည် ရွာပြင်ရှိ တောင်ယာ၊ လယ်ယာလုပ်ငန်းခွင်များတွင် သွားရောက်နေထိုင်ကာ အလုပ်လုပ်ခွင့်မရှိဘဲ ရွာတွင်းပြန်လာကြရန် နအဖတပ်မှ ယခုလ ၂၅ရက်နေ့က စတင် အမိန့်ထုတ်ညွန်ကြားထားသည်ဟု ဒေသခံများက ပြော သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာ ကျင့်ဝတ် ကတိဟာ လူမျိုးစုံ ပြည်သူလူထု တရပ်လုံးပဲဖြစ်တယ်
၁၉၈၈ ခုနှစ် ဩဂုတ်လမှာ မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ပါဝင်သော ပြည်သူလူထု ကြီးတရပ်လုံးဟာ မကြုံစဘူး ထူးကဲလှစွာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်စုစည်း ညီညွတ်စွာဖြင့် အုံကြွခဲ့ကြပြီး မဆလ တပါတီအာဏာရှင် စနစ်ကို ဖြိုချဖျက်သိမ်း၍ ဒီမိုကရေစီရရှိရေး တောင်းဆို တိုက်ပွဲဝင်မှုကြီးတရပ်ကို ပေါ်ပေါက်စေခဲ့ပါတယ်။တယ်လီဖုန်း ခေါ်ဆိုခ တိုးမြှင့် ကောက်ခံမည်
တယ်လီဖုန်း ခေါ်ဆိုခကို လာမည့်နှစ်ဆန်း ၁ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးတွင် တိုးမြှင့် ကောက်ခံ ...
ပူးပေါင်း ဆောင်ရွက်ရေး ထောက်ခံမည်ဟု မြန်မာ့အရေး ကော်မတီပြော
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုခြင်းကို ထောက်ခံကြောင်း မြန်မာ့အရေး ဆွေးနွေးပွဲ ...
![]() more |
![]() |
![]() more |
![]() |
![]() more |
![]() |
![]() more |
![]() |
![]() more |
![]() |
![]() more |
![]() |
![]() more |
![]() |
![]() more |
![]() |
![]() more |
![]() |
![]() more |
![]() |
![]() more |
![]() |
![]() more |
![]() |
![]() more |
No comments:
Post a Comment