1.11.2010

မီးသတ်ကားက မီးဘေးသင့် ဒုက္ခသည်ထံမှ မီးငြိမ်းသတ်ခ ကျပ်ငါးသောင်းတောင်းခံ

Photobucket
Photobucket
Photobucket

ဇန္န၀ါရီ ၁၁

နာရီပိုင်းအ တွင်းမီးငြိမ်းသတ်နိုင်သဖြင့် နေအိမ် အနည်းငယ်သာ လောင်ကျွမ်းခဲ့သော်လည်း မီးသတ်ခကား တစ်စီးလျှင် ကျပ်ငါးသောင်းစီ သင်္ကန်းကျွန်း မီးသတ်တပ်ဖွဲ့က တောင်းခံခဲ့သဖြင့် ရပ်ကွက်နေ လူထုက မကျေမနပ် ဖြစ်နေကြသည်။
Justify Full
ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် သုဝဏ္ဏ ဘုရင့်နောင်လမ်းတွင် ယမန်နေ့ ညနေက မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သဖြင့် လူနေအိမ် အချို့ မီးထဲပါသွားပြီး ကာလတန်ဖိုး ကြီးမားကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

“ဖယောင်းတိုင်မီးက စလောင်တာပါ ခင်ဗျာ၊ လျှပ်စစ်မီးမရှိတော့ ဖယောင်းတိုင်ပဲ ထွန်းနေရတာပေါ့ ၊ အိမ်ငါးလုံး ပါသွားပါတယ်။ အိမ်က အိမ်ကောင်းတွေဆိုတော့ ကျပ်သိန်းထောင်းပေါင်းများစွာ ရှိနိုင်တယ်လို့ ပြောနေကြပါ တယ်။ လူတွေက မီးသတ်ကို လေးစားဖို့ ပြင်နေတုန်း ရှိသေးတယ်၊ မီးလောင်ခံရတဲ့ လူတွေကိုရော၊ ရပ်ကွက်နေ လူထုကိုပါ ပိုက်ဆံကောက်ပြီး ပေးလိုက် ရတယ်၊ အိမ်ရှင်ကိုတော့ ဖမ်းသွားတယ်” ဟု ပြောသည်။

ယမန်နေ့ ညနေ ၇နာရီကျော်ခန့် အချိန်တွင် ဦးပုကျော်နေအိမ်တွင် ထွန်းညှိထားသော ဖယောင်းတိုင်မီးမှ စတင် လောင်ကျွမ်းကြောင်း အမည်မဖေါ်လိုသော ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။ မီးစတင် လောင်ကျွမ်းပြီး များမကြာမီတွင် မီးသတ်ကား ၇စီး ရောက်ရှိလာပြီး ၀ိုင်းဝန်းမီးငြိမ်းသတ် သဖြင့် ညဥ့်တစ်နာရီခန့်တွင် မီးညွန့် ကျိုးသွားခဲ့သည်။

မီးသတ်ကားများ အချိန်မီ ရောက်ရှိလာခဲ့သဖြင့် နေအိမ်ငါးလုံးခန့်သာ မီးထဲပါသွားသော်လည်း ကာလ တန်ဖိုးမှာ ကျပ်သိန်းပေါင်း သောင်းချီရှိနိင်ကြောင်း ခန့်မှန်း ပြောဆိုကြသည်။ မီးသတ်ကားများက ရပ်ကွက်တစ်ခုလုံး မီးထဲ ပါမသွားအောင် ကာကွယ်နိုင်ခဲ့သော်လည်း မီးသတ်ကားတစ်စီးကို ကျပ်ငါးသောင်းစီ တောင်းခံသဖြင့် ရပ်ကွက် နေ လူထုက မကျေနပ် ဖြစ်နေကြသည်။

လျှပ်စစ်မီးမလာသဖြင့် ပြည်သူလူထုမှာ ဖယောင်းတိုင်ကိုသာ အဓိကထား ထွန်းညှိနေရသဖြင့် မီးလောင်မှုများ မကြာမကြာ ဖြစ်ပေါ်လေ့ ရှိကြောင်း သုဝဏ္ဏ မြို့ခံများက ပြောသည်။

ပေးပို့သူ - သုဝဏ္ဏ

No comments:

Post a Comment