
ရန်ကုန် ဒီဇင်ဘာ ၁၈ ။
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအတွက် ယနေ့နံနက်ပိုင်းက ဗဟိုတရားရုံးချုပ်တွင် နှစ်ဘက် ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာခဲ့ပါသည်။
နေ့လည် ၁နာရီ၃၀က ဒေါ်အောင်ဆန်းစုကြ၏ ရှေ့နေ အဖွဲ့ခေါင်းဆောင် ဦးကြည်ဝင်းနှင့် ဦးဥာဏ်ဝင်း တို့က သတင်းထောက်များကို ရှင်းလင်းပြောပြ ရာတွင် သူတို့ အနေဖြင့် ဦးနေဝင်း လက်ထက်က ရေးဆွဲခဲ့သော ၁၉၇၄ခုနှစ် အခြေခံဥပဒေ အပေါ်မူတည်ပြီး တရားစွဲဆိုထားသည့် အချက်ကို အဓိက ထားလျှောက်လဲ ခဲ့သည်ဟု ပြောပြသွားပါသည်။
ဦးကြည်ဝင်းက သတင်းသမားများကို ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထို၁၉၇၄ အခြေခံဥပဒေ ပါ အချက်အရ ၁၉၉၈ ခု ဇူလိုင်လ ၂၀ရက်မှ ၁၉၉၅ ဇူလိုင်လ ၁၀ရက်နေ့ အထိ တကြိမ်နှင့် ၂၀၀၃ မေလ ၃၀ရက်နေ့မှ ယခုအထိ နှစ်ကြိမ်တိုင်တိုင် ထိမ်းသိမ်းခြင်း ခံခဲ့ရကြောင်းနှင့် အမှန်တကယ်မှာ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းခဲ့ပြီးသည့် အချိန်မှ စ၍ ထိုအခြေခံဥပဒေမှာ ပျက်ပြယ်ခဲ့ပြီး ဖြစ်ရာ ထိုဥပဒေပါ အချက်ဖြင့် နှစ်ကြိမ်တိုင်တိုင် ထိန်းသိမ်းခံခဲ့ရခြင်းမှာ တရားမျှတမှု မရှိကြောင်း ပြောခဲ့ပါသည်။
အစိုးရရှေ့နေများက မူ ထိုအခြေခံ ဥပဒေကို ဖျက်သိမ်းကြောင်း တရားဝင် ကြေငြာခဲ့ခြင်း မရှိ၍ အသုံးပြုနိုင် ကြောင်း လျှေက်လဲကြသည်ဟု ဦးကြည်ဝင်းကပင် ဆက်လက် ပြောပြပါသည်။
ဗဟို တရားရုံးချုပ်၏ လုပ်ထုံးလုပ်နည်းများအရ ထိုသို့ ကြားနာပြီးလျှင် ၁လ အတွင် စီရင်ချ ချလေ့ရှိသည် ဟုလည်း ပြောပြခဲ့ပါသည်။
အကယ်၍ ယခု လျှောက်လဲချက်ကို ပယ်ချခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည် အတွက် နေပြည်တော်ရှိ တရားသူကြီး နှစ်ဦးထိုင် ဗဟိုတရားရုံးတွင် အထူးအယူခံ တင်သွင်းရန်သာ ရှိတော့သည် ဟုလည်း ရှင်းပြသွားခဲ့ပါသည်။
သတင်းသမားများ၏ မေးမြန်းချက်ကို ဦးကြည်ဝင်းက ဖြေကြားခဲ့ရာတွင် တရားဥပဒေသည် သူတို့ဘက်တွင် ရှိသည်ဟု အလေးအနက် ယုံကြည်ကြောင်း ပြောပြသွားခဲ့ပါသည်။
၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံသို့ ပြန်လာချိန်မှ ယခုအထိ ၂၁ နှစ်ကျော် ကာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်ဖြင့် ၁၄နှစ်ကျော် နေထိုင်ခဲ့ရပြီး ဖြစ်ပါသည်။
ပြည်တွင်း သတင်းထောက် ရွှေဝါရောင် သတင်းလွှာ
No comments:
Post a Comment