1.20.2010

ယာယီပတ်စပို့ အတွက် ဝန်ဆောင်ခများ ဈေးကြီး၍အလုပ်သမားများအခက်ကြုံ

Photobucket
သဘောထားကို ထုတ်ဖေါ်ခဲ့သော ယာယီပါတ်စပို့ ရှိပြီးသူ အလုပ်သမားနှစ်ဦး ကာယကံရှင် များ၏
ဆန္ဒအရ မျက်နှာများကို ဖုံးအုပ်ပေးထားခြင်းဖြစ်ပါသည်။

ဇန္န၀ါရီ ၂၀

ထိုင်းနိုင်ငံဘန်ကောက်မြို အနီး စမုတ်စာခွန်ခရိုင် မဟာချိုင်နယ်မြေက ထုန်ဘန်မြို့ အောပသောခယ်လိုင် အမှတ်၁၄၁ နယ်မြေအမှတ် ၁၁ ရှိ အိမ်သာကြွေခွက်ထုတ်လုပ်သည့် နစကို ကုမ္ပဏီ Nasco Sonitary ware Thailand Co,ltd မှ မြန်မာ အလုပ်သမားများမှာ ယာယီပတ်စပို့ လုပ်ခကြီးမြင့် သဖြင့် အခက်ကြုံနေကြရသည်။

ယာယီပတ်စပို့ လုပ်ကိုင်ရန် စက်ရုံမှ အစည်းအဝေး ခေါ်ယူခဲ့စဉ်က အမှန်တကယ် ကုန်ကျမည့် ငွေနှင့် အသက်သာဆုံး လုပ်ပေးမည့် ပွဲစားကုမ္ပဏီနှင့် ဆက်သွယ်လုပ်ပေးရန် ပြောဆိုခဲ့သည်။ ယာယီပတ်စပို့ လုပ်ရန် အတွက် လစဉ် ဘတ်၂၀၀၀စီ ဖြတ်တောက် လာခဲ့သည်။ ယခုလုပ်ပြီးသောအခါ ဘတ်ငွေ ၇၀၀၀ ကုန်ကျခဲ့သည်။ ထို့နောက် အလုပ်လုပ်ကိုင်ခွင့်(work permit)အတွက် တစ်နှစ်ကို ဘတ်သုံးထောင်နှင့် ၂နှစ်ကို ဘတ် ၅၀၀၀ ပေးရမည်ဖြစ်ကြောင်းပြောလာခဲ့သည်။

ကိုယ်တိုင်ယာယီပတ်စပို့ လက်ဝယ်ရှိပြီးသူဖြစ်သော ကိုဝိုင်းက “လုပ်ပုံကိုင်ပုံက မဟုတ်ဘူးဗျ။ မလုပ်မနေရ လုပ်ရပြီးတော့ အလုပ်ရုံက စည်းကမ်း ထိမ်းသိမ်းရေးနဲ့ မန်နေဂျာရဲ့ လုပ်တိုင်းခံနေရတဲ့ သဘောရှိနေပါတယ်။ အလုပ်သမားတစ်ယောက်ကို ဘတ် ၁၂၀၀၀ အထိ ကုန်ကျမှ အလုပ်ဆက်လုပ်လို့ ရမယ့် သဘော ဖြစ်နေပါတယ်။ ကျနော်တို့ ဘာကိုစားပြီး နေရမလဲ၊ ပြီးတော့ မြန်မာပြည်က မိသားစုတွေကို ပြန်လည်း ပို့နိုင် တော့မှာ မဟုတ်ဘူး”ဟု ပြောသည်။

မြန်မာအလုပ်သမား၁၆၀ ခန့် ရှိသော အဆိုပါ အိမ်သာကြွေခွက် အလုပ်ရုံတွင် တစ်နေ့ကို လုပ်ခ ၂၀၃ဘတ်စီ ရရှိကြသည်။ ငွေမကြေသေးသည့် အလုပ်သမားများကို စာအုပ်မပေးသေးပဲ၊ ဘတ်ငွေ ၁၂၀၀၀ ကျေပြီးမှ ယာယီ ပတ်စပို့အား မြန်မာအလုပ်သမားများ ကိုင်ဆောင်ခွင့် ပေးသည်။

ယာယီပတ်စပို့ လုပ်ကိုင်ပြီးစီး ထားသူ နောက်တစ်ဦးဖြစ်သည့် ကိုစည်သူမိုးက “ မလုပ်ရင် မနေရတော့တဲ့ အနေအထားမျိုး ဖြစ်နေတော့ ကျနော်တို့ လုပ်ရတာပေါ့၊ အမှန်တကယ် ကုန်ကျမယ့်ငွေက နယ်စပ်ကို အသွား အပြန် ကားခရယ်၊ မြန်မာအစိုးရကို ကျပ်ငွေ၃၀၀၀ ရယ် ဆိုတော့ ဘတ် ၁၀၀ ။ ပြီးတော့ ထိုင်းကို ပြည်ဝင်ခွင့် တုံးထုခ ဘတ်၅၀၀ ဒါပဲကုန်မှာ အားလုံးကားခနဲ့ မှဘတ် နှစ်ထောင်ကျော်ပေါ့။ခုဟာက ပတ်စပို့ ပွဲစား ကုမ္ပဏီတွေ၊ မြန်မာပွဲစားတွေ အပြင် ကျနော်တို့ရုံက ထိုင်းအလုပ်သမားခေါင်း (၀ဏ္ဏ)နဲ့ မန်နေဂျာ။ အဲဒီလို အဆင့်ဆင့် ကျနော်တို့ အပေါ်မှာ ခေါင်းပုံဖြတ် အမြတ်ကြီးစား နေကြတယ်။ ကျနော်တို့ မြန်မာ အလုပ်သမား တွေကို ယာယီပတ်စပို့ မလုပ်မနေရ လုပ်ရမယ် ဆိုရင်လည်း မြန်မာအစိုးရက ကိုယ့်နိုင်ငံကသန်းချီရှိတဲ့ မြန်မာ အလုပ်သမားတွေကို အသက်သာဆုံး နည်းလမ်းနဲ့ လာပြီးတော့ လုပ်ပေးစေချင်ပါတယ်။ ဒီလိုဆိုရင် ကျနော်တို့ အလုပ်သမားတွေ သက်သာမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ထိုင်းနှင့် မြန်မာအစိုးရတို့ နှစ်နိုင်ငံ အစိုးရ သဘောတူညီချက်အရ အကောင်အထည် ဖေါ်နေသော လုပ်ငန်းစဉ် အတွင်း နယ်စပ်သုံးနေရာတွင် သွားရောက်ပြီး ယာယီပတ်စပို့ လုပ်ကိုင် ပြီးစီးသူများများ သောင်းကဏန်းသာ ရှိသေးသည်။

မြန်မာ အလုပ်သမားများ၏ ပကတိ အနေအထားနှင့် အခက်အခဲများကို အစိုးရ၂ရပ်လုံးက လျစ်လျူရှုပြီး ကြားခံ ကုမ္ပဏီများနှင့် ပွဲစားများကို လုပ်ကိုင်ခွင့် ပေးခဲ့သည်။ လာမည့် ဇန္န၀ါရီလ ၂၂ ရက်တွင်း ယာယီပတ်စပို့ သွားလုပ်မည့် အလုပ်သမား ၂၀ ကျော်အထဲမှ၊ ကိုလတ်က “ဒီလောက်များတဲ့ ငွေကို ဘယ်လို တတ်နိုင်မှာလဲ၊ အသိတွေဆီကတစ်ဆင့် တစ်ရာကို တစ်ဆယ်တိုးနဲ့ ချေးပြီး လုပ်ရတာပေါ့။ မလုပ်မဖြစ်လို့ လုပ်ရမယ် ဆိုရင်လည်း၊ ယာယီပတ်စပို့ ဆိုရင်လည်း ယာယီပတ်စပို့ ၊ နေထိုင်အလုပ်လုပ်ကိုင်ခွင့် (ဘတ်)ဆိုလည်း ဘတ် ။ တစ်ခုဆိုရင် တော်ပြီ ပေါ့ဗျာ။ ခုဟာက ကျနော်တို့ အားလုံး အခက်အခဲ ကြုံရတော့တာပေါ့။ ကျနော်တို့ရဲ့ အနေအထားက လုပ်ရင်လုပ် မလုပ်ရင်ပြန်၊ အဲဒီလိုဖြစ်နေတာ၊ ကျနော်တို့ အလုပ်ရုံက သူဌေးကို ကျနော်တို့ တင်ပြဖို့ ဆိုတာ ဘယ်လို မှမဖြစ်နိုင်ဘူးလေ။ ကြားမှာ အဆင့်တွေ အများကြီး ကျန်သေးပါတယ်”ဟု ပြောသည်။

ယာယီပတ်စပို့ လျှောက်ထားသည့် ဖေါင်တင်ထားသည့် မြန်မာ အလုပ်သမားများကိုသာ အလုပ်သမား ဝန်ကြီးဌာနမှာ ရှိပြီးသားစာရင်းအရ သက်တမ်း တိုးပေးဖြစ်ကြောင်း၊ လျှောက်ထားဆဲ လူများအား (ဘတ်) ၂နှစ် သက်တမ်း တိုးပေးမည် ဖြစ်ကြောင်း ထိုင်းအစိုးရက တရားဝင်ကျေညာထားပြီးဖြစ်သည်။

ဖြည့်စွက်ပြီးသော ပုံစံများကို သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးမှ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မြန်မာ သံရုံးနှင့် ထိုမှတစ်ဆင့် မြန်မာအစိုးရသို့ ရောက်ရှိမည်ဖြစ်ပြီး နိုင်ငံသားဟုတ်မဟုတ် စစ်ဆေးပြီးမှ ယာယီပတ်စ်ပို့ ပြုလုပ်နိုင်သည့် လူစာရင်းကို ထိုင်းနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သည်။၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထိုင်းဝန်ကြီးများ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ၊ ဖေဖေါ်ဝါရီလနှင့် မတ်လ သို့မဟုတ် ဇွန်လတွင် အလုပ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးသော ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ် လုပ်ခွင့် သက်တမ်း တိုးမြှင့်ခြင်းကို ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် နေထိုင်အလုပ်လုပ်ကိုင်ခွင့်(့ဘတ်)လုပ်ငန်းစဉ်တွင်၊ မြန်မာအလုပ်သမားများထံမှ တစ်နှာစာ ကုန်ကျမည့် လုပ်ကိုင်ခွင့်နှင့် ကျမ္မာရေးစောင့်ရှောက်ခများ အပြည့်အ၀ယှူု၍ လုပ်ပေးခဲ့သော်လည်း မြန်မာ အလုပ်သမားများ နေထိုင်ခွင့်ရရှိခဲ့သည်မှာ ၈လာသာရှိသည်။ ထို့ကြောင့် မြန်မာ အလုပ်သမား ၃သိန်း ဘတ်လုပ်လိုက်လျှင် လူတစ်သိန်း အတွက် ထိုင်းအစိုးရက မတရားဖြတ်ယူခဲကြောင်း အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့ တခုက ထောက်ပြခဲ့သည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment