1.20.2010

ဈေးရောင်း မြန်မာအလုပ်သမ မျက်နှာအား ငရုပ်သီးမှုန့်ဖြင့် ပက်ပြီးလုယက်သူ ထိုင်းအမျိုး သမီးအား ဖမ်းမိ

Photobucket
သတင်းစာတွင် ဖေါ်ပြထားသော ဖမ်းဆီးရမိသူ နန်းချွန်ချစ်ဟူး၏ပုံ
ဇန္န၀ါရီ ၂၀

ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့နယ်၊ ချမ်မွေ့ကျေးရွာ လချမုန်းလမ်း ၀ိုလို့ဈေး ဆိုင်အမှတ် ၂၀/၂၀တွင် ဈေးရောင်းကူ မြန်မာ အလုပ်သမ မနန်းစိုင်၏ လည်ပင်းမှ ရွှေဆွဲကြိုးကို လုယူရန် ကြိုးစားခဲ့သည့် ထိုင်း အမျိုးသမီးအား ဈေးသူဈေးသားများ ၀ိုင်းဝန်း ဖမ်းဆီးပြီး ထိုင်းရဲလက်သို့ အပ်နှံခဲ့သည်။

ဇန္န၀ါရီလ၁၇ ရက်နေ့ နေ့လည်၁၂နာရီခန့်က သားရေအိပ်များ ရောင်းချသည့်ဆိုင်ရှေ့တွင် ဈေးဝယ်သူ ဟန်ဆောင်၍ မော်တော်ဆိုင်ကယ် တစ်စီး ထိုးရပ်ခဲ့သည်။ ထိုဆိုင်မှ မြန်မာ အလုပ်သမက ပစ္စည်းများကို ပြသပြီး ဈေးနုန်းများကို ပြောပြပြီး၊ ကြောခိုင်းလိုက်စဉ် ဈေးဝယ်သူ အယောင်ဆောင် ထိုင်းအမျိုးသမီး နန်းချွန်ချစ်ဟူး အသက်၂၂နှစ်က ငရုပ်သီးမှုန့်နှင့် မြန်မာအလုပ်သမ မနန်းစိုင်၏ မျက်နှာကို ပက်ဖြန်း၍ လည်ပင်းတွင် ၀တ်ဆင်ထားသော ရွှေဆွဲကြိုးကို လုယက်ခဲ့သည်။ လုယက်ခံရသူက သူမ၏လည်ပင်းတွင်ရှိသော ရွှေဆွဲကြိုးကို လုယူနေကြောင်း အော်ဟစ် အကူအညီ တောင်းသဖြင့် အနီးအနား ဈေးဆိုင်များက ရောက်ရှိလာခဲ့ကြပြီး လုယက်သည့် ထိုင်းအမျိုးသမီးကို ဖမ်းဆီးပြီး ရဲလက်သို့ အပ်နှံခဲ့ခြင်း ဖြစ်သည်။

ရဲစခန်းတွင် လုယက်သူ ထိုင်း အမျိုးသမီးက သားသမီး၃ ယောက်ဖြင့် ခင်ပွန်ဖြစ်သူနှင့် ကွာရှင်းပြတ်စဲခဲ့သဖြင့် လုပ်ကိုင် စားသောက်ရမှု အထူးခက်ခဲခြင်းကြောင့် ယခုကဲ့သို့ လုယက်မိကြောင်း ထွက်ဆိုသွားခဲ့သည်။ ယခင် ကလည်း ချင်းမိုင်ခရိုင်အတွင်းရှိ ကုန်တိုက်တစ်ခုတွင် ယခုကဲ့သို့ လုယက်မှုမျိုး အောင်မြင်ခဲ့ဖူးကြောင်း ထွက်ဆို သွားခဲ့သည်။

အမှုစစ် ရဲအရာရှိ ချန်ဝစ်က မဲခင်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းနှင့် လုယက်မှုဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်ဟု ပြောပြခဲ့ကြောင်း ထိုင်းရပ်သတင်းစာ မျက်နှာဖုံးတွင် ရေးသားဖေါ်ပြထားသည်။

No comments:

Post a Comment