1.27.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း


Burma's opposition leader Aung San Suu Kyi (2008 file)

မြန်မာစစ်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပြန်ပါတယ်။

အမေရိကန် တပ်များ၏ ဟေတီ လူမှုကယ်ဆယ်ရေး သတင်း ဆင်ဆာထိ ငလျင်ဒဏ် ခံခဲ့ရသည့် ဟေတီနိုင်ငံတွင် အမေရိကန် တပ်များက ကယ်ဆယ်ရေး လုပ်ငန်းများ ၀င်ရောက် ကူညီနေမှုနှင့် ပတ်သက်၍ စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခွင့် မရကြောင်း သိရသည်။
နိုင်ငံတကာရောက် ကချင်များ တရုတ်အစိုးရကို ကန့်ကွက်

နိုင်ငံတကာရောက် ကချင်များ တရုတ်အစိုးရကို ကန့်ကွက်

ဧရာဝတီ မြစ်ဆုံ ရေလှောင်တမံ ဆောက်လုပ် နေခြင်းအား ကန့်ကွက်ကြောင်း ၀ိုင်းဝန်း လက်မှတ်ရေးထိုး ထားသည့် စာကို နိုင်ငံတကာရောက် ကချင် တိုင်းရင်းသား များက တရုတ် အစိုးရသို့

KIO နှင့် စစ်အစိုးရ တွေ့ဦးမည်

စစ်အစိုးရ တာဝန် ရှိသူများနှင့် KIO အဖွဲ့ ခေါင်းဆောင် တချို့ယခုလ ၂၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးရန် ပြင်ဆင် ထားကြောင်း အပစ်ခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့်

ဇာဂနာမွေးနေ့ ချင်းမိုင်တွင် ကျင်းပ

ယခုလက်ရှိတွင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသော မြန်မာ့စွယ်စုံ အနုပညာရှင် ကိုသူရ (ခ) ကိုဇာဂနာ၏ ၄၉ နှစ်မြောက် မွေးနေ့ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။ဇန်န၀ါရီလ ၂၇ရက်နေ့တွင်

ကင်ဂျိနာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းသမား ၂ ဦး ရရှိ
မိုးမခအထောက်တော် အမှတ် ၀၀၁
ဇန်နဝါရီ ၂၇၊ ၂ဝ၁ဝ
ရန်ကုန်မြို့ဆန္ဒပြပွဲတခုတွင် ဂျပန်သတင်းထောက် ကင်ဂျိနာဂါအိ သတင်းယူနေစဉ် ပစ်ခတ်ခံရသဖြင့် လဲကျသွားပုံ (ဓာတ်ပုံ- Reuters)

ဒုတိယအကြိမ်မြောက် ကင်ဂျိနာဂါအိ အမှတ်တရဆုကို အကျဉ်းကျနေသည့် မြန်မာသတင်းသမား၂ဦးကို ပေးအပ်ရန် ရွေးချယ်ထားသည်ဟု ဂျပန်သတင်းဌာန APF နှင့် ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂတို့က အင်္ဂါနေ့တွင် ကြေညာလိုက်သည်။

အပြည့်အစုံသို့ ...

ကိုဇာဂနာဖတ်ဖို့ ဟာသ
မွေးနေ့အတွက် ကင်ပိန်း
ပျော်တော်ဆက်သာဂိ
ဇန်န၀ါရီ ၂၇၊ ၂၀၁၀
မရေးတော့ဖူး နေတော့မလို့ပါပဲ ကိုဇာဂနာရယ်။ သို့သော်လည်း အချိန်ရောက်ပြန်တော့ မရေးဘဲ မနေနိုင်၊ ရေးလိုက်ရပြန်ပေါ့။ အံမယ် … ဒီနေ့ ခင်ဗျား မွေးနေ့ဗျ။ တခါဖူးကမှ ခင်ဗျားမွေးနေ့ကို ကျနော်က သတိရတဲ့သူ မဟုတ်ပါဘူးဗျာ။ အခုလည်း သတိရလို့ မဟုတ်ပါဘူး။ သူများတွေက ခင်ဗျားမွေးနေ့ ခင်ဗျားမွေးနေ့ဆိုပြီး ဟိုပြေး ဒီပြေး လုပ်နေကြလို့ ကျနော်လည်း ၀င် ယောင်လိုက်တာပါ။
အပြည့်အစုံသို့ ...


နှစ်ထောင့်ကိုး နှစ်ထောင့်တဆယ် တ၀ဲလည်လည်
မောင်ရစ်
ဇန်န၀ါရီ ၂၆၊ ၂၀၁၀
၂၀၁၀ နှစ်ဆန်းမှာ အမေရိကန်ပြည်ကြီးခင်ဗျာ စီးပွားကျဆင်းမှုက ရုန်းထွက်နိုင်ပြီဟဲ့ … လို့ လက်ခမောင်းများ မခတ်နိုင်ရှာပါ။ အိုဘားမားအစိုးရ ကယ်တင်ရှင်ကြီးလုပ်လိုက်တဲ့ ဘဏ်တွေ၊ ငွေကြေးလုပ်ငန်းတွေကသာ အမြတ်တွေ တထောင်းထောင်းထလို့ စံပြအလုပ်သမားခေါင်းတွေကို ဘိုးနပ်ဆိုတဲ့ ဆုကြေး ဒေါ်လာ ဂဏန်း ၈ လုံး ( ×, 00, 000, 000 ) ပေးတော့မယ်ဆိုပြီး တဖောင်းဖောင်း လက်ခမောင်းသံ ထွက်လာပါတယ်။
အပြည့်အစုံသို့ ...


ငန်းရိုင်းသုံးကောင်
မောင်စွမ်းရည်
ဇန်န၀ါရီ ၂၆၊ ၂၀၁၀
ငန်းရိုင်းသုံးကောင်
ရင်ဘောင်တန်းရင်း
တောတန်း တောင်လျှိုး၊ မိုးကိုဖေါက်ဝင်
အပျံသင်ခဲ့
ကောင်းကင်မှုန်မှိုင်း၊ မုန်တိုင်းတွေနဲ့
မိုးကြိုးနဲ့
မီးလျှံတွေနဲ့၊ မီးခိုးနဲ့။
အပြည့်အစုံသို့ ...

နိုင်ငံရေးနဲ့ စာပေအနုပညာ (၅၁)
ဘာသာရေးနှင့် နိုင်ငံရေး ဆက်စပ်မှု
ထိန်လင်း
ဇန်န၀ါရီ ၂၆၊ ၂၀၁၀
နိုင်ငံရေးစာပေတွေ၊ နိုင်ငံရေးဖြစ်ရပ်တွေကို လေ့လာတဲ့အခါ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ သူနဲ့ဆက်စပ်ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အရေးကိစ္စတွေကို တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အကြောင်းကိစ္စတွေ အရေးအရာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်ပတ်သက်နေကြပြီး သီးခြားဖယ်ထုတ်လို့မရပါဘူး။ ပညာရေးနဲ့ စီးပွားရေး၊ လူမှုရေးနဲ့ အုပ်ချုပ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေး၊ နိုင်ငံရေးနဲ့လွတ်လပ်ရေး စသဖြင့် အားလုံး ဆက်စပ်နေတဲ့အရာတွေက အများကြီးပါ။
အပြည့်အစုံသို့ ...

လက်ရှိရာဘာဈေး ပြန်လည်ဦးမော့လာ
Wed 27 Jan 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
၂၀၀၈ ခုနှစ် အောက်တိုဘာလခန့်က အဆမတန်ကျဆင်းသွားသည့် ရာဘာဈေး သည် ယခုလမှစပြီး အမြင့်ဆုံးဈေးသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ရာဘာ ခုတ်လှဲခွင့်နှင့် ရာဘာသစ်သားထုတ်လုပ်ရောင်းချခွင့်အတွက် ငွေပေးနေရ
Wed 27 Jan 2010, တော်လဝီ
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များ အထူးသဖြင့် သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်များမှ ရာဘာခြံရှင်များ၏ အပင်အိုများကို ခုတ်လှဲလိုလျှင်နှင့်..
ထိုင်းနယ်စပ်ရှိ ယာယီဒုက္ခသည်များကို နေရပ်ပြန်ထားမည်
January 26, 2010 – 8:16 am | No Comment

ဇန်န၀ါရီလ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ပြီးခဲ့သောနှစ်က ထိုးစစ်ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည့် စစ်ပြေးကရင်ဒုက္ခသည်များကို မြန်မာပြည်ဘက် ခြမ်းသို့ ပြန်ထားမည်ဟု ထိုင်းအာဏာပိုင်များက ယနေ့တွင် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲ ပြည်နယ်အနှံ့ ကျင်းပမည်

၁၊၂၇၊၂၀၁၀

တာကလူး(နိရဉ္စရာ) ယခုနှစ်တွင် ကျရောက်သည့် ရခိုင် ရိုးရာ ရထားဆွဲပွဲကို ရခိုင်ပြည်နယ် အနှံ့အပြားတွင် အမျိုးသားရေး စိတ်ဓါတ် မြှင့်တင်သည့် အနေဖြင့် ဇန္န၀ါရီလ ၂၅ ရက်နေ့မှ စတင်ကျင်းပ လျှက်ရှိကြောင်း စစ်တွေ ဒေသခံ တဦးက ပြောသည်။ အပြည့်အစုံသို့

စစ်သားများ ခိုးရောင်းစားသည့် သံဆူးကြိုး ဘင်္ဂလာရဲမှ ဖမ်းဆီး

၁၊၂၆၊၂၀၁၀

တာကလူး (နိရဉ္စရာ) မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ကာရံနေသည့် နယ်စပ် ခြံစည်းရိုး စီမံကိန်းမှ စစ်သားများ ခိုးထုတ် ရောင်းစားလိုက်သည့် သံဆူးကြိုး ကီလို ၃၀၀ ကျော်ကို ဘင်္ဂလာရဲက တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်သည်။ အပြည့်အစုံသို့

‘၀’ တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်ပြော

‘၀’ တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်ပြောဝ ပြည်သွေးစည်းရေးတပ်မတော် UWSA သည် သျှမ်းပြည်အတွင်း လက်နက်ကိုင် တပ်ဖွဲ့ အားလုံးအနက် အင်အား အတောင့်တင်းဆုံး ဖြစ်သည်ဟုဆိုသော်လည်း မိမိလူမျိုး/တပ်ဖွဲ့/ နယ်မြေတခုထဲအတွက် ကိုယ်လွတ်ရုန်း ထွက်လို့မရ ဟု ပလောင်ခေါင်းဆောင် မိုင်အိုက်ဖုန်းက ပြောပါသည်။

မိုင်းလားတပ်ဖွဲ့ အထွေအထွေ အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

မိုင်းလားတပ်ဖွဲ့ အထွေအထွေ အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရမိုင်းလားတပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးမင်းအိမ် ယနေ့ မနက်ပိုင်း ၈း၃၀ ခန့်တွင် လုပ်ကြံသတ်ဖြတ်ခံ ရသည် ဟု ထိုင်းနှင့် တရုတ်နယ်စပ် သတင်းရပ်ကွက်များ ကပြောပါသည်။

ထိုင်း - မြန်မာ ချစ်ကြည်ရေးလမ်းမ ၄ ခုတိုးချဲ့ရန် အစည်းအဝေးစတင်

ထိုင်း - မြန်မာ ချစ်ကြည်ရေးလမ်းမ ၄ ခုတိုးချဲ့ရန် အစည်းအဝေးစတင်တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများ ဖြတ်သန်း၍ ထိုင်း - မြန်မာချစ်ကြည်ရေး အဓိက လမ်းမကြီး ၄ ခုတိုးချဲ့ ဖေါက်လုပ်ရန် ထိုင်းနိုင်ငံမယ့်ဟောင်ဆောင်မြို့၌ အစည်းအဝေးတရပ် စတင်ကျင်းပသည်ဟု ထိုင်းနယ်စပ်သတင်း ရပ်ကွက် ကပြောပါသည်။

ပလောင်တောင်သူများ ရိုးရာလက်ဖက်အစား ဘိန်းစိုက်ပျိုးမှုပိုများလာ

ပလောင်တောင်သူများ ရိုးရာလက်ဖက်အစား ဘိန်းစိုက်ပျိုးမှုပိုများလာဘိုးစဉ်ဘောင်ဆက် ရိုးရာလက်ဖက်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လာခဲ့သည့် ပလောင်တိုင်းရင်းသားများ ယခု အခါ ဘိန်းအစားထိုး စိုက်ပျိုးမှုပိုများလာကြောင်း ပလောင်အမျိုးသမီးအဖွဲ့က Poisoned Hills အမည်ရှိ အစီရင်ခံ စာနှင့်အတူ သတင်းစာရှင်းလင်းပွဲ တရပ်ြုပလုပ်ခဲ့ပါသည်။

ဒီနေ့ကျရောက်သော ဇာဂနာရဲ့ (၄၉)နှစ်မြောက်မွှေးနေ့အမှတ်တရ ဆုတောင်း

လူ့အခွင့်အရေး မြန်မာကွန်ရက် လူ့အခွင့်အရေး ချိုးဖေါက်ခံထားရသည် နိုင်ငံရေးအရ အကျဉ်းကျနေသူအားလုံးကို အမြန်ဆုံးလွတ်ပေးရေး တိုက်တွန်း ........

တောင်ငူမြို့ နယ်၊ သံတောင်ကြီး ကျေးရွာ အခြေစိုက် နအဖ တပ်တွင်းပုန်ကန်မှုများ ဖြစ်ပွားနေကြောင်းသိရပါတယ်။

ယနေ့ ည ၉ နာရီခန့် က တောင်ငူမြို့ နယ်၊ သံတောင်ကြီး ကျေးရွာ အခြေစိုက် နအဖ တပ်တွင်းပုန်ကန်မှုများ ဖြစ်ပွားနေကြောင်းသိရပါတယ်။ ကြပ်ပြေးမှာလွတ်လိုက်သောတပ်နှင့်ဒေသခံတပ်ကြားစတင်တိုက်ပွဲဖြစ်ပွားကြောင်းသိရပါတယ်။ တိုက်ပွဲကြောင့် ရေဒါ စခန်း ၂ ခုကို ရော့ကက်လောင်ချာ သုံးလုံးထိမှန်ကြောင်း ၊ စစ်သား ၁၅ယောက်ခန့် သေဆုံးနိင်ဖွယ်ရှိကြောင်းသိရပါတယ်။လောလောဆယ် သံတောင်ကြီး ရှိတယ်လီဖုန်းလိုင်းများကို ဖြတ်တောက်လိုက်ပြီဟုသိရပါတယ်။


more


more


more


more


more


more


more


more


more


more

ကုလ လူႛအခွင့်အရေး ကိုယ်စားလှယ် ရှေ့လ မြန်မာနိုင်ငံ သွားခွင့် ရရှိ
ကုလ မြန်မာသံအဖွဲ့ အတွက် သံမှူးကြီးတဦး အသစ် ထပ်ခန်ႛ
ရှမ်းပြည်နယ်အတွင်း ၃ နှစ်အတွင်း ဘိန်းစိုက် ဧက ၅ ဆ မြင့်မား
တောင်တွင်းကြီးမှာ ကျောင်းသား ၂ ဦး စစ်သားအဖြစ် အဓမ္မ သွတ်သွင်းခံရ
စက်သုံးဆီအရောင်းလုပ်ငန်း ပုဂ္ဂလိက ပိုင်မည်
ကလေးစစ်သား နေအိမ်ကို ပြန်လည်ရောက်ရှိ
ကိုညီညီအောင် မိသားစုနှင့် တွေ့ခွင့်ပိတ်ပင်ခံရ

မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခ) ကျော်ဇောလွင် အား အာဏာပိုင်များက မိသားစု တွေ့ခွင့်နှင့် ထောင်ဝင်စာတွေခွင့်ကို လုံးဝခွင့်မပြုတော့ကြောင်း သတင်းရရှိပါသည်။
ကိုညီညီအောင်၏ မိသားစုမှ ၂၀၁၀ ဇန္န၀ါရီလ ၁၈ ရက်နေ့တွင် ထောင်ဝင်စာ သွားတွေ့ခဲ့ရာ ထောင်မှုး ကျော်မင်းထွန်းမှ လောလောဆယ် တွေ့ခွင့်မရသေးကြောင်းနှင့် လာမည့် ဇန္န၀ါရီလ ၂၇ ရက်နေ့ (စီရင်ချမည့်ရက်) တွင် တွေ့ခွင့်ရနိုင်မည်ထင်ကြောင်း မိသားစုထံ ပြောကြားခဲ့သည်။ ထို့နောက် ဇန္န၀ါရီလ ၂၅ ရက်နေ့တွင် အမေရိကန်သံရုံး တာဝန်ရှိသူတဦးမှတဆင့် ကိုညီညီအောင်၏ မိသားစုထံသို့ ၂၇ ရက်နေ့တွင် ထောင်ဝင်စာ တွေ့ခွင့်ရမည် မဟုတ်ကြောင်း အကြောင်းကြားလာခဲ့သည်။ မိသားစုမှ ထောင်အာဏာပိုင်များထံ မေးမြန်းစုံစမ်းခဲ့ရာ ထောင်ပိုင်လေးမှ လုံးဝ တွေ့ခွင့်မရှိတော့ကြောင်း အကြောင်းပြန်ကြားခဲ့သည်ဟု သိရှိရသည်။
ကိုညီညီအောင်၏ စီရင်ချက်ကိုလည်း တရားသူကြီးမှ လက်ရှိ ရင်ဆိုင်နေရသော အမှုအား ပြန်လည် စီစစ်စရာရှိသေးသဖြင့် ၂၀၁၀ ဖေဖော်ဝါရီလ ၁၀ ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းခဲ့ကြောင်း သိရှိရသည်။
ကိုညီညီအောင်၏ မိသားစုအနေဖြင့် ထိုသို့ ထောင်ဝင်စာ တွေ့ခွင့်မရတော့သည့် အပေါ်အလွန် စိုးရိမ်နေလျှက် ရှိကြောင်းသိရှိရသည်။
ပုံမှန်အားဖြင့် အချုပ်ကျခံနေစဉ်ကာလအတွင်း မိသားစုများမှ တပတ်လျှင် တကြိမ် ပုံမှန်ထောင်ဝင်စာတွေ့ခွင့်ရရှိကြသည်။
ကိုညီညီအောင်အား ထိုသို့ ထောင်ဝင်စာပိတ်လိုက်ခြင်းနှင့်ပတ်သက်၍ အေအေပီပီ၏ အတွင်းရေးမှုး ကိုတိတ်နိုင်က ထောင်ဝင်စာမတွေ့ရတော့တဲ့အခါ အာဟာရချို့တဲ့မှုကို ခံစားရမယ့်အပြင် စိတ်ပိုင်းဆိုင်ရာအရပါ
များစွာထိခိုက်စေတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာဖြစ်တယ်။ ဒါ့အပြင် ကိုညီညီအောင်ကိုသာမက သူ့ရဲ့ မိသားစုကိုပါ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်လိုက်တာပါပဲ ဟုပြောဆိုလိုက်သည်။

No comments:

Post a Comment