2.22.2010

ဆိုင်ကယ်စီး မြန်မာမိသားစုလေးဦး ကားတိုက်မိ၍ ပွဲချင်းပြီးသေ

Photobucket
ဖေဖေါ်ဝါရီ ၂၂

ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)

ထိုင်းနိုင်ငံအနောက်ဖက် ကန်ချနဘူရီခရိုင် နှင့်လယဖန်းဆောင်ယမ်း အဝေးပြေးလမ်းမကြီး တွင်၂၀ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်က ဆိုင်ကယ်စီးလာသော မြန်မာမိသားစု၎ဦးကို ကားတိုက်မိသဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

သေဆုံးသူများမှာ အသက် ၄၀အရွယ် နိုင်သန်းဖေ၊ ဇနီး မနန်းမိုး အသက်၄၁နှစ်နှင့် အသက်၁၅နှင့် ၂၀ အကြားရှိ သားတစ်ယောက်နှင့် အသက် ဆယ်နှစ်အောက် သားငယ်တစ်ဦးတို့မှာ အမျိုးမျိုးသော ဒဏ်ရာများဖြင့် သေဆုံး နေကြသည်။

ထမင်းဆိုင်လုပ်ငန်း လုပ်ကိုင်သူ၊ အသက်၄၂နှစ်ရှိ ထိုင်းအမျိုးသား နိုင်စိုင်ယု မောင်းနှင်လာသော အမိုးဖွင့် ဟိုင်းလတ် ဘောဘော/ ၈၂၇၉ ကားက ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။ ကားမောင်းသူမှာ ထွက်ပြေးသွားခြင်းမရှိပဲ ဖြစ်စဉ် များကို ရှင်းပြလို သဖြင့် စောင့်နေခဲ့သည်ဟု ဆိုသည်။ ကားမောင်းသူက ဆိုင်ကယ်တွင် မီးထွန်းမထား သဖြင့် မမြင်ရခြင်းကြောင့် တိုက်မိကြောင်း ထွက်ဆိုသည်။

အလောင်းများ တစ်လောင်းနှင့် တစ်လောင်း ငါးပေခန့် အကွာအဝေးတွင် တွေ့ရှိရပြီး အလွန်ပြင်းထန်သော ကားတိုက်မှု ဖြစ်ကြောင်း နယ်မြေခံ ရဲအရာရှိကပြောသည်။

ရဲအရာရှိ နခိုးထဖိုင်လု၏ သုံးသပ်ချက်တွင် အဆိုပါ မြန်မာမိသားစုမှာ စုမိဆောင်းမိပြီး။ စီးပွားရေး အဆင်ပြေလာ သဖြင့် မြန်မာပြည်သို့ ပြန်သည်ဟု ယူဆကြောင်း ပြောသည်။ အဆိုပါ အလောင်းများကို စူလပ်စီ ဆေးရုံကြီးတွင် ထားရှိကြောင်း ထိုင်းရပ်သတင်းစာတွင် ဖေါ်ပြထားသည်။

No comments:

Post a Comment