2.22.2010

မေတ္တာသန့် အနာကြီးရောဂါ စောင့်ရှောက်ရေး အဖွဲ့သို့ ကိုတေ၏ အလှူငွေနှင့် ပေးစာ

သို့
မေတ္တာသန့်အဖွဲ့
မင်္ဂလာပါခင်ဗျာ....
ကျွန်တော့်နာမည် တေဇာတေပါ။ ဒိန်းမတ်ရောက် မြန်မာ လူမှုအဖွဲ့အစည်းကို ကျစ်လျစ်အောင် ကြိုးစားပြီး တတပ်တအား ၀ိုင်းလုပ်နေတဲ့ သူတစ်ယောက်ပါ။လောလောဆယ် အနေအထားအရ တတ်နိုင်တဲ့ အတိုင်း အတာတစ်ခုက အမေရိကန်ဒေါ်လာငါးဆယ်ပါ ခင်ဗျာ.... ဒါကို ကျွန်တော် မိတ်ဆွေတို့ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ Donate tab ကိုနှိတ်ပြီး ဝေဒနာသည်တွေ အတွက် ဖွင့်ထားတဲ့ အွန်လိုင်းအကောင့်ထဲကို Paypal ကနေ အခုပဲ လွှဲလိုက်ပါတယ်။ အခုလိုဝေဒနာသည်တွေ အတွက် ၀ိုင်းဝန်း လုပ်ဆောင် ပေးနေကြတာကိုလဲ ကျေးဇူးတင်၊ လေးစားဝမ်းသာပါတယ်။
မေတ္တာသန့်အဖွဲ့ရဲ့ အားထုတ်မှုကို ရဟူးဂရုတစ်ခုကနေ မေးလ်ဖတ်ရပြီး http://www.leprosyhelp.org/ ကိုလဲ ၀င်ရောက် လေ့လာ ဖြစ်ပါတယ်။ အလှူရှင်တွေ စုစုပေါင်းအယောက် ၂၀ ပဲ မှတ်တမ်းတင်ထားတာ ရှိသေးတာကို စိတ်မကောင်းစွာနဲ့ပဲ တွေ့ရပါတယ်... ဒါနဲ့ပဲ ရဟူးဂရုမှာ ဖတ်ရတဲ့မေးလ်ကို အရင်ဆုံး မိတ်ဆွေတွေဆီ ဖြန့်ဖြစ်ခဲ့ပါတယ်... လောလောဆယ်တော့ တစ်ယောက်က သူလဲ မြန်မာငွေ ငါးသောင်းလောက် လှူမယ်လို့ ပြန်ပြောလာပါတယ်။ ကျွန်တော့် မိတ်ဆွေတွေထဲက တခြားလှူမယ့် သူတွေလဲ ရှိလိမ့်ဦးမယ် လို့လဲ မျှော်လင့်ထားပါတယ်။
ကျွန်တော် လှူလိုက်တဲ့ဟာကို attachment တွဲပြီး ပို့ပေးလိုက်ပါတယ်... တဆက်တည်းမှာပဲ အကြံပြုချင်တာ တစ်ခုကတော့ လက်ရှိမြန်မာပြည်မှာ ဦးတေဇ (ထူးကုမ္ပဏီပိုင်ရှင်)၊ ဦးဇော်ဇော်စတဲ့ လုပ်ငန်းရှင် ဘောလုံးကလပ် အသင်းတွေပါ ပိုင်တဲ့ သူဌေးကြီးတွေ ရှိပါတယ်... သူတို့ဆီကို အလှူခံနိုင်အောင်ကြိုးစားကြ စေချင်ပါတယ်။ သူတို့တွေဆို ပိုပြီးတော့ လှူနိုင်ကြမှာပါ...
ဒီနေ့လှူရတဲ့ အကျိုးအားကြောင့် ဝေဒနာသည်တွေ ခံစားနေရတာကြီးတွေ သက်သာကြပါစေလို့..
ဆုတောင်းမေတ္တာပို့ရင်း
စိတ်မကောင်းစွာဖြင့်

ကိုတေ

No comments:

Post a Comment