3.02.2010

မလေးရှားနိုင်ငံရှိ အမေရိကန်သံရုံးရှေ့ မြန်မာ၂ဦး ဆန္ဒပြ

မတ်လ၂၊ ၂၀၁၀။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အမေရိကန်သံရုံးရှေ့တွင် မြန်မာစစ်အစိုးရအား အရေးယူ ဆောင်ရွက်ပေးရန် မြန်မာ၂ဦး ယနေ့ နံနက်ပိုင်းက သွားရောက် ဆန္ဒပြကြသည်။

ကွာလာလမ်ပူအခြေစိုက်၊ လူအင်အားတစ်သောင်းကျော်ဖြင့် ဖွဲ့စည်းထားသော အထွေထွေသပိတ် ကော်မတီမှ နိုင်လင်း(ခေါ်)ကိုဂျပန်ကြီးနှင့် ကိုတင်အေး တို့ ၂ဦးယနေ့ နံနက်၁၀နာ၇ီခန့်တွင် ၂၀၁၀ ရွေးကောက်ပွဲ မတရားကြောင်း၊ မြန်မာစစ်အစိုးရအား ကုလသမဂ္ဂလုံခြုံရေးကောင်စီက တရားစွဲဆို အရေးယူနိုင်ရေးအတွက် ဓါတ်ပုံနှင့် လက်မှတ်ပေါင်း တစ်သောင်းလေးထောင်ကို ရေးထိုးပြီး အမေရိကန် အစိုးရက ထိရောက်စွာ အကူအညီပေးရန် တောင်းဆိုထားသည်။

ပြောရေးဆိုခွင့်ရှိသူ ကိုဂျပန်ကြီးက “အမေရိကန်သံမှူး ကိုယ်တိုင်ထွက်လာပြီးတော့ ကျနော်တို့ တောင်းဆိုချက် ရေးသားထားတဲ့ စာရွက်များကို လက်ခံရယူသွားပါတယ်။ အမေရိကန် သမ္မတကြီး ဆီကို ရောက်အောင် ပို့ပေးမယ်လို့ ပြောပါတယ်” ဟု ပြောသည်။

အမေရိကန်သံရုံးရှေ့သို့ မလေးရှားရဲများ ရောက်ရှိလာပြီးနောက် အကြမ်းဖက်မှု မဖြစ်စေရန်နှင့် မြန်မာပြည်သားများ၏ ခံစားနေရမှုများကို စာနာနားလည်ကြောင်း ရဲများကပြောသည်။

အမေရိကန်သံရုံးသို့ လက်မှတ်ထိုး တောင်းဆိုချက် စာရွက်များကို ပေးအပ်ခဲ့သော ယနေ့လှုပ်ရှားမှုကို နာရီဝက်ကျော်ခန့် အကြာတွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။

No comments:

Post a Comment