3.01.2010

မြန်မာ အလုပ်သမားများ ဖမ်းဆီး

၁၊မတ်လ၊ ၂၀၁၀။ 
ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)

ယမန်နေ့ နေလည်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ ပါနန်းမှ ကျုံဖေါ်မြို့သို့  မြန်မာ အလုပ်သမား များ တင်ဆောင်လာသည့် ကားနှင့် ကားမောင်းသူများအား ထိုင်းရဲက ဖမ်းဆီးလိုက်ကြောင်း ယနေ့ထုတ် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။

ဘန့်ဟတ်စုပန့် အဝေးပြေးလမ်းမအတိုင်း မောင်းနှင်လာစဉ် အမှတ်၂၅၂၁ မှ တာဝန်ကျ ထိုင်းစစ်တပ်က စစ်ဆေး ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ဟိုင်းလတ်ကား အမှတ် ၆၅၃၃ တွင် ၂၀ဦးနှင့် ကားအမှတ် ၁၆၀၇တို့ပေါ်တွင် ၁၁ဦး စုစုပေါင်း မြန်မာ၃၁ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။ အသက်၄၀ အရွယ်ကားမောင်သူ နိုင်စုန်ဆပ်ကလီယာက ထိုသို့ ပို့ဆောင်ခဲ့သည်မှာ သုံးခေါက်ရှိပြီး ဖြစ်ကြောင်းနှင့် ထိုသို့ ပို့ဆောင်ခအဖြစ် မြန်မာတစ်ဦးကို ဘတ်၃၀၀၀စီ ရကြောင်း ထွက်ဆိုသွားခဲ့သည်။ အဆိုပါ ကားမောင်းသူများနှင့် ကားတို့ အား လူကုန်ကူးမှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းစာတွင် ဖေါ်ပြထားသည်။

No comments:

Post a Comment