3.06.2010

ဘန်ကောက် ယူအင်ရုံးရှေ့တွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ရဟန်းတော်များ ဆန္ဒပြ

Photobucket
မတ်လ ၆
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးကြီးရှေ့တွင် စာသင်သား ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ရဟန်းတော် များနှင့် ထိုင်း၊ နီပေါနှင့် မြန်မာစာသင်သား ရဟန်းတော်များ စုပေါင်း၍ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံအတွင်း သာသနာရေးရာများကို ကာကွယ် စောင့်ရှောက်ပေးရန် ဆန္ဒပြ တောင်းဆိုကြသည်။

မတ်လ၅ရက်နေ့ နေ့လည် ၁၀နာ၇ီကျော်မှ ၁၁နာရီကျော်အထိ သံယာတော် အပါး၈၀ ခန့်တို့ လက်ကိုင် ပိုစတာများ ကိုင်ဆောင်ပြီး ဦးစွာ ချီတက်လမ်းလျှောက်ကြသည်။ ထို့နောက် မေတ္တာပို့သကြပြီး ပိုစတာများ ကိုင်ဆောင်၍ ထိုင်သပိတ် ဆင်နွဲ့ကြသည်။

ဆန္ဒပြပွဲကို ဘန်ကောက်မြို့ ဖက်ကဆင်လမ်းခွဲတွင် တည်ရှိသော ၀တ်တစ်လုံး ကျောင်းထိုင်ဆရာတော် ဘုရားကြီး ကိုယ်တိုင် ဦးစီး ဆောင်၇ွက်တော်မူသည်။ အဆိုပါ ကျောင်းထိုင်ပုဂ္ဂိုလ်မှာ နိုင်ငံခြား စာသင်သားများကို မေတ္တာဂရုဏာ ကြီးမားစွာဖြင့် လက်ခံ စောင့်ရှောက်တော်မူအပ်သော တစ်ပါး တည်းသော ထိုင်းလူမျိုး ဘုန်းတော်ကြီးဖြစ်သည်။

ဆရာတော်က “ငါ့တပည့်တွေရဲ့ ရွာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ဗုဒ္ခဘာသာဝင်တွေကို သတ်ဖြတ်တယ် ဆိုတာ သိရတယ်၊ ဓါတ်ပုံတွေမြင်ရတယ်၊ သူတို့တွေ စိတ်မချမ်းသာဘူး၊ ဒီ့ထက်ဆိုးတာက သာသနာတော်အတွက် အထူးစိုးရိမ်ရတယ်။ အဲဒါကြောင့် ဘုန်းကြီးတို့က နိုင်ငံတကာ မိသားစုတွေ ၀ိုင်းဝန်းကာကွယ် စောင့်ေ၇ှာက်ကြဖို့ လာရောက် တိုက်တွန်းကြတာ ဖြစ်ပါတယ်”ဟု မိန့်တော်မူသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒေသတို့တွင် ဗုဒ္ခဘာသာ ဘုန်း တော်ကြီး ကျောင်းများကို မီးရှို့ခြင်း၊ ဗုဒ္ဓဘာ သာဝင်များ နေအိမ်များနှင့် စိုက်ခင်းများကို မီးရှို့ ဖျက်ဆီး ဘာသာဝင်များကို သတ်ဖြတ်ခြင်း တိုက်ခိုက်ခြင်း တို့ကို အာဏာပိုင်များနှင့် အတူ ပြုမူနေကြကြောင်း ဆန္ဒပြ ဘင်္ဂလား သံယာတော်များက မိန့်သည်။

မြန်မာစာသင်သား ရဟန်းတော်တစ်ပါးက “လက်သဲဆိပ်တော့ လက်ထိပ်နာ ဆိုသလို ဘာသာတရားကို ထိခိုက်စော်ကား လာမှုကို အတူတကွ ပူးပေါင်းဆောင်ရွက်ရမယ် ဆိုတဲ့အသိနဲ့ ဘုန်းကြီးတို့ ပူးပေါင်း ဆောင်ရွက်ကြတာ ဖြစ်ပါတယ်”ဟု မိန့်တော်မူသည်။

ဆန္ဒပြ သံယာ့တော်များ ကိုင်ဆောင်ထားသည့် ပိုစတာများတွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ပြည်နယ်၃ခုတို့တွင် မီးရှို့ဖျက်ဆီးခံရသည့် ဆင်းတုတော်များ၊ ကျောင်းများ၊ နေအိမ်များနှင့် စိုက်ခင်းပုံများကို ပြသ ရှင်းပြကြသည်။ ဘန်ကောက်မြို့ မှ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား ရဟန်းတော်များသည် ပြီးခဲ့သော ဖေဖေါ်ဝါရီ ၄ရက်နေ့က ဘန်ကောက်မြို့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပြီးဖြစ်သည်။

ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ ထုတ်ဖေါ်ဆန္ဒပြမှုမပြုလုပ်မီ အမေရိကန်၊ ယူကေ၊ ဂျပန်၊ ကိုးရီးယား၊ အိန္ဒိယနှင့် အခြား ကမ္ဘာ့နိုင်ငံအချို့တို့တွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ အစိုးရ၏ အကာအကွယ်မဲ့မှုအောက် မူဆလင် ဘာသာဝင် အများစုတို့၏ တိုက်ခိုက် ချေမှုန်းခြင်းကို ခံနေကြရသည့် ဗုဒ္ဓဘာသာဝင်များ အခြေအနေများကို သတင်းစာရှင်းလင်းပွဲများ၊ ဆန္ဒပြပွဲများဆင်ယင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ခ်ျ ရဟန်းတော်များကိုယ်စား နိုင်ငံတကာ မီဒီယာများနှင့် ယူအင်ရုံးအတွင်းသို့ စာဝင်ရောက် ပေးခဲ့သည့် ရဟန်းပျိုက “ မြတ်ဗုဒ္ဓပွင့်တော်မူတဲ့ အနောက်မဇ္ဈိမ ဒေသမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်လု နီးပါးဖြစ်သွားခဲ့ရတယ်။ ခု ဦးပဇင်းတို့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံမှာလည်း သာသနိက အဆောက်အဦးတွေကို ဖျက်ဆီး၊ လူတွေကိုသတ်၊ ဘုန်းကြီးတွေကို သတ်ပြီး နှိပ်ကွပ်နေမှုတွေဟာ သာသနာတော်ကွယ်မယ့် နမိတ်ပဲဖြစ်တယ်” ဟု မိန့်တော်မူသည်။

ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြပွဲကို ကြွရောက်လာသော ရဟန်းတော်များက မေတ္တာ သုတ်တော်ကို ပြိုင်တူ ရွတ်ဖတ် သရဇ္ဈာယ်ကြပြီး မွန်းတည့်နီးပါးချိန်တွင် အောင်မြင့်စွာပြီးဆုံးခဲ့သည်။

No comments:

Post a Comment