3.11.2010

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဥပဒေ သုံးရပ်အပေါ် တရားမျှတမှု မရှိဟုဝေဖန်

ဒေါ်အောင်ဆန်းစုကြည်က ယခုလက်ရှိ ထုတ်ပြန်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသုံးရပ်သည် ပြည်သူ လူထုများကို စိန်ခေါ်မှုသာဖြစ်၍ ပြည်သူလူထုများ အနေဖြင့် ဥပဒေများကို တညီတညွတ်တည်း ရင်ဆိုင် သွားရမည်ဟု ပြောခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နေ့လည်ပိုင်းတွင်တွေ့ဆုံခဲ့သူ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရရဲ့ အခုထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်တဲ့ သဘောမျိုးဖြစ်နေပြီး ဒါဟာ ဥပဒေရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့ ပြောခဲ့ကြောင်း ပြန်လည် ပြောပြခဲ့ပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က NLD ခေါင်းဆောင်များကို ညွှန်ကြားခဲ့တာကိုတော့ လက်ရှိ အခြေအနေမှာ ထုတ်ဖေါ်ပြောပြနိုင်ခြင်း မရှိသေးကြောင်း ဦးဥာဏ်ဝင်း က ပြောပြခဲ့ပါသည်။ ဦးဥာဏ်ဝင်းက ဆက်လက်ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုဥပဒေ သုံးရပ်သည် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး အကျဉ်းသားများ အပေါ် တရားမျှတမှု မရှိသော ဖိနှိပ်သော ဥပဒေဖြစ်သည်ဟု ဝေဖန်ပြောဆိုသွားခဲ့သည် ဟု ပြောပြပါသည်။
ထိုဥပဒေသုံးရပ်ကို သေချာစွာ ဖတ်ရှုပြီးနောက် အထက်ပါ ဝေဖန်ချက်များ ပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ပျက်အားလျှော့သော မည်သည့် အရိပ်အယောင်ကိုမျှ ပြသခဲ့ခြင်းမရှိဟု ဦးဥာဏ်ဝင်းက အထူးပြု ပြောပြခဲ့ပါသည်။
တဆက်တည်းမှာပင် နအဖက ၏ ပြည်တွင်း သတင်းဌာနများက ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် ကော်မရှင် ဥက္ကဌအဖြစ် ယခင်စစ်တပ် ဗိုလ်မှူးကြီးဟောင်းနှင့်  တရားရေးဝန်ကြီးဟောင်း ဦးသိန်းစိုးသည် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဖြစ်လာခဲ့သည်ဟု သိရပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment