3.11.2010

အမည်မသိ လူသတ်သမားများကြောင့် မြန်မာအလုပ်သမားတစ်ဦး ပွဲချင်းပြီးသေဆုံး

Photobucket
မတ်လ ၁၁
ဘန်ကောက်မြို့ အနီး စမူပါကန် နယ်မြေ အမှတ်၅ ရှိဖက်ကစံရွာ အိမ်အမှတ် ၅/၂ တွင် နေထိုင်သည့် မြန်မာ အလုပ်သမား တစ်ဦးအား အမည်မသိလူသတ်သမား ၃ဦးက လာရောက်သတ်ပစ်ခဲ့ကြောင်း ယနေ့ထုတ် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။
အိမ်နီးချင်း မျက်မြင်သက်သေများ အဆိုအရ မြန်မာအလုပ်သမား အသက်၂၄နှစ် အရွယ် အောင်မိုးမင်း ဆိုသူ နေထိုင်သည့် အခန်းသို့ ပြီးခဲ့သည့် သန်းခေါင်ယံအချိန်က အမည်မသိ အသက်၂၀ ကျော်အရွယ် လူငယ် ၃ဦး ရောက်ရှိလာခဲ့သည်။
အခင်းဖြစ်ပွားသည့် အခန်းနှင့် မနီးမဝေးသည့် ထမင်းဆိုင်တွင် လူသတ်သမားဟု ယူဆရသူ ၃ဦးကခဏ နားနေပြီး အခြေအနေကို စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် သေဆုံးသူကို လက်ပြန်ကြိုးတုတ်ပြီး ယာဘက်နံစောင်းတွင် ဓါးဖြင့် ထိုးသတ်ခဲ့ပြီး များမကြာမီ အချိန်အတွင်း လျှင်မြန်စွာ ပြန်လည် ထွက်ခွာသွားကြကြောင်း မျက်မြင်သက်သေက ပြောဆိုသည်။ အဆိုပါ သုံးဦးမှာ မြန်မာ သို့မဟုတ် ထိုင်းဟူ၍ တိတိကျကျမသိကြောင်း လည်းဆက်လက် ပြောဆိုထားသည်။ နယ်မြေရဲစခန်းမှူး ထိုင်ချနုန် ၀ယ်လို လပ်စုပွန်က သေဆုံးချိန် တစ်နာခန့်သာ ကြာသေးကြောင်း သတင်းထောက်ကို ပြောသည်။ မည်သို့သော အကြောင်းကြောင့် လူသတ်မှု ဖြစ်ကြောင်းနှင့် တရားခံများ မည်သူဖြစ်သည်ကို စုံစမ်းမည် ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။
သေဆုံးသူမှာ V LPK 2003 ကုမ္ပဏီတွင်လုပ်ကိုင်သော မြန်မာအလုပ်သမားဖြစ်ကြောင်းကိုသာ ဖေါ်ပြ ထားပြီး လုပ်ငန်း အမျိုးအစားကိုမူ သီးခြား ဖေါ်ပြထားခြင်းမရှိပါ။

No comments:

Post a Comment