3.23.2010

အိန္ဒိယကား ကုမ္ပဏီနှင့် နအဖတို့စာချုပ်ချုပ်ဆို

Photobucket
မတ်လ ၂၃ ၊ ရန်ကုန်။
အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ကားကုမ္ပဏီကြီးတခုဖြစ်သော Tata Motor Limited နှင့် အမှတ်(၂) စက်မှု ဝန်ကြီးဌာန ဒီဇယ်အင်ဂျင် ထုတ်လုပ်မှု လုပ်ငန်းဌာနတို့သည် အကြီးစားမော်တော်ယဉ်များ ထုတ်လုပ်ခြင်း ဆိုင်ရာ သဘောတူစာချုပ်တရပ်ကို နေပြည်တော်တွင် မနေ့က လက်မှတ်ရေးထိုး ခဲ့ကြကြောင်း ယနေ့ထုတ် နအဖ သတင်းစာများတွင် ဖေါ်ပြပါရှိပါသည်။
ရင်းနှီးမြှပ်နှံမှု ပမာဏမှာ ဒေါ်လာသန်းနှစ်ဆယ်ဘိုးခန့်ရှိမည်ဖြစ်ပြီး  မကွေးစက်မှုဇုံနယ်မြေတွင် စက်ရုံကို ဆောက်လုပ်သွားမည်ဟု ဆိုပါသည်။
ထိုသဘောတူလက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့သော အိန္ဒိယသံရုံးမှ အရာရှိတဦးက လာမည်၂၀၁၁ လဆန်းပိုင်းတွင် စတင်ရန် မျှော်လင့်ထားကြောင်းပြောပါသည်။ အမည်ထုတ်ဖေါ်ပြောဆိုရန် ငြင်းဆိုသော အခြားအရာရှိတဦးကမူ ထိုအစီအစဉ်မှ အစပိုင်းတွင် တနှစ်လျှင် တန်၂၀ ၊ ၃၀ ထရပ်ကား ၁၀၀၀ခန့် ထုတ်လုပ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် တနှစ်လျှင် စီးရေ ၅၀၀၀ အထိ ထုတ်လုပ်သွားရန် ရည်ရွယ် သည်ဟု ဆိုပါသည်။
ရင်းနှိးမြှပ်နှံမှုဆိုင်ရာ အချက်အလက်များကို တိကျစွာ ဖေါ်ထုတ်ပြောဆိုခြင်း မရှိသော်လည်း အဆိုပါ ကားထုတ်လုပ်ရေး အစီအစဉ်၏ ရင်းနှီးမြုပ်နှံငွေမှာ အိန္ဒိယ အစိုးရမှ ထုတ်ချေးငွေ ဖြစ်နိုင်သည်ဟု သံတမန်ရပ်ကွက်နှင့် စီးပွါးရေး ကျွမ်းကျင်သူများက ယူဆကြပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment