3.23.2010

NLD မှ အထူးထုတ်ပြန်ကြေငြာချက်ထုတ်ပြန်

Photobucket
မတ်လ ၂၂။ ရန်ကုန်
NLD မှ အထူးထုတ်ပြန်ကြေငြာချက် တစောင်ကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ချက်တွင် ယခုလ ၁၇ ရက်နေ့က NLD ပါတီဥက္ကဌ ဦးအောင်ရွှေမှ နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာတစောင်ပေးပို့၍ NLD ၏ရှေ့လုပ်ငန်းစဉ်များကို ဆုံးဖြတ်နိုင်ရန်အတွက် ထိမ်းသိန်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှူဆောင်များ အစည်းအဝေးလုပ်နိုင်ရန် ခွင့်ပြုပေးပါရန် တောင်းဆိုခဲ့သော်လည်း ယခုအချိန်အထိ အကြောင်းပြန်ကြားမှု မရှိသေးသည့်အပေါ်ထုတ်ပြန်ကြေငြာခြင်း ဖြစ်သည်။ 
ထင်ရှားသောNLD ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးဝင်တင်က ထိုကိစ္စနှင့်ပါတ်သက်၍ ဗဟိုကော်မတီ အနေဖြင့် လာမည့်၂၉ရက်နေ့တွင် ပြုလုပ်မည့် အီးစီစုံညီ အစည်းအဝေးမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ရယူရန်လိုသည်ဟု ဆိုပါသည်။ ထိုအစည်းအဝေးသည်လည်း ရွေးကောက်ပွဲအတွက် မှတ်ပုံတင်မတင်ကို ဆုံဖြတ်ချက်ရယူမည့် အစည်းအဝေးဖြစ်ပါသည်။ 
၎င်းက ဆက်လက်ပြောရာတွင် ဗဟိုကော်မတီ အများစုသည် သဘာဝမကျသော ရွေးကောက်ပွဲ ဥပဒေ များကြောင့် ပါတီမှတ်ပုံတင်ရန် စိတ်ထက်သန်ခြင်း မရှိဟုဆိုပါသည်။ 
NLD၏ ဗဟိုကော်မတီကို  ဇန်နဝါရီလ ၁၄ရက်နေ့က မူလ ၁၁ဦးမှ ၂၀ဦးအထိ တိုးချဲ့ ဖွဲစည်းခဲ့ပြီး၊ စီစီ အရေအတွက်ကိုလဲ မတ်လ ၃ရက်နေ့မှစ၍ ၁၀၀ဦးအထိ တိုးချဲ့ခဲ့ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင်သတင်းလွှာ)

No comments:

Post a Comment