4.17.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Burma river
ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ Asia World ကုမ္ပဏီရုံးမှာ ဒီကနေ့မနက် အစောပိုင်းက အနည်းဆုံး ဗုံး ၄ လုံးလောက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးနဲ့ မော်တော်ယာဉ်အချို့ ပျက်ဆီးခဲ့ပါတယ်။

Many Burmese refugees seek a better life for their children
P.J. Crowley (file)

အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲ မဝင်လိုက်တဲ့အတွက် နောက်ဆုံးနေ့များ ရောက်သွားပြီ၊ နိဂုံးချုပ်သွားပြီလို့ အာဏာရှင်အောက်ဆွဲတွေက ဝမ်းသာအားရ လက်ခမောင်းခတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီပါတီကြီးဟာ... အပြည့်အစုံသို့

သင်္ကြန်အကျနေ့က ခမောက်လှုပ်ရှားမှု ဓာတ်ပုံ..


သင်္ကြန်အကျနေ့က မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ တို့မှ ရန်ကုန်မြို့နှင့် နယ်မြို့များမှာ ဒေါ်အောင်ဆန်းစုကြည် ပိုစတာကပ်ခြင်း၊ ခမောက်ဝေခြင်း၊ စီဒီအခွေများ ဖြန့်ဝေခြင်းများကို ပူပေါင်း လုပ်ဆောင်ခဲ့ကြတုန်းက ဓာတ်ပုံအချို့ပါ။
အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်းမတင်ပြနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝေတဲ့သူတွေ လုံခြုံရေးနဲ့ လက်ခံရယူသူတွေ လုံခြုံရေးအတွက်ပါ။ နတ်မောက်မှာဝေတဲ့ သံဃာလေးပါးကို နောက်တနေ့မှာ မဝတက လာရောက်စုံစမ်းတဲ့ အတွက် တိမ်းရှောင်နေရပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းဝန်းကျင် ဗုံးများ ဆက်တိုက်ကွဲ

မြစ်ဆုံရေကာတာ စီမံကိန်းဝန်းကျင် ဗုံးများ ဆက်တိုက်ကွဲ

ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်း ဆောင်ရွက် နေသည့် အနီးဝန်းကျင်တွင် ယနေ့နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မြစ်ဆုံရေကာတာ
ထိတ်လန့်မှုများနှင့် အဆုံးသတ်ခဲ့ရသည့် သင်္ကြန်မှတ်တမ်း

ထိတ်လန့်မှုများနှင့် အဆုံးသတ်ခဲ့ရသည့် သင်္ကြန်မှတ်တမ်း

မြန်မာ သက္ကရာဇ် ၁၃၇၁ ခုနှစ်မှ ၁၃၇၂ ခုနှစ်ကို ကူးပြောင်းတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ကာလက အကြမ်းဖက် ဗုံးဖောက်ခွဲမှု၊ပြည်သူများ အထိတ်တလန့် ဖြစ်မှုတွေနဲ့ ပြီးဆုံးခဲ့ပါတယ်။

သင်္ကြန် အတက် မန္တလေးမှာ မိုးသက်လေပြင်းကျ

သင်္ကြန် အတက်နေ့ နံနက် စောစောက မိုးသက်လေပြင်း တိုက်ခတ်ခဲ့သည့် အတွက် မန္တလေးမြို့ ကျုံးမြောက် ဘက်ခြမ်းရှိ ရေကစား မဏ္ဍပ်တချို့ ပြိုကျပျက်စီး ခဲ့ကြောင်း သိရသည်။

ကန်တော်ကြီး ဗုံးပေါက်ကွဲမှုတွင် မယက ဥက္ကဋ္ဌ ဒဏ်ရာရရှိ
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ယနေ့ကျရောက်သည့် သင်္ကြန်အကြတ်နေ့ ... 
အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
ဧပြီ ၁၇၊ ၂၀၁၀
ပါတီရှင်သန်ရေးမှသည် ဒီမိုကရေစီရှင်သန်ရေးသို့ အင်န်အယ်ဒီပါတီ၏အရွေ့
          သင်္ကြန်တွင်း အချိန်ရသလောက်မှာ အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဟံသာဝတီဦးဝင်းတင်နဲ့ စကားပြောဖြစ်ပါတယ်။ မေးခွန်းတွေ မေးဖြစ်တယ်။ ပါတီရဲ့ အပြောင်းအလဲတွေ၊ ရပ်တည်မှုတွေနဲ့ ဆရာပြောခဲ့တဲ့ ခွင် ၄ ခွင်၊ ထောက် ၄ ထောက်ထဲက ပါတီတွင်း တည်ဆောက်ရေးအလားအလာကို ပြောဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 


လိုင်ဇာ အ၀င်
လင်းခိုင်
ဧပြီ ၁၇၊ ၂၀၁၀  တရုတ်မြန်မာ နယ်စပ် လိုင်ဇာမြို့ရှိ စစ်ဆေးရေးဂိတ် မြင်ကွင်း။ ကချင်လက်နက်ကိုင်အဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့ အပစ်အခတ် ရပ်စဲခဲ့သည့် ၁၉၉၄ ခုနှစ် မတိုင်မီက လိုင်ဇာသည် ရွာလေး တရွာသာ ဖြစ်သည်။ (ဓာတ်ပုံများ - လင်းခိုင်)
ကချင်သူပုန်အဖွဲ့၏ ဌာနချုပ် တည်ရှိရာ ‘လိုင်ဇာ’မြို့ကို မြစ်ကြီးနားက တဆင့် သွားရသည်။ ထိုနေ့က မြစ်ကြီးနားကို ရောက်တော့ နေ့ ၁၂ နာရီ ထိုးပြီ။ ကားနဲ့ ခရီး ဆက်ထွက်မည်။
အပြည့်အစုံသို့ ...
ဒေါ်စုအိမ်၏ တဘက်ကမ်း အင်းလျားကန်တွင် NLD အဖွဲ့ဝင်တို့ ငါးလွှတ်
ဓာတ်ပုံသတင်း
ဧပြီ ၁၇၊ ၂၀၁၀  ယနေ့နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ဘက်သို့ လှမ်းကြည့်နေသော NLD အဖွဲ့ဝင် တဦး။ ယနေ့ ကျရောက်သည့် နှစ်ဆန်းတရက်နေ့တွင် NLD အဖွဲ့ဝင်များက အင်းလျားကန်သို့ သွားရောက်ပြီး ငါးလွှတ် ကုသိုလ်ပြုကြသည်။(Reuters)
အပြည့်အစုံသို့ ...
မင်္ဂလာ အမိမြန်မာပြည်
ရေးစပ်သီဆို - မာမာအေး၊ တေးဂီတ - ရွာစားကျော် ကျော်ကျော်နိုင်၊ စက်ပိုင်းဆိုင်ရာ ကိုကျော်သက်
တေးသရုပ်ဖော် ရုပ်သံ - မိုးမခမီဒီယာ
ဧပြီ ၁၇၊ ၂၀၁၀

သေဆုံးသူများအနက် မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးပါဝင်၊ ဒဏ်ရာရသူအရေအတွက် ၁၂၅ဦး
မိုးမခအထောက်တော်၊ ရန်ကုန်
ဧပြီ ၁၆၊ ၂၀၁၀
ယမန်နေ့ညနေ ကန်တော်ကြီးစောင်း သင်္ကြန်မဏ္ဍပ်ရှေ့၌ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် သေဆုံးသူများအနက် မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူးတဦးပါဝင်ကြောင်း ယနေ့ထုတ် သတင်း စာပါ နာရေးကြော်ငြာအရ သိရှိရသည်။          
အစိုးရပိုင် တီဗီနှင့် သတင်းစာကြေငြာချက်အရ ၈ဦးသေဆုံးသည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး အမျိုးသား ၅ဦး အမျိုးသမီး ၃ဦးဟုပါရှိသည်။ ထိုသေဆုံးသူ ၈ဦးအနက် မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဖြစ်သူ အငြိမ်းစား ဗိုလ်ကြီး သန့်စင်သိမ်း (၃၂နှစ်) ပါဝင်ခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမ သတင်းဌါန၏ ဖေါ်ပြချက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် အေးချမ်းသာယာရေး ကောင်စီ ဥက္ကဌဖြစ်သူ ဦးကျော်ငြိမ်းလည်း ဒဏ်ရာရရှိသူများ အနက်ပါဝင်ကြောင်းသိရသည်။
အပြည့်အစုံသို့ ...


ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲရာ သွားရောက်ကြည့်ရှုသူအချို့ကို စစ်တပ်က ဖမ်းဆီးထားဟု ဆို
စစ်အာဏာရှင်တို့၏ နိုင်ငံရေးအကြမ်းဖက်ရန်လုပ်ကြံမှု ဓာတ်ပြားဟောင်းဖွင့်ပြီလားဟု သံသယရှိကြ
မိုးမခအထောက်တော် ၀၀၃
ဧပြီ ၁၆၊ ၂၀၁၀
ယမန်နေ့ ညနေက ရန်ကုန်၊ သိမ်ဖြူ၊ ကန်တော်ကြီးပတ်လမ်းရှိ သင်္ကြန်မဏ္ဍပ်တခုရှေ့၊ နေ့ခင်း ၃ နာရီခန့်က ဗုံးများ ပေါက်ကွဲခဲ့ရာ လူ ၈ ဦး ထက်မနည်း သေဆုံးပြီး လူ ၅၀ ကျော် ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အခင်းဖြစ်ပွားရာသို့ လာရောက် ၀ိုင်းဝန်း ကြည့်ရှုသူများ၊ ကူညီ ကယ်ဆယ်ရေး လုပ်သူများထဲမှ ကင်မရာများနှင့် လက်ကိုင်ဖုံးများနှင့် မှတ်တမ်းတင်၊ ရိုက်ကူး ပြောဆိုနေသူ လူကြီး လူငယ်အချို့ကို လုံခြုံရေးလာရောက် ယူထားသော လက်နက်ကိုင်စစ်သားများနှင့် အရပ်ဝတ်ထောက်လှမ်းရေးတို့က တားဆီးခြင်း၊ ဖမ်းဆီး ထိန်းသိမ်း ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု မျက်မြင်တို့က ပြောကြားသည်။ ပျောက်ဆုံးနေသူများအတွက် သက်ဆိုင်ရာတို့က မည်သို့စုံစမ်းရန်၊ သတင်းပို့ကြရန် လမ်းညွှန်ချက်မပေးသော်လည်း အစိုးရရုပ်မြင်သံကြားတွင်မူ လုံခြုံရေးအဖွဲ့များထံ မသကာင်္ဖွယ်ရာများကို အကြောင်းကြားကြရန် တောင်းဆိုထားသည်။
အပြည့်အစုံသို့ ...
 



more



more



more



more

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လူထုရှင်းလင်းပွဲလုပ်
နိုင်ငံတကာလွတ်္ဘငိမ်းချမ်းသာခွင့် အဖွဲ့ ဦးစီး္ဘပီး ကန်ႛကွက်ဆန္ဒပြ
၃၅ နှစ်အတွင်း မြန်မာ့သစ်တော ဧရိယာ ၂၀ ရာခိုင်နှုန်းခန်ႛလျှော့
မြန်မာအပၝအဝင် ၃ နိုင်ငံခရီးစဉ်ကို ငလျင်ဘေးကြောင့် တ႟ုတ်ဝန်ကြီးချုပ်ေ႟ွှ့ဆိုင်း

No comments:

Post a Comment